အချစ်ရေး

for love



 
အချစ်ရေး
 
အလွမ်းဆိုလည်း တစ်ခန်းချင်းစီ နွေတို့တောက်တယ်။
အနမ်းဆိုလည်း ပန်းနှင်းဆီ ဝေလို့မလောက်တယ်။
ဖြေလို့မလောက်တဲ့ ဒါဏ်ရာနဲ့
ဝေလို့မောက်တဲ့ ဂန္ဓမာနဲ့
အပြန်တရာမက ပြန်လာကြသား
ကံကြမ္မာက ဖန်လာကြထား
ကြံရာမရ တံခါးပိတ်တာနဲ့
ရန်အဖြာက တစ်အားကြိတ်တာနဲ့
ခါး အဆိပ်တက်တာလည်းကြုံ
နှစ်ပါးချိတ် မက်စရာလည်းစုံ
မျက်နှာလည်း မှုန်လို့ ကောက်တာနဲ့
မျက်လွှာလည်း အစုံတို့တောက်တာနဲ့
ကြုံလို့တောက်လာခဲ့တဲ့ အပျော်နဲ့
နုံလို့ ပျောက်ကာလွဲတဲ့ အချော်နဲ့
အပျော်နဲ့လည်း တစ်ခါ
ခနော်ခနဲ့လည်း ပါ
မခွဲခွာ ကြင်ဖို့အရေးမှာ
အမြဲသာ ရင်တို့လေးစရာလည်းပါ။




ကျော်ညိုသွေး

Comments

ကာရန်လေးတွေ သုံးထားတာ တမျိုးကောင်းပါတယ်။
နွေတို့တောက်တယ်။ ဆိုတဲ့ အသုံးလေးက အဆန်းလေးမို့  ကြိုက်ပါတယ်။

Popular posts from this blog

ကျွန်တော် အနှစ်သက်ဆုံးကဗျာ

ညီမလေးနှင့် ကျွန်တော်

ကျူပင်စု က ဆရာလေး