သစ္စာစကား

ချိုရှိတဲ့ သတ္တ၀ါက ချိုကိုအားကိုးတယ်
ခွာရှိတဲ့ သတ္တ၀ါက ခွာကိုအားကိုးတယ်
အစွယ်ရှိတဲ့သတ္တ၀ါက အစွယ်ကိုအားကိုးတယ်။


ငွေကြေးဂုဏ်ပကာသန နဲ့
ပညာအရည်အချင်းနဲ့
သူငယ်ချင်း ငယ်သံယောဇဉ်နဲ့
စကားပြောကောင်းခြင်းနဲ့
ဘယ်လိုပဲဖြစ်စေ…
ကိုယ့်စွမ်းရာ ကိုယ်ရည်ကိုယ်သွေးနဲ့
အချစ်ကိုတောင်းခံ၊
ကိုယ်လုပ်တာ ကိုယ်မှန်တယ်။


ကိုယ်ပြုသောကံ ကိုယ့်ထံပြန်လာလို့
ကိုယ်တန်သလောက် ကိုယ်ရတဲ့ လောကမှာ
သဘောကျစရာ ပကာသနတွေကြားက
ဟော…ငါ့မှာ ထာဝရစကားလေးတစ်ခွန်းနဲ့
ရိုးရိုးလေး မင်းအချစ်ကို တောင်းတယ်။


အရောင်းအ၀ယ် သဘောမပါတဲ့ အချစ်နဲ့
အဖန်ဖန် မပြောင်းမပြယ်သောငါရဲ့ မှန်ကန်တဲ့ သစ္စာစကားကြောင့်
ပကာသနာပစ်ကာ အချစ်မှာ အကာဖယ်ချ လို့
ထာဝရအချစ်မှာ မေတ္တာ နှစ်လွှာရယ် တစ်ဘ၀ ဖြစ်ပါရစေ…။ ။


ကျော်ညိုသွေး

Comments

တောင်းတဲ့ဆုနဲ့ပြည့်စေ။ :)
mabaydar said…
အမယ်လေး.. အမယ်လေး.. ဖတ်ရင်း ရင်တောင် ခုန်လာတယ်... ဒီလိုရိုးရိုးနဲ့ ရှင်းရှင်း ကဗျာလေးတွေ ကြိုက်တယ်... ဒီလို ကဗျာမျိုးနဲ့ တစ်ယောက်ယောက်က မဗေဒါကို ရည်းစားစကားလာပြောရင်တော့... ဟင်း...
တစ်ပုဒ်ဆို တစ်ပုဒ်ပါပဲလား ဘကြီးရယ်။ အနှစ်တွေ များများထုတ်နိုင်ဖို့ပဲ ဆန္ဒပြုလိုက်ပါတယ်။
noblemoe said…
''သစ္စာစကား''
ကဗျာလေးဖတ်လို့ ကောင်း၏။
ကံကောင်းပါစေ သာယာချမ်းမြေ့ပါစေရန်တောင်းဆုပြုပါတယ်။
မိုး

Popular posts from this blog

ကျွန်တော် အနှစ်သက်ဆုံးကဗျာ

ညီမလေးနှင့် ကျွန်တော်

ကျူပင်စု က ဆရာလေး