မျက်နှာများတဲ့ စာအုပ်

ကဗျာတစ်ပုဒ်လောက် မရေးချင်ဘူးလားလို့မေးတော့
ကဗျာက အားတိုင်းရေးရတာလား လို့ပြန်မေးတယ်။
ဒါတွေ …ဒါတွေ ကျနော်မသိဘူး။
ဘာတွေ..ဘာတွေမှလည်း ကျနော် ရေရေလည်လည်မသိဘူး
ဒါပေမယ့် ကျနော်သိတာ တစ်ခုရှိတယ်…
သူဌေး 22 ယောက်ကန်တဲ့ဘောလုံးကို
ဆင်းရဲသားတစ်သိုက် ထိုင်ကြည့်တဲ့အကြောင်း၊
မြန်မာဘီယာဈေးတက်တဲ့အကြောင်း
နေပူလို့ တည်းခိုခန်းတွေ၊ shopping mall က fast food ဆိုင်တွေ
အင်တာနက်ကဖေးတွေ ၊ Snack bar တွေမှာ…
ရောင်းလိုအားထက် ၀ယ်လိုအားများနေတဲ့အကြောင်း
လူကြီးတွေက လူကြီးလောက်ကျန်းမာပြီး
ကလေးတွေက ကလေးလောက် ကျန်းမာတဲ့ အကြောင်း။
ပိုးလောက်လန်းတစ်ကောင်ကို တစ်ရာတန်တဲ့အကြောင်း
T.V ပေါ်က မျက်လုံးတွေပေါ်မှာ
တစ်ထောင်တန်တွေ ပလူပျံနေတယ်ဆိုတဲ့အကြောင်း
ဒီမှာHit Counter အတက်ဆုံးက
AsianBookie.com ဖြစ်တဲ့အကြောင်း
Interviewer ကို ရိုင်းရိုင်းစိုင်းစိုင်း ဆက်ဆံတဲ့
နာမည်ကျ မင်းသမီးအကြောင်း
ဟစ်ပ်ဟော့ပ်ဆိုတာ ဟစ်ဟစ်ပြီးဟော့တာဆိုတဲ့
အဆိုတော်ပေါက်စအကြောင်း
နာမည်ကို အပေါ်မတင်ပေးလို့ဆိုပြီး ကားမရိုက်တော့တဲ့
မင်းသားတစ်ယောက်အကြောင်း
တယူသန်တဲ့ကဗျာဆရာတွေအကြောင်း
ဝါ၀ါကျော်ကို ဘဲတစ်ပွေနဲ့ စိုမိုးကြေးအိုးဆိုင်မှာ တွေ့လိုက်တဲ့ အကြောင်း
အယူမှန်တဲ့ ကဗျာဆရာတွေအကြောင်း
ဘီယာတွေ ဈေးတက်တော့ ...
အကင်တွေပါ လိုက်ပြီး ဈေးတက်မှာစိုးမိတဲ့ အကြောင်း
Google Search မှာ သဝေထိုးတွေ ရိုက်မိလိုက်တိုင်း
အဲ့လို..အဲ့လို တွေချည်းပဲဆိုတာတွေ အကြောင်း။
ပြီးတော့ ခင်ဗျားကို ကျွန်တော်..
ကဗျာတစ်ပုဒ်ရေးပေးပါ တောင်းဆိုတဲ့အကြောင်း။



ကျော်ညိုသွေး

Comments

ရေးမယ်ဗျာ။ တစ်ပုဒ်။လက်တလော အမှန်တွေအကြောင်း။ :)
ဒီကဗျာ ခပ်ဆတ်ဆတ်နိုင်တယ်...ကြိုက်တယ်....မြန်မာဘီယာတိုက်မယ်...
SHWE ZIN U said…
ကောင်းတယ်ဗျာ အကြောင်းအရာ တွေကို စုံသွားတာပါ

ခင်တဲ့
ရွှေစင်ဦး
noblemoe said…
စုံပလုံစိနေတာ ကောင်း၏ ဟီးဟီး
အမှန်တွေအကုန်သိသွားပြီး ဟီးးးးးးးးးးးးး
ကြေးအိုးဆိုင်တောင် ကြော်ငြာသွားသေး
သာယာချမ်းမြေ့ပါစေနော်
မိုး

Popular posts from this blog

ကျွန်တော် အနှစ်သက်ဆုံးကဗျာ

ညီမလေးနှင့် ကျွန်တော်

ကျူပင်စု က ဆရာလေး