တစ်ကိုယ်ရည် အက်ဆေး


တစ်ကိုယ်ရည် အက်ဆေး

 
ဆိုရှယ် နက်ဝဒ် ထဲက
အညိုရောင် စမတ်ဖုန်းလေး
ငါ လိုချင်တယ်။

လိုင်းဆွဲအား မကောင်းတဲ့
ငါ့ဖုန်းကနေ
လိုင်းဆွဲအား များတဲ့
နင့်ဖုန်း အထိ


ဟာ...
နင်က စမတ်ဖုန်းလေးပဲကွာ...
ဘာလို့...
ငါဟာ သစ်ရွက်တွေ ထဲမှာ ချော်လဲတယ်။
ပြန်မထဖြစ်ဘူး။
အညိုရောင် ကဒ်ထူကို
ဖြန့်ရန့်လို့ ကြည့်။
ဟူး....
ရင်ထဲက လေတိုက်တယ်
ငါ့နှုတ်ခမ်းတွေ ပေါ်ထိပဲ။
အား။


ရိုးရိုးသားသား ရေးတာ
ဒါ ကဗျာမဖြစ်ဘူးတဲ့
ဘာအရေးလဲ။
ငါ သီချင်း လုပ်ပစ်မှာပေါ့
ဒါ...မင်း အတွက်လေ။

နင် ငါ့ကို ကြိုက်သလို ငြူစူ
အဲဒါ ငါကြိုက်တဲ့
ရော့ခ်သီချင်း တစ်ခွက်ပါပဲ။

နင့်ကို လွမ်းတော့
ငါ နားထောင်တာ
သီ
ရီ
ဆွေ။

ရာသီထဲ
နောက်ကျတတ်တဲ့ နာရီပျက်ကြီးပိုက်လို့
ငါ ယိုတဲ့ မျက်ရည်
ငါ ငို တဲ့ ရက်တွေ
ဘာလိုလို နဲ့
ခြေရာများများနဲ့ ချန်ရစ်ခဲ့ တဲ့ အသက်တွေ။
နှမျောတယ်။
မဟုတ်ဘူး။
ဘာလို့ သိပ်မြန်ရတာလဲ။


နင့်ရဲ့ အကွဲကြောင်းလေးကိုသဘောကျတယ်။
ငါ့လက်ညှိုးလေးနဲ့ ဖိကာ ဖိကာ ကြင်နာမလို့ရယ်။
နင့်မေးစေ့လေး လှပုံများ
ငါ့ရေတံခွန်တွေ ခဏ ရပ်ထားရ။
ရက်ပ် သီချင်းတွေထဲကလို
အာဟ အာဟာ။


နင်က ဘန်းမုန့်လေးလို နူးညံ့တယ်။
နင့်ရင်ထဲ ငါရောက်ရင်
ငါတို့ ဟမ်ဘာဂါ ဖြစ်သွားမှာလားဟင်
ငါ မရိုးနိစ် တွေ ၀ယ်ထားတယ်။


နင့် နှာတံမြမြမှာ
ငါ့လရောင် ကျတဲ့အခါ
အိပ်မက်တွေ တွေထဲ
ငါဟာ ချော်ချော်လဲနေပေါ့။


အပြည်ပြည်ဆိုင်ရာ
ကြိတ်ပိုးကြီးများ နေ့ရှိသင့်ရဲ့ ။
ငါက အသည်းပုံရေးမယ့်
ဆော့ဖ်ပင် တစ်ချောင်းပါကွယ်။


ပန်းဆိုတန်းရေ...
ငါကဗျာတစ်ပုဒ်နေရေးလိုက်တယ်။
အဲဒီကဗျာက
ဒါပေမယ့်...
တဲ့။

သူ အခု ငါမျက်ဝန်းတွေကိုစိမ်းလန်းစေတယ်။
ငါလည်း ကဗျာတစ်ပုဒ် ရွတ်လိုက်တယ်။
"ဒါပေမယ့်"

နင်စီးတဲ့ ဘတ်စ်ကား ဖင်ထိုင်ခုံလေးမှာ
ထိုင်ခွင့်ရပါလိုဧ။် ကွယ်။
ဘယ်ကားဂိတ်မှာ နင့် တစ်ရှုး ပေတိပေစုတ်ကလေး
ကျကျန်ခဲ့ပါလိမ့်
အမှိုက်သိမ်းတဲ့ ကြီးဒေါ်ရယ်။


နိုင်ငံတော်ကို ချစ်တယ်
အမိမြေကိုချစ်တယ်။
ရန်ကုန်ကို ချစ်တယ်။
ပန်းဆိုးတန်း ကို ချစ်တယ်။
ပြီးတော့...
Head & Shoulder ကိုလည်းချစ်တယ် ကွယ်။


ရန်ကုန် ကားကျပ်ကျပ်မှာ
နင့်ဆံနွယ် နားသယ်စပ်တွေ
စိုစွတ်နေမှာပေါ့...။
ငါ့ကဗျာတစ်ပုဒ်နဲ့ ချွေးသုတ်ပါ။
အခုလောလောဆယ်တော့
ငါစီးတဲ့ ဘတ်စ်ကား
ဘယ်နားရောက်ပြီလဲ ငါမသိတော့...။


နင်ဆင်းလာမယ့် လှေကားလေး
နင်ရပ်နေမယ့် ကြမ်းပြင်လေး
နင် တို့ထိမယ့် ဓါတ်လှေကားခလုတ်လေး
နင် ရပ်နေမယ့် ဓါတ်လှေကား အခန်းလေးထဲ
ငါ့ ရင့်ငွေ့ တွေ ထားခဲ့တော့
ညနေမှာ
ပန်းရောင် တွေ ချောင်းမြောင်းနေပါစေတော့ကွယ်။


ပန်းဆိုတန်းရေ...
ငါ အပြေးကလေး လာခဲ့ပေါ့။
ငါးနာရီ ရေ မထိုးနဲ့ဦး
ကားလမ်းရေ မပိတ်နဲ့ဦး
ရန်ကုန်ရေ...
တေ့လွဲ မလွဲ နဲ့ ဦး။



ကျော်ညိုသွေး

Comments

Popular posts from this blog

ကျွန်တော် အနှစ်သက်ဆုံးကဗျာ

ညီမလေးနှင့် ကျွန်တော်

ကျူပင်စု က ဆရာလေး