အခိုက်အတန့်

ပြီးခဲ့နှစ်မှာ အပြောင်းအလဲတွေတော်တော်များခဲ့တယ်လို့
ပြောတော့
ငါထက်များပြောင်းလဲဦးမလား လို့ သူငယ်ချင်းကပြောတယ်..
တစ်ခါတစ်ရံလမ်းမှာတွေ့ရင်တောင် တစ်ယောက်နဲ့တစ်ယောက်
နှုတ်မဆက်ဖြစ်ဘူး။
မင်းဘာတွေများ အလုပ်ရှုပ်နေလဲဟင်
ငါရောဘာတွေများ အလုပ်ရှုပ်နေလဲ
ငါတို့ရင်ခုန်ခဲ့တာတွေ အခုတော့ ဒီအတိုင်းပစ်ထားလိုက်ရတယ်။
သယ်ပိုးလာလိုက် ခဏပြန်ချထားခဲ့လိုက်နဲ့
ငါတို့လာရာလမ်းတစ်လျှောက်မှာ ဒီလို.. ဒီလို ရှုပ်ပွကျန်နေခဲ့။


မင်းကတော့မသိဘူး
ငါ့ရင်ဘတ်ပေါ်
ပူးကလေးက ဖြတ်ပြေးသွားလိုက်
ချယ်ရီပင်တွေက ပေါက်ရောက်ပြီး သေဆုံးသွားလိုက်
စကားဝါပင်တွေက ပေါက်ရောက်ပြီး သေဆုံးသွားလိုက်
ဒါတွေက ပြီးပါပြီ။


ပြီးပြီ။
နောက်ဆုံးစာတန်းထိုး မတင်မကျနဲ့ ဇတ်သိမ်သွားခဲ့တာတွေ
ငါ့ကိုယ်ငါ ဒါရိုက်တာလား
ဇတ်ဆောင် မင်းသားလား ငါမသိ။
ဖယောင်တိုင် မကုန်သရွှေ့တော့ ဆက်လက် တောက်လောင်နေကြရဦးမယ်။


ငါရင့်ကျက်လာတဲ့တစ်နေ့ …
ပွဲဈေးတန်းက ချားရဟတ်တွေပေါ်တက်ပြီး ပျော်ပျော်ကြီး စီးကြည့်ပါဦမယ်။
အခုတော့ စိန်ပန်းတွေပွင့် လာတာကို ငါငေးကြည့်ရင်း သဘောကျနေလေရဲ့
ဆပ်ပြာပူဖောင်းကလေးက က ကွဲအက်ဖို့အချိန်ကြာလိုက်တာကွယ်။




ကျော်ညိုသွေး

Comments

noblemoe said…
အခိုက်အတန့် ကဗျာလေး လာခံစားသွားပါ၏။
သာယာချမ်းမြေ့ပါစေနော်
မိုး
မင်္ဂလာပါရှင်..။ အချိန်ပေးပြီးလာခဲ့တဲ့အတွက်
ကျေးဇူးတင်ပါတယ်နော်..။

ခင်မင်စွာ
သဒ္ဓါ
ကဗျာလေးက နုတယ်ဗျာ..။


ခင်မင်တဲ့
နေ၀သန်
ကဗျာလေး ခံစားသွားပါတယ်။ အခိုက်အတန့်လေးတွေ ကြုံရမြဲပါ။
အဆင်ပြေပျော်ရွှင်ပါစေ..။

Popular posts from this blog

ညီမလေးနှင့် ကျွန်တော်

ကျွန်တော် အနှစ်သက်ဆုံးကဗျာ

ကျူပင်စု က ဆရာလေး