မုန့်လင်မယား


အစီအစဉ်ကောင်းတုန်း
ကြော်ငြာ ဖြတ်ဝင်လာသလို
ပုရစ်ဖူး အပျော်တွေကြား
ဒုက္ခက စာတမ်းလာထိုးတယ်။

အချစ်ရေ…
ဘ၀က မပြီးသေးတဲ့ ဇတ်လမ်းတွဲပေါ့
ဘ၀ဇတ်လမ်းတွဲ စဆုံးကို
စူပါမားကက်မှာ အခွေဝယ်ကြည့် သလို
ကြည့်လို့ရရင်တော့…
ဒုက္ခကနေ လွတ်/ကျွတ်မယ်။

ဟင်းဟင်း…
စာရွက်ပေါ်မှာ လောကကြီးကို လှောင်ပြောင်နေရင်းကနေ
ပြတင်းတံခါးက နေရောင်ခြည်က
မျက်နှာကိုထိုးတယ်။
လောကဓံက ဘောကန်သလိုမျိုး
ဟောဒီလို ရိုးရိုးလေးပါပဲ။
နှစ်ယောက်တည်းနဲ့ တစ်သင်းဖွဲ့ကြစို့ရဲ့
နားလည်မှု့ မလွဲကြေး။

ကျော်ညိုသွေး

Comments

လှတယ်ဗျာ ..
ချပြသွားတာ ...
Kaung Kin Ko said…
မိုက်တယ်ဗျို့။
Anonymous said…
ရီးစားကိုစည်းရုံးရေးဆင်းထားတဲ့ ကဗျာလေး ဖွဲ့ထားတာလှတယ်...
ခင်တဲ့
အန်တီ

Popular posts from this blog

ကျွန်တော် အနှစ်သက်ဆုံးကဗျာ

ညီမလေးနှင့် ကျွန်တော်

ကျူပင်စု က ဆရာလေး