"အလွမ်းပန်းဖြူ"

.
အချစ်မှာအပြစ်ရှာပြောတတ်ရင် ပေါပါဘိသနဲ့
ကြည့်မရအပြစ်မြင်ကာ ချစ်ချင်တာတောင်မှ
အပြစ်ဆင်ကာဖုံး လုံးလုံးမုန်းလိုက်မယ်။

အပြုံးတစ်သိုက်နဲ့ မသုံးထိုက်တဲ့အမုန်းတွေကို
သုံးနေဖို့မလိုတဲ့အခါ ငိုမဲ့အရာတွေကိုတောင် ယောင်လို့ပြုံးမိတယ်။
သုံးမိတဲ့အပြုံးတွေနဲ့ အဆုံးလေရှာမတွေ့တဲ့အခါ
နုံးနေငါမချိတဲ့အဖြစ်ကွယ့်
အချစ်နဲ့တစ်နေ့မှာတွေ့မလား
မမေ့အားတဲ့ဘ၀မှာ ညဟာလည်းအမြဲပဲမှောင်နေလေရဲ့
ရှောင်ပေမဲ့တားမရခဲ့ များလှတဲ့ဒါဏ်ချက်တွေမှာ အခါခါလဲကျ
ငါသာပဲဘ၀ဟာခါးသလားကွယ်။

ဒါဟာလည်းအမှားပါပဲ..
သကြားမပါတဲ့ ကော်ဖီတောင်မှ အလှဆိုတာရှိရဲ့
ငါမသိတဲ့အပျော်တွေဟာ တော်ရာမှာပုန်းရော့ထင်...။
အဆုံးမဲ့တဲ့မျှော်လင့်ခြင်းတွေနဲ့ အတော်အသင့်တော့ရင့်ကျက်ခဲ့ပါပြီ။
သင့်အတွက်မနက်ဖြန် ဆက်ရန်ရှိသေးသည်လို့
ကိုယ့်ကိုယ်ကို အားပေး စကားလေးတွေပြောနေမိတယ်
သတိရယ်မပြတ်ပဲ ထပ်တလဲ လဲမကျစေဖို့
ဝေလို့ပွင့်လာတဲ့ ဇီဇ၀ါအဖြူတွေနားမှာ ရနံ့ရှိုက်
အခိုက်အတန့် အလွမ်းတွေကို ပန်းလိုသဘောထား
ဘုရားမှာလှုလိုက်ပါတယ်။ ။

Comments

သကြားမပါတဲ့ ကော်ဖီတောင်မှ အလှဆိုတာရှိရဲ့
ြ ဒီစာသားတော့ကြိုက်တယ်ဗျို. အလှဆိုတာ ကြည့်သူအပေါ်မှာပဲ မူတည်ပါတယ်ဗျာ။
ကောင်းလိုက်တာဗျာ။
အကြာကြီးဖတ်သွားတယ်။
pandora said…
အလွမ်းတွေကို ဘုရားမှာ လှူလို့ရသလား
ပန်းတွေကတော့ ဝေလိုက် ကြွေလိုက်ပါပဲ
thihanyein said…
တစ်ပုဒ်လုံးကိုကြိုက်တယ်ဗျာ***
ရေးတတ်တွေးတတ်ပါဘိ***
အထပ်ထပ်ဖတ်သွားတယ်ဗျာ***
hi..bro
I also feel same as you do.
mirror said…
လှလိုက်တဲ့ကဗျာ

Popular posts from this blog

ညီမလေးနှင့် ကျွန်တော်

ကျွန်တော် အနှစ်သက်ဆုံးကဗျာ

ကျူပင်စု က ဆရာလေး