ချောကလက်အက်ဆေး

ချောကလက်အက်ဆေး
gravatar

ချစ်မိသွားပြီကွယ်…ဘာလို့များ


ချစ်မိသွားပြီကွယ်…ဘာလို့များ မင်း ဒီလိုပုံလေး နေတတ်လွန်းတယ်။
ဟော..ကြည့်
မင်းကြည့်တာတွေ လူကိုညို့လွန်း ၊ ဟောဒီမှာငါ ကြည့်မဝ
ခါးလေးကော့လို့ ၊ ရင်ကလေးမော့လို့ ၊ မေးကလေးထောက်လို့
မင်းဝတ်တဲ့အဆင် မင်း ထိုင်တဲ့ဒီဇိုင်း
Oh Guy!! Make Yourself “Stable” Yeah!
မင်းလက်ကလေးက ကီးဘုတ်ကလေးနဲ့ ထိလိုက်
ကော်ဖီခွက်ကလေး လှမ်းကိုင်လိုက်
ဝေ့၀ဲကျလာတဲ့ ဆံနွယ် ပျော့အိလေးတွေ သပ်တင်လိုက်
မျက်မှောင်ကျုံ့လိုက် ၊ မျက်လုံး ပြူးလိုက် ၊ နှုတ်ခမ်းစလေး တွန့်ပြုံးလိုက်
ဘယ်ခြေလေး ထိုင်ခုံပေါ်ကွေးတင်
ညာဘက်ပေါင်လေး အပေါ်ကထပ်တင်ပြီးခုံအောက်တွဲလောင်းချထား
အို…ညောင်းသလားကွယ်…။
မင်းမျက်ဝန်းညိုညို ရဲ့ညာဘက်အောက်ထောင့်ကိုများ ငဲ့ကြည့်သလား
မီးလင်းတဲ့မောက်စ်ကလေးကို ဆွဲကိုင်
အဲဒီ စတိုင်လ်လေး မိုက်တယ်။
ညာပေါင်လေး အသာကြွ ၊ ဘယ်ခြေလေး အသာချ
ပြီးမှ…
ညာခြေကို ဘယ်ပေါင်ပေါ် ညာသလုံးသား ချိတ်လို့
ငါမျက်လုံးများ မှိတ်ဖို့တောင် မေ့သွားတယ်။
အဲဒီ့ကောက်ကြောင်းတွေ ဘယ်ပန်းချီဆရာများ တွေ့မလားပဲ တွေးပူမိတယ်။
ဒီလိုပုံစံက မင်းတစ်ကိုယ်လုံး သွေးလှည့်ပတ်မှု့ ကောင်းစေမယ်
မင်းကျောရိုးတွေ ကော့ထားလို့ မင်းအာရုံတွေ အညောင်းပြေမယ်။


ကျော်ညိုသွေး