မိုး















မိုး

လက်ဆေးမိုးပဲဖြစ်ဖြစ် တစ်ချက်ကလေးညို့လိုက်စမ်းပါမိုး
တို့အကြိုက်လန်းလာဖို့ ပျို့အထိုက် တို့စိုက်ထားတဲ့ပန်းတွေ ပွင့်လာရအောင်လို့
ယောင်လို့တောင် မညည်းဘူး ကြီးမှူးခဲ့အစဉ် ရင်ခွင်မှာ တမ်းတ
ပန်းရသမျှ လွမ်းညတစ်ညမှာ ပူလောင်အက်ရှ အသက်မက တမ်းတတဲ့မိုး။

အကြမ်းဘ၀ လှမ်းသမျှ လမ်းမမှာ ပန်းအလှတွေ နွေမှာညှိုး
မဖြေသာသမို့ ကြေညာလို့ နွေအခါတို့ တမ်းတတဲ့မိုး။

နွေတန်ခူးအလွန်မှာ မမေ့ဘူး အလွန်တရာ မစွံပါ တွန်လာတဲ့ ဥသြလည်း
ထုတ်မပြောလည်းသိမယ် အဟုတ်သဘောထဲ ငြိတွယ်နေ။
ပိတိရယ်ဝေမွန်ဖို့၊ MAY လွန်တဲ့အခါ နွေအစွန်မှာ ရေသွန်သလိုရွာလိုက်ပါမိုး။


ကျော်ညိုသွေး

Comments

"ပိတိရယ်ဝေမွန်ဖို့၊ MAY လွန်တဲ့အခါ နွေအစွန်မှာ ရေသွန်သလိုရွာလိုက်ပါမိုး။ "

စာသားလေးတွေက လန်းပါ့ဗျာ.. ကြိုက်တယ်ဗျို့
တမ်းတတစ်ဖြစ်နဲ့ လှိုက်ဖိုတိုးတဲ့
ဒီရင်ခုန်သံ စည်းချက်မှာ ..
နွေနေမင်းက ရှင်ရော်တမ်းစေအောင်
ပူနွမ်းလျတဲ့ သူ့စခန်းတပြမှာ
ထွန်းတောက်နေတော့ ..
ဥသြငှက်ငယ် သံသာကျူးမလို
အမှန်သာ ထူးဆိုတဲ့
လွမ်းစရာ့ နွေကြားမှာ
ထွေပြားစေတယ် ...
သွေဖီရာ ရာသီတစ်ကြောမှာ
သွန်းခြင်းဖြိုးလို့ အေးစေမြမဲ့
မိုးနတ်မယ်ရယ် ....
လွမ်းညတွေမှာ တမ်းတတာ
သူရယ် သိမလားလေလို့
နွမ်းလျကာ နေရှာတဲ့
ကစဥ့်ကလျား ဖြစ်စဉ်ကြားမှာ
မှန်းဆဖြာ ဆောင်ကျဉ်းလှည့်ပါ ..
မိုးမဒီရဲ့ .. သွန်းဖြိုးအလီလီကို ...။

Popular posts from this blog

ကျွန်တော် အနှစ်သက်ဆုံးကဗျာ

ညီမလေးနှင့် ကျွန်တော်

ကျူပင်စု က ဆရာလေး