မျှော့တစ်ကောင်ရဲ့  ရေညှိရောင် ပုံပြင်


မျှော့တစ်ကောင်ရဲ့  ရေညှိရောင် ပုံပြင်


အသက် မာနကြီးတယ်
အသက်ကြီး ပြီး အိုမင်းနေချိန်ထိ
ကျော့် ကို  ပြန်မချစ်တော့ဘူး တဲ့
ပြောခဲ့ပေါ့။

အသက်ဟာ တောင်းစုတ် ပလုံးစုတ်လို
ရွတ်တွ ပြီး ရွဲနေလည်း
ကျော့် အတွက်တော့ ငေးကြည့်ရတဲ့ ပတ်သက်မှုသာ။

ကျော် ဟာ သူ့အတွက်တော့
ရွှေလင်ဗန်းနဲ့ အချင်းဆေးတဲ့ ခွေးတွေ မစားတဲ့
ပန်းသီးပုပ် လို။
သူမ ကိုက်နေတဲ့ အရိုးကို
လှမ်းမျှော်နေတဲ့ ခွေးတစ်ကောင်လို။

ခရက်တုန်းတွေ နဲ့ အိမ်ရှေ့ လမ်းဟာ
ကျောက်ထုသံတွေကြားက
နေ့စား အလုပ်သမားတွေ ရဲ့  ချွေးစက်တွေ
သောက်သုံးနေပေါ့။

ငါ့ဓါးက ကျပ်နေတယ်။
ဓါးအိမ်ထဲက အထုတ်အသွင်း မလုပ်တာကြာပြီ
သံချေးလည်း တက်နေပေါ့။
ငှက်ပျောပင်တွေ ကို ခုတ်ပါများတော့ကွယ်။




ကျော်ညိုသွေး

Comments

Popular posts from this blog

ညီမလေးနှင့် ကျွန်တော်

ကျွန်တော် အနှစ်သက်ဆုံးကဗျာ

ကျူပင်စု က ဆရာလေး