ကတိ(၂)

အသစ်ထပ်မံထုတ်လုပ်လိုက်တဲ့ စီပီယူမှာ
အလွမ်းတွေ မနိုင်မနင်းဖြစ်တဲ့အခါ ထိန်းသိမ်းထားဖို့
Ram နှစ်လိုင်း အပိုပါသတဲ့။
လိုလိုမယ်မယ် လို့ထင်ပါရဲ့ကွယ်။

ကိုယ်ခရီးသွားတုန်းက ပိုကြီးသွားခဲ့တဲ့ အသက်ကလည်း
သုံးလေးငါးရက်။
ပြီးခဲ့တဲ့ အလွမ်းနဲ့ တစ်ခန်းရပ်ပြဇတ်ကိုလည်း အရှုံးပေးထားလျှက်။
အပြုံးလေးများဝေဆာဖို့ ဖြေသာဖို့ပေးတဲ့ ပန်းစည်းလည်း
အလွမ်းမီးနဲ့ ညှိုးမှာစိုးလို့ရယ်။

တိုးလို့ရယ် ချစ်နိုင်ဖို့
အငြိုးတို့ရယ် မဖြစ်နိုင်သမို့
ချစ်မိုင်တိုင်တွေစိုက်ပါ့မယ်။


ကျော်ညိုသွေး

Comments

အချစ်မိုင်တွေ ခရီးရှည် စိုက်နိုင်ပါစေဗျာ..
Angel Win said…
ခရီးကပြန်လာမှ နုနေတာ နုနေတာ
ပြီးခဲ့တဲ့ အလွမ်းနဲ့ တစ်ခန်းရပ်ပြဇတ်ကိုလည်း အရှုံးပေးထားလျှက်။
အပြုံးလေးများဝေဆာဖို့ ဖြေသာဖို့ပေးတဲ့ ပန်းစည်းလည်း
အလွမ်းမီးနဲ့ ညှိုးမှာစိုးလို့ရယ်။

စတဲ့ စာသား လေးကို နှစ်သက်မိပါတယ် ..။

Popular posts from this blog

ကျွန်တော် အနှစ်သက်ဆုံးကဗျာ

ညီမလေးနှင့် ကျွန်တော်

ကျူပင်စု က ဆရာလေး