ဘာကားလဲ - ဘတ်စ်ကား

ဘာကားလဲ - ဘတ်စ်ကား


ခင်ဗျားတို့ ဘတ်စ်ကား ခိုးစီးဖူးလား။
ခိုးမစီးဖူးရင် ခိုးစီးကြပါ။
ဘတ်စ်ကားခိုးစီး ရတာဟာ ဘယ်အရသာနဲ့မှမတူ
ကျောင်း စာမေးပွဲခန်းမှာ ထက်ပို စိတ်လှုပ်ရှားစရာကောင်းတယ်။
အဲဒီ ရသဟာ ပြောင်မြောက်လွန်းတော့
သိပ်ရင်ခုန်ဖို့ကောင်းတယ် ဆိုတာ သိမှာ
ဘ၀မှာ တစ်ခါတော့ ဘတ်စ်ကား ခိုးစီးဖူးခဲ့သင့်တာပဲ။
ခိုးစီး ကြပါ ဘတ်စ်ကား။
အဆင်ပြေရင် ငါးဆယ် ၊ တစ်ရာလောက် ပြန်အမ်းဖို့ပြောပါ။
ခင်ဗျား သိပ်ပျော်နေမှာ။
ခိုးစီးဖို့ အဆင်ပြေဆုံးဟာ ဘတ်စ်ကား ဖြစ်လေတော့
ခင်ဗျားတို့ ကျုပ်တို့ ခိုးစီးကြရမယ်။
ကောင်းကောင်းကြီး ခိုးစီး ကြရမယ်။
ငါးရာတန် တစ်ထောင်တန် ကိုင်လို့
ဘတ်စ်ကား ခိုးစီး ကြတဲ့အခါ။
ဘတ်စ်ကား ခိုးစီး ပြီးတဲ့ အခါ။
ခန္ဓာကိုယ်ထဲက အညစ်အကြေးတွေ စွန့်ထုတ်လိုက်သလို
ပေါ့ပါးသွား။
ဘယ်သူတွေ ဘာတွေ တွေး
ဘယ်သူတွေ ဘာတွေ အတန်းရှင်းန်း ပေး
မနက်ခင်းမှာ အနုပညာတစ်ရပ်ပါ။
မနက်ခင်းမှာ ဘတ်စ်ကား ခိုးစီး ကြပါ။
နေမြင့်လေ အပူချိန်က မြင့်လေ
ဘတ်စ်ကား ခိုးစီးတာဟာ UV လောက် အန္တရာယ်မများ
ဟောလီးဝုဒ် ဇာတ်ကားရိုက်ကွင်းတွေလောက် မစွန့်စားရဘူး
ဘာဂါလေး တစ်ကိုက် ကိုက်လို့ ဘတ်စ်ကား ခိုးစီး ဖူးတဲ့ အကြောင်း
သင့်ကိုယ်သင် တွေး
အပျိုလေးက သူ့အလှ ခိုင်ပန်းစုံ ကို ချီးမွမ်းခန်းဖွင့်ခံလိုက်ရတဲ့ အခါ ဖြစ်သလို
ရှက်ပြုံးလေး နဲ့ ကြည်နူးနေလိုက်ပါ။


ကျော်ညိုသွေး

Comments

Popular posts from this blog

ကျွန်တော် အနှစ်သက်ဆုံးကဗျာ

ညီမလေးနှင့် ကျွန်တော်

ကျူပင်စု က ဆရာလေး