ရာသီစာ လာပြီကွာ အေ့ အေ့ Wa Ka Wa Ka eh eh This time for တစ်လုံးသမား

ဟော…ပလေးဂရောင်း မြက်ခင်းတွေပေါ်မှာ သူဌေးတွေက ပြေးလွှားလို့ ဘောကန်
သြော…ကြေးအပေါင်း တွက်ရင်းလေ ခေါ်ကာ အတွေးတွေက ဈေးကစားလို့ ဇောထန်
အသောညံ ကာ အခုညတော့ စပါပြီ ။ ဘောင်ခတ်ပြီးတော့ မောရန်။

ပလိန်း တစ်ခွက်က နှစ်ရာ ဒါပေမယ့် နည်းနည်းတော့ ခြင်ကိုက်တယ်။
ရွန်နေး ဂိုးသွင်းပြီးတော့ ဒူးထောက်ပြီး လျှော တိုက်လိုက်တာ မြင်လိုက်တယ်။
အသုံးမကျတဲ့ကောင် ဆဲဆိုပြီး မဲလို့လည်း ခြင်ရိုက်တယ်။

နှစ်ကျပ်ကွက်အသုံးတွေ နဲ့ တစ်ကမ္ဘာလုံးမှာက ငြင်းငြင်းခုန်ခုန် နျူကလီးယား
တစ်ရပ်ကွက်လုံးလေ လည်း ဆယ်ပြား ဆယ့်ငါးပြား ထပ်နေတဲ့ TV ရှေ့က လူကြီးများ
သူဌေးတစ်ယောက် ကန်လိုက်တဲ့ ဘောလုံးကြောင့် တစ်ရက်ကွက်လုံးလည်း နား ဆူပြီးသွား
ဒီအချိန်ဆို ခွေးတွေကလည်း ဘာရယ် ညာရယ် မသိ လွှတ် အူ..ပြီးသား။
အပြတ်ကွယ့် ရှုံးလေရဲ့ မနက်လင်းတော့ ဒိုင်ကိုလှုတဲ့ ဖွတ် အလှုပြီးသွား။

ကျော်ညိုသွေး

Comments

mm thinker said…
လန်းသည်၊ လန်ထွက်သည်

Popular posts from this blog

ကျွန်တော် အနှစ်သက်ဆုံးကဗျာ

ညီမလေးနှင့် ကျွန်တော်

ကျူပင်စု က ဆရာလေး