ခေတ်အကြိုက် ခေတ်အလိုက် ။ ခေတ်ပေါ်လို ငါးမျှားတာ ငါးစာဟာ ပေါ့ပေါ့ပါးပါး။ ပေါ့ပ်ကွန်း တွေလို ချိုမြမြ။ ရှော်တီ မဖြစ်ပဲ ရှစ်တီ ဖြစ်သွားခဲ့ရင် ကြည့်ကောင်းဦးမယ်။ ကြည့်ကြက်ပြီး လုပ်ကြပါ။ တော်ကြာနေ စပျစ်သီးမှည့်တွေလည်း ဘယ်လောက်ချိုချို ချဉ်သွားမယ်။ ချဉ်ရာကနေ ချို ၊ ချိုရာကနေချဉ် ။ ချဉ်တူးနေတာ တင်မက ချိုတူးနေတာလည်း ရှိ။ ဦးလေး တစ်ယောက် နာမည်က ချိုတူးတဲ့။ ချဉ်တူး တာရဲ့ ပြောင်း ပြန် ချိုတူးလား။ ချို တာတွေ နှစ်ယောက်မရှိဘူးလား။ သူ့အဖေနာမည် ကတော့ ဦးချို။ ဦးချို ၊ ဦးချို(ဂျို) မဟုတ်။ သူကလည်း သမင်မဟုတ် ၊ ကျားလည်း မဟုတ်။ ကျားမဟုတ်တာက မလည်း မဟုတ် ။ ဒါပေမယ့် ယောက်ျား။ ရောက်လာပြီး ကျားဖြစ်တာလည်းမဟုတ်။ မရောက်ခင် ကျားဖြစ်တာလည်း မဟုတ်။ ဘာမှကို မဟုတ် ။ ဘာမှကို မဟုတ်တာက နတ်သင်း။ ကဗျာဆရာတွေနာမည်တွေထဲ နတ်တွေ တော်တော်များပေါ့။ သုံးဆယ့်ခုနှစ်မင်းလည်း မကတော့။ သုံးဆယ့်ခုနှစ်မင်း မကတာ ။ နတ်ကနားပွဲ မရှိတဲ့အခါ ခဏနားနေတာပေါ့။ ဒါမှမဟုတ် သုံးဆယ့်ခုနှစ်မင်းမက တာ သုံးဆယ့်ရှစ်မင်း သို့မဟုတ် ပမာဏ တစ်ခုခု။ ဒါမှမဟုတ် သုံးဆယ့်ခုနှစ်မင်းမကတာ ဆိုင်းမတီးလို့ မကဖြစ်တဲ့အကြောင်းအရင်း ၊ ဆိုင်းမတီးဖြစ်တဲ့ ပမာဏ ၊ ကာလ အပိုင်းအခြားမှာ နတ်တွေ တော်တော်များလာတာ အံသြဖွယ်စွ။ မျက်လုံးတွေ အပြူးသား အံသြနေတဲ့ မျက်ဝန်းတွေ ပန်းချီကာထဲမှာ မြင်ရ။ မြင်တဲ့အတိုင်း အသိတစ်ခုခုရနေမလား။ အသိတွေ တစ်ခုခု ရ။ ရကောက်နဲ့ရ ယပက်လက်နဲ့ယူ ရူးချင်ရင်တော့ ရ ကောက် နဲ့ ပ။ ရကောက်နဲ့ ဘ၀ ။ ရကောက်ဘ၀ နဲ့ နေထိုင်မှ ဒါဟာ ရကောက် ရဲလေး ရဲ့ ဘ၀ ။ ရဲလေးဟာ ရကောက်နဲ့မှ ။ ယဲ လေးတော့မရ။ ရကောက်နဲ့မှ ရဲ ရ ၊ ရွဲရ ၊ ရောင်းရ။ ရောင်းမလား။ ၀ယ်မလား။ အရောင်းအ၀ယ်လား။ ပြဿနာတွေလား။ ပြဿနာတွေဟာ ရောင်း ဖြစ်သွားရ။ ဘယ်သူက ဘယ်သူက ရောင်း ကြ။ ဘယ်သူက ၀ယ်ကြ။ ဘယ်သူက ဘယ်သူက အရောင်းကျ။ အရောင်ကျ တဲ့အခါ အရောင်းပြ။ စိတ်ဓါတ်ဟာ အရောင်ကျတဲ့ အခါ။ ထိုးရောင်းကြ။ ထိုးရောင်းကြ။ ဂိုဒေါင်ထဲ ထိုးထား သမျှ။ ထိုးပြီး ရောင်းကြ။ ခေတ်မရှိတော့ တဲ့ အခါ ရောင်းကြ။ ခေတ်နောက်ကျတဲ့ စိတ္တဇက ရောင်းချခံရ။ ရောင်းချခံရ အရောင်မတင်တဲ့ ဈေးကွက်နဲ့ မှ ကွက်တိကျ။ ဒါဟာ ခေတ်ကြီးထဲမှာပ။ ဘယ်သူတွေ ရီဆိုက်ကယ် လုပ်မယ် မသိရ။ တစ်နေရာရာမှ….။


ကျော်ညိုသွေး

Comments

Popular posts from this blog

ကျွန်တော် အနှစ်သက်ဆုံးကဗျာ

ညီမလေးနှင့် ကျွန်တော်

ကျူပင်စု က ဆရာလေး