"နံပြား"

အမှန်စားမယ်ဆို
နံပြားသာကမှ
အာဟာရပြည့်ဝတယ်လေ
ငါကမေ့မရ မပယ်ထား
ပကာသန မတွေ့ရ တစ်ကယ်ရှား

တစ်ကယ်စားမယ်ဆို
အလွယ်သားမခက်လှ
မက်စရာ့နံပြား။

မနက်အလှအမှန်စားဖွယ်
ခံစားဖွယ်တစ်ပါး
သန်လှမယ်အားရှိတယ်မို့
အများသိတယ် တို့ဆီမှာ။

ဗျို့မအီပါ
အဆီမပါတဲ့ နံပြားရယ်
တစ်အားရယ်ကို
မမှားတယ်ဆို
အိုအဟုတ် မစောင့်ရတဲ့အစား
ဗိုလ်ချုပ် တောင့်တတဲ့ နံပြား ။ ။

ကျော်ညိုသွေး

Comments

ပဲပြုတ်နံပြား စားချင်တယ်...
tartar said…
ဗိုလ်ချုပ်ကိုလည်းချစ်တယ်။ ကဗျာကိုလည်းချစ်တယ်။ နံပြားကိုလည်းချစ်တယ်။ ကဗျာဆရာကတော့ အကြောမတည့်ပါ။ :) :) :)
ဂျစ် said…
နံပြား စားချင်သွားတယ်။

ကဗျာလေးက ဟော့ရှော့ပဲ .....ဗျို့

ဘာတဲ့.....ဗိုလ်ချုပ်ချစ်တဲ့ နံပြား.....ကြိုက်၏ ။

လေးစားစွာဖြင့်
ဂျစ်တူးလေး
နံပါးကို ဖွဲ့သွားတာ ကောင်းလိုက်တာ ကိုကျော်ညိုသွေးရေ။ “ဗိုလ်ချုပ် တောင့်တတဲ့ နံပြား” ဆိုတော့ ကဗျာက ပိုလှသွားတယ်။
mabaydar said…
စကာင်္ပူမှာ နံပြားရှားလို့ လွမ်းနေတာ... ပိုလွမ်းသွားပြီ...
ပဲပြုတ်နံပြား... မလိုင်နံပြား... နံပြားထောပတ်သုတ်... လောလောဆယ် အဲဒိ ၃မျိုးစားချင်နေတယ်...
နံပြားနဲ. ဆိပ်ဆွပ်ပြုတ် ကြိုက်တယ်။

Popular posts from this blog

ကျွန်တော် အနှစ်သက်ဆုံးကဗျာ

ညီမလေးနှင့် ကျွန်တော်

ကျူပင်စု က ဆရာလေး