စိတ်မကောင်းခြင်းများ


စိတ်မကောင်းခြင်းများ


ပြတ်သွားတဲ့ ဖိနပ်လေး သံယောဇဉ်ရှိနေလည်းကျွန်တော် လွှင့်ပစ်ခဲ့မယ်။
နွေရာသီ မကြိုက်လို့လည်းစိန်ပန်းတွေကိုလည်း ကျွန်တော် မမုန်းဖူးခဲ့။
အာရုံကြောတွေ အားနည်းနေပြီဆိုလေယာဉ်ပျံ သံတွေ ခဏခဏ ကြားရတယ်။
အခုဖြစ်နေတဲ့ ပြဿနာက ဘာလဲ။
ကျွန်တော်တို့ က ဘာလဲ။
လူတွေ က ဘာလဲ။
ဟုတ်တယ် သီချင်းတစ်ပုဒ် လိုပဲမို့အချိန်မရွေး ပြောင်းလဲပစ်နိုင်တယ်။
ယူပါ ၊ ရွေးပါ ၊ ကိုယ့် ပေတံဟာဘယ်လောက်အထိ ရှည်သလဲ။
ကျွန်တော့် သစ်ပင် ဟာ တော့စံနှုန်း သတ်မှတ်ချက်တွေ နဲ့ ပေါက်ရောက်ခဲ့တာ မဟုတ်တော့လည်း။
ခရေတွေကို အကြွေပန်း မို့နှစ်သက်ခဲ့ပြန်တာလည်း မဟုတ်ဘူး။
အညိုရောင် ကို ဖြူစေချင်လို့အဖြူလို့ ကျွန်တော့် ညထဲမှာ "အဖြူ" လို့ နာမည်ပေးလိုက်ပါတယ်။
ဟိုတုန်းက ရှပ်အင်္ကျီ ပွပွတွေကို မမ်မိုရီ ရီကော လုပ်ကြည့်တော့ လှပါရဲ့
သွေးနဲ့ကိုယ် သား နဲ့ ကိုယ်မို့
ကျပ်တဲ့ အင်္ကျီတွေ ဆိုမ၀တ်ဘူး

ကျွန်တော်တို့ဟာ စတိုးဆိုင်ရှေ့က ပလပ်စတစ် အရုပ်တွေလည်း မဟုတ်ကြဘူး။
နွေမှာ သစ်ရွက်တွေ ကြွေတိုင်းကျွန်တော်တို့ ကြွေမသွားဖို့ပဲလိုတယ်။
ကမ်းနားသစ်ပင်တွေ လို မပြိုလဲချင်လို့ခပ်ဝေးဝေးမှာပဲ နေပါတယ်။
ရှိစေတော့….
ပလာစတာတွေ ကွာ ချိန်ဟာ ရာသီတစ်ချိန်ချိန်မှာဖြစ်နိုင်ပါတယ်။
ခုနေ မိုးအုံ့ နေတာတွေ ဟိုအရင်ကတောင့်တနေခဲ့ရတာ မဟုတ်လား
ဘာမှန်း ညာမှန်းမသိ လမ်းလျှောက်ခဲ့တာခလုတ်လည်း မတိုက်ချင်။
နွေရာသီ ကားကလေး စီးရင်းမိုးတွင်းကို ရောက်ခဲ့ပြီ
ရွှဲရွှဲစိုနေတာ ကျွန်တော်တစ်ယောက်တည်းလည်း မဟုတ်ဘူး။


ကျော်ညိုသွေး

Comments

Popular posts from this blog

ကျွန်တော် အနှစ်သက်ဆုံးကဗျာ

ညီမလေးနှင့် ကျွန်တော်

ကျူပင်စု က ဆရာလေး