ညီမလေး

စိမ်းရက်စက်သူက စိမ်းရက်စက်တာကို
ဘိန်းလက်နက်ဖြူမှ မတိမ်းဆက်မက်သူလို
မလုပ်နဲ့တော့ ညီမလေး။

တွေးတတ်သင့်သလောက်လည်း
တွေးတတ်ခဲ့ပြီးပြီ။
ပေးဆပ်သင့်သလောက်လည်း
ပေးဆပ်ခဲ့ပြီးပြီ
ရွေးတတ်အောင် ရွေးပေတော့ကွယ်။

အချစ်ပြိုင်မယ်ဆို မင်းနိုင်ခဲ့တယ်
မစစ်နိုင်တဲ့ အချစ်တိုင်တွေကို ချိုးခဲ့တော့
နောက်ထပ်လည်း မဆိုးနဲ့တော့ ညီမလေး။

မင်းအလှ နဲ့ မင်းပညာ
မင်းဘ၀ နဲ့ မင်းကြင်ရာ
မင်းထင်တာတွေထက်
မင်းမြင်လာတဲ့အခါ…
အဲဒီ့အစစ်တွေကို ပစ်ကာ မငြင်းချင်ပါနဲ့။

တွေးတတ်သင့်သလောက်လည်း
တွေးတတ်ခဲ့ပြီးပြီ။
ပေးဆပ်သင့်သလောက်လည်း
ပေးဆပ်ခဲ့ပြီးပြီ
ရွေးတတ်အောင် ရွေးပေတော့ ညီမလေး

ကျော်ညိုသွေး

Comments

ဒီလက်ချာလေး အတော်ကောင်းသဗျို့။ ညီမလေးတွေကို ဖြန့်လိုက်မှနဲ့ တူတယ်။ :)
ဒီလို မျိုးလေးတွေ မဖတ်ရတာ ကြာပြီ...

Popular posts from this blog

ကျွန်တော် အနှစ်သက်ဆုံးကဗျာ

ညီမလေးနှင့် ကျွန်တော်

ကျူပင်စု က ဆရာလေး