ပျစ်ပျစ်နှစ်နှစ်















ဒီမှာဂစ်တာ မင်းအကြောင်းပြောရမှာ ငါသိပ်ရှက်တယ်။ မင်းလိုပိန်းတိန်းတိန်း ဖြစ်နေတဲ့ကောင်မျိုးကတော့ ဒီလောကမှာတော်တော်ရှားမှရှားလို့ပြောလို့ရတယ်။ မင်းပြောလိုက်ရင်လည်း အရည်မရအဖတ်မရနဲ့၊ လုပ်လိုက်တော့လည်းသောက်တစ်လွဲ ပေါတောတောအလုပ်တွေချည်းပဲ။ တစ်ခုခုဆိုရင် အူတူတူနဲ့ ဘာမှကို အက်တစ်ဖ် မဖြစ်ဘူး။ ဘာသိလဲဆိုတော့လည်းဘာမှသိတာမဟုတ်ဘူး။ ဒါတောင်မှ တစ်ခါတစ်ခါ ထပြီး ကြောင်တောင်တောင်လုပ်သေးတယ်။ တစ်ကယ်တော့ မင်းက ဘာမှအနာဂတ်ရှိမယ့်ကောင်မဟုတ်ဘူး။ မင်းကိုယ်မင်းစဉ်းစားဟေ့ကောင် မင်းကိုယ်မင်းသိဖို့လိုပြီ။

မင်းမှာဘာအစွမ်းအစရှိလဲ၊ပြောလေ။ ဘာမှကြီးကြီးကျယ်ကျယ်မလုပ်နဲ့ဦး။ မင်းကိုယ်မင်းပဲ၊ လူရည်လည်အောင်လုပ်ပါဦး။အထာနပ်အောင်လုပ်ပါဦး မောင်ဂစ်တာရယ်။ မင်းကမင်းကိုယ်မင်းသိပ်ဟုတ်လှပြီထင်နေလား။ ဟားဟား..ရယ်ရတယ် ဂစ်တာ။အနည်းဆုံးမင်းက သူများနဲ့ရန်ဖြစ်တာတောင် အမြဲခံနေရတဲ့ကောင်။ အဲ့ဒါနဲ့များမင်းဘယ်သူ့ကို စိုးမိုးနိုင်လိမ့်မလဲ။ မင်းသိဖို့က မင်းကိုယ်မင်းဝမ်းစာပြည့်အောင်မလုပ်ရင် မင်းဘ၀က ဒေါင်းမှာပဲ။ အဲ့ဒါမသေမချင်းမှတ်ထား။

မင်းကတော့လေ တစ်ကယ့်ကို ငပေါပဲ။ မင်းကဘာသိသေးလို့လဲ အချစ်ဆိုတာကိုမင်းက ကိုးကွယ်ချင်လို့လား။ နိုးပဲ။ တစ်ကယ်တော့ ဘယ်သူမှအချစ်ကိုမကိုးကွယ်ဘူးကွ။ အထင်ကြီးစရာကိုပဲကိုးကွယ်တာ။ မင်းကိုဘယ်သူကချစ်မှာလဲလို့စောင့်မျှော်မနေနဲ့။ ဘယ်သူကမှချစ်မှာမဟုတ်ဘူး။ဘာဖြစ်လို့လဲဆိုတော့ ခေတ်သစ်ကမ္ဘာမှာ အချစ်ဆိုတာ ရှားပါးပစ္စည်းကွ။ ဒါကိုမင်းကရူးရူးမူးမူးဖြစ်နေတာ။ လက်ဖျားခါတယ် ငနာ။

ပြီးတော့မင်းက သိပ်စိတ်ကူးယဉ်တဲ့ကောင်၊ စိတ်ကူးနေလို့ဘာမှဖြစ်တာမဟုတ်ဘူး။ အိပ်မက်ကိုတစ်ကယ်အကောင်အတည်ဖော်မှရမှာ။ မင်းစိတ်ကူးထဲကလို မင်းရည်းစားက အရပ်ရှည်ရှည်၊ ဆံပင်အ၀ဲလေးနဲ့။ ပန်းရောင်သမ်းနေတဲ့ အသားအရည်နဲ့ကောင်မလေး ဟုတ်ချင်မှလည်းဟုတ်မှာ။ တစ်ကယ်တော့မင်းကသိပ်စိတ်ကူးယဉ်ဖို့ကောင်းတဲ့ အရွယ်တော့ မဟုတ်တော့ဘူး။

သနားစရာတော့အကောင်းသား မင်းအဖြစ်က စိုင်းစိုင်းသီချင်းထဲကလိုပဲ “မိန်းမတွေကတော့ တောင်လို့သာပုံ ငါ့အတွက်မဟုတ်တော့စောင်ကိုသာခြုံ” ဆိုသလိုဖြစ်နေပါပေါ့လား


ငါသိတယ်…မင်းကိုဘာလို့ကောင်မလေးတွေက မကြိုက်လဲ…သိလား။ မင်းက သိပ်ပြီးနုလွန်းတာကို။ မသေမချင်းမှတ်ထား။ ကောင်မလေးတွေက အနုအရွလေးတွေထက် ယောင်္ကျားပီသတာကိုမှကြိုက်တာ။ သဘောကျတာကွ။ မင်းလို အနုအရွတွေကို နှစ်ဆယ်တစ်ရာစု သမီးပျိုတွေက အိုး..ဆောရီးပါပဲတဲ့။ ကဲမင်းဘယ်လိုလုပ်မလဲ။ စဉ်းစား။။။

ပြီးတော့ မင်းကပြောသေးတယ်…မင်းကအနုပညာကိုအရမ်းသံယောဇဉ်ကြီးဆိုပဲ။ ဟားဟား ရယ်ရသေးတယ်ကွာ။ တစ်ကယ်တော့ မင်းအနုပညာက “အ”ပြီး “နု”နေလို့ “ပညာ”ပေးခံလိုက်ရတဲ့အကြောင်းတွေချည်းပါပဲလား။ ပြောင်မြောက်အောင်လေးလည်း လုပ်ပါဦးကွာ။ သိပ်မနုနဲ့။

စကားကြီးစကားကျယ်တော့မလုပ်နဲ့ မောင်ဂစ်တာ ဘာတဲ့…မင်းက “ဖီးလ်မလာရင် အီးတောင်မပါဘူး” ဆိုလား။ သိပ်ရယ်ရတယ်ကွာ။ မင်းပျင်းရင်ပျင်းတယ်ပေါ့။ သိပ်ကိုစကားထွားလွန်းတယ်။ ကျန်တာတော့ မသိဘူး။ အီးမပါရင်တော့ မင်းဘုတွေထစ်တွေထွက်လာလိမ့်မယ်။ သတိသာာထား။

ပြီးတော့မင်းကသိပ်ပြီးအစားကြီးတဲ့ကောင်။ မင်းလိုကောင်မျိုးကတော့ရှားမှရှားပဲ။ သူများတွေများစိတ်ညစ်ရင် အရက်သောက်၊ဘီယာသောက်နေတဲ့အချိန်မှာ မင်းကတော့ အစားတွေအများကြီးစားတယ်တဲ့။ ရယ်ရတယ်။ အေးလေ..။မင်းကပေါတောတောဆိုတော့ သူများနဲ့တော့ဘယ်တူပါလိမ့်မလဲ။ သနားဖို့ကောင်းလေစွ။

အားလုံးပေါင်းပြီးမင်းကောင်းကွက်ရှာတော့ တစ်ခုမှမတွေ့ဘူး။ အမြဲတမ်း ဘူ နေတဲ့ကောင်။ သောက်ကြီးသောက်ကျယ်ကလည်း သောက်ရမ်းပြောပြီး ပြီးတော့ ဘာမှလည်းဟုတ်တာလည်းမဟုတ်ပါဘူးကွာ။ မင်းကတော့ တော်တော့်ကိုသောက်သုံးမကျတဲ့ကောင်ပါပဲ။



(ပိစိ တက်ဂ်တာလေးကို ပြန်ရေးပေးထားတာပါ။ ပိစိလည်းကျေနပ်လိမ့်မယ်ထင်ပါတယ်။ ရေးတတ်သလိုရေးတာမို့ မကောင်းခဲ့ရင်လည်းခွင့်လွှတ်ပါလို့ :))

Comments

SDL said…
ယောက္ခစိ ရဲ့ သားမက် ၊ သားဂစ်ကို လာကြည့်ပါတယ်
:P:P:P
အကို ဒီလိုရေး တာကိုကြမ်းတယ်လို့မထင်ပါဘူးဗျာ။
အကို့ရဲ့  ကလောင်လက် က ရိုးစဉ်းတာ ကိုပြတာပါ ကျနော် တော့ ဒီလိုရေးတာကိုကြိုက်တယ်ဗျို့ ။
WWKM said…
မောင်ဂစ်တာရေ..
ပညာလာယူသွားပါတယ်ကွယ်။
အမလည်း မနက်ဖြန်မှ အကြွေးဆပ်ရဦးမယ်။
puluque said…
ကိုဂစ်တာရေ..ကိုယ်ကိုယ်ကို မြင်ထားတာလေးတွေ ဖက်သွားတယ်။ ကောင်းကွက်လေးတွေလဲ မတွေ့ရပါလား။ အရေးအသားကတော့ ရှယ်ပဲ.. အားကျတယ်...
ကုန်ပြီလား.. ကိုယ့်ကိုယ်ကို ဆဲဆိုပြောနေတာတွေ

အဲဒါထက်ပိုဆိုးတာကော .. သိလား
thonn thonn said…
ဟေးဟေး..ဂစ်တာကြီး အမှန်တွေပြောနေပြီ :P
ကိုဂစ်ရာ
ခင်ဗျားကတော့
တကယ်ပဲ
ပေါက်ကွဲထွက်လာလိုက်တာ...
အဆန်းပလန်းပဲဗျာ
ထူးခြားတယ်
ကြိုက်တယ်...။
ဟာဟ..ရေးထားတာရော.. ကွန်မန့်တွေရော.. လန်ထွက်နေတယ်.. ဂွတ်ထ.. ဟိုနေ့က သောက်တုန်းက.. နောက်ကျနေဘီ.. အဲဒါကြောင့် မခေါ်ဖစ်တာဗျ..
Han Thit Nyeim said…
မင်းအနုပညာက “အ”ပြီး “နု”နေလို့ “ပညာ”ပေးခံလိုက်ရတဲ့အကြောင်းတွေချည်းပါပဲလား။ ပြောင်မြောက်အောင်လေးလည်း လုပ်ပါဦးကွာ။ သိပ်မနုနဲ့။

မိုက်တယ်ဗျာ...။ စိတ်ကူးက ရှယ်ပဲဗျို့။
အားပါးပါး တကယ့်ကို ပျစ်ပျစ်နှစ်နှစ် ကြီးပါလား။ “အ”ပြီး “နု”နေလို့ “ပညာ”ပေးခံလိုက်ရတဲ့အကြောင်းတဲ့ မိုက်တယ်ဗျာ။ အဟဲ လောလောဆယ်တော့ ပညာလာယူပါတယ်ဗျာ တက်ဂ်ကြွေးတွေ ဆပ်ရဦးမှာမို့ ။
အိတာ said…
ကိုယ့်ကိုကိုယ်သိပ်ကိုချီးမွှန်းနေပါလား...
စတာပါအကိုရေ...
စိတ်ကူးလေးကြိုက်တယ်...:D

ခင်မင်လျက်
အိတာ

Popular posts from this blog

ကျွန်တော် အနှစ်သက်ဆုံးကဗျာ

ညီမလေးနှင့် ကျွန်တော်

ကျူပင်စု က ဆရာလေး