ကျွန်တော် အနှစ်သက်ဆုံးကဗျာ
အချိန်က ညနေစောင်း၊ ၁၂၄ ကားကိုစီးရင်း ကျွန်တော်မျက်ရည်ဝဲနေမိသည်။ ဖြစ်ရလေဟု ကိုယ့်ကိုယ်ကို ယူကြုံးမရ ။ ကြိုစားထားတာတွေ၊ ချွေးပြန်ခဲ့တာတွေ၊ လေထဲလွင့်မျောတော့မှာလား။ စိုးရိမ်စိတ်တွေနဲ့အတူ ချစ်သော၊ ခင်သော မောင်နှမရင်းချာများကဲ့သို့ ကျွန်တော့်အပေါ် နွေးထွေးခဲ့သော သူငယ်ချင်းများနှင့် ဝေးရမည်ကို တွေးမိပြီး မျက်ဝန်းအိမ်မှ မျက်ရည်များ လျှံတက် နေမိသည်။ ……………………………………………………………………………………………………………………………………. လွန်ခဲ့သောတစ်လလောက်က စ၍ သူငယ်ချင်းခုနှစ်ယောက် တိုင်ပင်၍ အားနည်းသော ဘာသာရပ်အတွက် ကျူရှင်တက်နေလျှက် စာအသင်အပြကောင်းသော ဆရာမ အရင်းတစ်ယောက်ကိုဂျီကျကာ ထိုဘာသာရပ်အတွက် သူငယ်ချင်းတစ်ယောက်အိမ်တွင် ၀ိုင်းသင်ပေးဖို့ပြောခဲ့သည်။အရင်နှစ်တွေက တစ်ပည့်ဟောင်းများဖြစ်သည်က တစ်ကြောင်း၊ ကျွန်တော်တို့ဧ။် အခက်အခဲများကိုသိမြင်ကာ ကိုယ်ချင်းစာနာ၍ ဆရာမက စေတနာထားသည်က တစ်ကြောင်းကြောင့် သူငယ်ချင်းဧ။် အိမ်တွင် ကျွန်တော်တို့ဝိုင်းသင်ဖြစ်ခဲ့သည်။ အထူးပြုဘာသာရပ်တွင် ကျွမ်းကျင်သော ဆရာမဧ။် သင်ကြားပြသပေးမှု့များသည် စာသင်ကြားမှု့ကိုရသမြောက်စေခဲ့သည်သာမက ကျွန်တော်တို့ကို ထိုဘာသာရပ်အတွက် ယုံကြည်မှု့များရလာအောင် ဖြစ်စေခဲ့ရသည်။ စာမေးပွဲကြီးစလြေ...
Comments