Gtalk အရှုပ်များ

ခုတစ်လော အနီးနားတစ်ဝိုက်(ကျွန်တော်ထိတွေ့ပတ်သက် ဆက်ဆံရတဲ့ပတ်ဝန်းကျင်) မှာ ဘာမှမဟုတ်တဲ့ ကိစ္စလေးတွေ ပေမဲ့ မြင်ပြင်းကပ်စရာ ဖြစ်လာတာလေးတွေ သိနေကြားနေရတယ်။ တစ်ခြားတော့မဟုတ်ဘူးဗျ။ Gmail , Gtalk နဲ့ပတ်သက်တာတွေပါပဲ။ ဒီမှာကလည်း ဒီကိစ္စပဲ ဖြစ်စရာရှိနေလားမသိဘူး။ ခဏခဏဆိုသလိုတော့ ကြားနေရတာပါပဲ။ အများစုက မနက်မိုးလင်းတာနဲ့ Google ကိုအားပေးကြရတာဆိုတော့ အချင်းချင်း တွေ့လို့ နှုတ်ဆက်ရင်တောင် Google Morning, Google afternoon, Google evening ဆိုပြီးတော့တောင် နှုတ်ခွန်းဆက်ရမယ့် ပုံပဲ။ ထားတော့။ ပြောချင်တာက အဲ့ဒါမဟုတ် User တွေအကြောင်းပဲ။ အများစုက လူငယ်တွေကြားမှာ ကြားရတာ။ ၁၇၊ ၁၈ ကနေ ၂၀ကျော်တွေထိ ဒါမျိုးတွေက တစ်ချို့တစ်လေမှာ ဖြစ်နေကြ။ ဘာတွေအရူးထကြမှန်းမသိ မလိုအပ်ပဲ သမီးရည်းစားအချင်းချင်း Gmail Password အပြန်အလှန်ပေးတဲ့ ကိစ္စပါပဲ။ တစ်ချို့ ကြတော့လည်း ကောင်းလေးတွေက ချစ်ချစ်လေးတွေကို မျက်နှာသာရအောင် password ပေးထားကြတတ်သေးတယ်။ ကောင်လေးတွေတင်ပဲမထင်နဲ့နော်။ တစ်ချို့ကောင်မလေးတွေ ကလည်း အဲ့ဒီ့လိုမျိုး လုပ်တတ်သေးရဲ့။ ရိုးသားတယ်ပေါ့။ မဟုတ်တာဘာမှ မလုပ်ဘူးပေါ့။ မင်းမှမင်းပဲပေါ့၊ မင်းတစ်ယောက်သာပေါ့ ( သီချင်းခေါင်းစဉ်ရွတ်ပြတာ မဟုတ်ပါ :P)၊ အံ့ပါ့ဗျာ။ Gmail အကောင့် ဖွင့် ပြီး ကိုယ့် password ကို သူများပေးထားရတယ်လို့။ ကိုယ့်ရည်းစားမကလို့ ဘယ်သူ့ကိုပဲပေးပေး ဒါက နည်းနည်းပေါကြောင်ကြောင်နိုင်တဲ့ကိစ္စပဲလို့ ထင်မိတယ်။ သူ့မှာ သုံးစရာမရှိလို့လားဆိုတော့လည်း မဟုတ်ပြန်ဘူး။ ဒါဆိုဘာလို့ပေးမလဲ။ ကိုယ့်မှာလည်း ကိုယ့် personal နဲ့ကိုယ်လေ။( ကိုယ့်လုပ်ချင်တာကိုယ်လုပ်မယ်။ ဘာဖြစ်လဲ ကိုယ့်လွတ်လပ်ခွင့်နဲ့ ။ ပေးချင်ပေးမယ် ။ မပေးချင်မပေးဘူးဆိုရင်လည်း ကိုယ့်သဘောနဲ့ကိုယ်ပါ။ ဘာမှမပြောလိုဘူးပါ။) ကျွန်တော်ကတော့ ကျွန်တော့် Password ကို ဘယ်သူ့မှမပေးဘူးဗျ။ ဘာလို့ပေးရမှာလဲ။ ကိုယ့်ချစ်သူမကလို့ ကိုယ့်အဖေပဲဖြစ်ဖြစ်၊ ကိုယ့် အဘိုးပဲဖြစ်ဖြစ် လုံးဝမပေး။ သေတောင်မပေးဘူး။ Mail တစ်ခုနဲ့ မိတ်ဆွေ သူငယ်ချင်းအချင်းချင်း အဆက်အသွယ်ပြုလုပ်မယ်။ လုပ်ငန်းကိစ္စတိုင်ပင်ဆွေးနွေးမယ်၊ ကျောင်းကိစ္စအတွက်သုံးမယ်။ လုပ်ငန်းသုံးမယ်(တစ်ချို့ဆို ဖုန်းမရှိတဲ့အခါ Gtalk ကို အဆက်အသွယ်ဖြစ်အောင် မဖြစ်မနေဖွင့်ထားကြရပါတယ်)။ ထားတော့။ ဘာပဲဖြစ်ဖြစ် ဒီMail တစ်ခုကို ကိုယ်သုံးချင်ရာသုံးလို့ရပါတယ်။ ဒါပေမယ့်ပေါ့လေ။ Password ကိုကိုယ့် သက်ဆိုင်သူဆီအပ်ထားတော့ ဘယ်လိုလုပ်ပြီး လွတ်လွတ်လပ်လပ်သုံးမတုန်း။ ဘယ်လိုလုပ်ပြီး သူများနဲ့စိတ်ချလက်ချ personal chatting တွေလုပ်မတုန်း။ Chatting ပြီးရင် Chat history ကိုပြန်ဖျက်လို့ရတယ်ထား၊ မရှိမဖြစ်အတွက် Chat history က On ချင် On ထားရမှာ ဆိုတော့ အလုပ်ရှုပ်ပါတယ်ဗျာ။ လူတိုင်မှာ ကိုယ့် ခင်မင်ရင်းနှီးတဲ့ မိတ်ဆွေ သူငယ်ချင်း မိန်းကလေး၊ ယောင်္ကျားလေးတွေက ရှိကြတာပဲ။ ပြောမနာဆိုမနာတွေ ပြောချင်ပြောမိတတ်ကြတာပဲ။ အဲ့ဒီ့အချိန် history တက်နေတုန်း ကိုယ့် သက်ဆိုင်သူက Disable နဲ့ ကိုယ့်မေးလ်းကိုဖွင့် ပြီးတော့ history ကနေချောင်းနေ…အဲ့ဒီမှာပြဿနာတွေက စတာပဲ။(သိတယ်နော်ပြောတာကိုး) ) သိပ်နုတဲ့ အတွဲတွေဆို ဒီကိစ္စကြောင့် ပြဿနာတွေတက်။ ဘာဖြစ်။ ညာဖြစ်။ ရှုပ်လို့ပါ။ ပတ်ဝန်းကျင်မှာ မကြားချင်လည်းကြားနေရတာပါပဲ။ ကိုယ့်ကိုယ်ကိုတန်ဖိုးထားတာတွေများ နည်းနေကြတာလား။။ ကိုယ့်ကိုယ်ကို လေစားရမှန်းမသိ ကြသလိုများဖြစ်နေကြပြီလား။ Password ကိုသူများပေးထားတော့ ဘာအကျိုးထူးသလဲ၊ လုပ်ငန်းအတွက် လည်းမဟုတ်။ အနည်းဆုံးကတော့ ပြဿနာ မတက်ရင်တောင် အလုပ်ရှုပ်ပါတယ်ဗျာ။ အဲ့ဒီ့သမီးရည်းစားတွေရဲ့ လုပ်ပုံတွေကို တွေးကြည့်လို့ရတယ်။ ကောင်လေး(သို့)ကောင်မလေး ကသူ့ချစ်သူကို အကောင်းမြင်စေဖို့ သူ့ပထမမေးလ်ကို ပေးထားမယ်။ တစ်ကယ်တော့ အဲ့ဒါကိုမသုံးဘူး။ သုံးရင်လည်းဟန်ပြပဲသုံးမယ်။ ပြီးရင် အသစ်နှစ်ခုသုံးခုကို ထပ် ဖွင့်ပြီးသုံးမယ်။ အဲ့ဒါတွေနဲ့ ပေါက်ကရတွေလုပ်မယ်၊ ပွေးမယ်၊ ကြောင်မယ်။ ပွေးပါ၊ကြောင်ပါ၊အီပါ ရပါတယ်၊(မြှောက်ပေးတာမဟုတ် စကားသက်သက်သာ)။ ဒါပေမယ့် လိုအပ်တာထက် ပိုဖွင့်ပြီးဘာလုပ်မှာလဲဗျာ။ ကိုယ့်ဘက်က ပုံမှန်ဆိုရင် တစ်ခုတည်းနဲ့လည်း ကိစ္စအများကြီး လုပ်လို့ရပါတယ်။ Gmail ကအလကားရတယ်ဆိုပြီး စွတ်ရွတ်လုပ်နေကြတာ တစ်နှစ် တစ်နှစ်ကို Gmail register လုပ်တာကို စစ်တမ်းကောက်ကြည့်မယ်ဆိုရင်တောင် မြန်မာနိုင်ငံက ရာခိုင်နှုန်း အများဆုံးဖြစ်လိမ့်မယ်ထင်တယ်။ ဒါတွေဟာလည်း တစ်ကယ်တော့ ကိုယ့်ကိုယ်ကိုယ် အရောင်မှိန်စေချင်း တစ်မျိုးပါပဲ။ ဒီကလူတွေကလည်း အလကားရ ရေအသေသောက်ဆိုသလို။ အလကားရတဲ့ Gmail ကို အသားကုန်ဖွင့်နေလိုက်ကြတာ။ ဘာနဲ့တူသလဲဆိုရင် အလှုအိမ်ကနေ ချိုင့်ဆွဲပြီး ပြန်တာနဲ့ ခပ်ဆင်ဆင်ရယ်။ အထင်ပြောရရင် ဒါမျိုးတွေက ကိုယ့် will power ကို နှိမ့်ချနေခြင်းရယ်ပါပဲ။ ကိုယ့် စိတ်ကို ပျော့ညံအောင် လုပ်နေကြသလိုလို။ Free Gmial ဟာ User တွေအတွက် အကျိုးရှိစေဖို့၊ အဆင်ပြေစေဖို့၊ ချောမွေ့တဲ့ ဆက်သွယ်ရေး အတွက်ပါ။ ဒါကို တစ်ချို့တစ်ချို့သော လူငယ်၊လူလတ်တွေက အကောင့်တွေ စွတ်ဖွင့် ကိုယ့်ကိုယ်ကို အလုပ်မရှိ မအားလပ်နိုင် လုပ်နေတာတွေ တွေ့တော့ စိတ်မသက်သာ လိုက်တာဗျာ။
သြော်…ငိုငိုရီရီ ဆန်တစ်ပြည် ဇတ်လမ်းတွေ၊ ဇာတ်လမ်းတွေ၊ ဇာတ်လမ်းတွေ၊ ဇာတ်လမ်းတွေ။

ကိုဂစ်တာ

Comments

သြဘာပေး တယ် ဗျာ ရေးထားတာ မိတယ် မိုက်တယ်ဗျို့
(အနော့် password အကို့ ကိုပေးထားတယ် နော် :P)
mway said…
မောင်လေးရေ
မင်းရေးတဲ့ gtalkအရှုပ်များ ဆောင်းပါးလေးကကောင်းပါတယ်။အွန်လိုင်းက အဖြစ်တွေကအမှန်တွေဘဲ။အမ တော့ passwordပေးတဲ့အရာကိုလက်မခံဘူး။
ဂစ်တာ
အပိုတွေမပြောနဲ့
နင် အသည်းပြဲ တဲ့နေ့က နေမကောင်းလို့ဆိုပြီးနင်မလာတော့
နင့်သူငယ်ချင်းနင့်ဂျီမေလ်းနဲ့ဝင်နေတာလေ လဒရဲ့
ငါက နင်မှတ်လို့ ပက်ပက်စက်စက်ဆဲနေတယ် ပြီးမှနင့်သူငယ်ချင်းဖြစ်နေတယ်
အဲဒါ က ဘာအရှုပ်လဲ
နင်က မှ ချီးထုပ်
ခင်မင်လျက်
မေသူ :P
အိတာ said…
ရှူပ်ပါ...အရှူပ်ထုတ်တွေ :P

ခင်မင်လျက်
အာတိ
flowerworld said…
ဟုတ်တယ်ကိုဂစ်တာရေအဲ့ဒါတွေပေါ့စိတ်ညစ်စရာကြီးတွေ ကိုဂစ်တာရေးထားတာအကုန်လုံးကိုထောက်ခံပါတယ်ဗျို့
ဖြောင်းဖြောင်း....အားပေးတာဟိဟိ
ကျွန်တော်ကတော့ ပေးဘူး။
mabaydar said…
အင်း.. အရင်က ရည်းစားရှိတုန်းကတော့ တောင်းဖူးတယ်.. ၀င်စစ်တာနဲ့ တွေ့တော့တာပါပဲ.. ဒီတော့ ကိုယ်ပဲ စိတ်ဆင်းရဲရတယ်.. နောက်တော့လဲ သူ့မှာ အကောင်းအသစ်တွေမှိုလိုပေါက်နေတာပါပဲ.. စောစောသိရတော့လဲကောင်းတာပေါ့.. ဒါပေမဲ့ နောက်တစ်ယောက်ထပ်ရမယ်ဆိုရင်တော့ မတောင်းတော့ဘူး... password ပေးတာနဲ့ ဒီလူက ယုံရတာမဟုတ်ဘူးလေ... အင်တာနက်မှာ gmail ကို အလွဲသုံးစားလုပ်နေတဲ့သူအများကြီး.. ကိုဂစ်တာပြောသလိုပဲ မှန်တဲ့သူက မှန်မှာပဲ.. Password ပေးမှမဟုတ်ပါဘူး.. Password ပေးတော့ ခင်မင်တဲ့ မိန်းကလေးသူငယ်ချင်းနဲ့ ချက်လဲ ကိုယ်ပဲ စိတ်ညစ်ရပြန်ရော.. နောက်လူရရင် အဲဒါမျိုးမလုပ်တော့ဘူး.... သင်ခန်းစာရပါ၏...
Pinkgold said…
ဟုတ်ပါ့ ဟုတ်ပါ့.. ဂျီမေလ်း password အပြန်အလှန် ပေးတဲ့ သူတွေကို ကျွန်မလည်း အရှုပ်ထုပ်တွေ လို့ပဲ သတ်မှတ်တယ်.. ပေါလည်း ပေါပါ့.. ဒါပေမယ့် တစ်ကယ်ချစ်ကြတဲ့ သူမျိုးကျပြန်တော့လည်း ရင်နင့်အောင် ခံစားတတ်ကြတာကိုးရှင့်..
tinmay said…
ဟုတ်တယ်ဗျာ..လုံးဝပေးဘူးလို့ဆုံးဖြတ်ထားတာ..
ကျွန်တော့် ပထမဆုံးရည်းစားတုန်းက ကျွန်တော့ကို ပတ်စ၀က်တောင်းတယ်. မပေးနိုင်ပါဘူးလို့..လူဆိုတာ တစ်ယောက်ကိုတစ်ယောက်အလွန်ဆုံး 50% လောက်ပဲပိုင်တာလို့ဆိုတော့.. သူကဖြတ်သွားတယ်ဗျာ..ပြီးတော့ ကျွန်တော့ account ကို ဟက်လုပ်သွားတယ်. ဒုတ်ကောက်ဗျာ.

Popular posts from this blog

ကျွန်တော် အနှစ်သက်ဆုံးကဗျာ

ညီမလေးနှင့် ကျွန်တော်

ကျူပင်စု က ဆရာလေး