ဆန်ဖရန်စစ္စကိုမှာ


ဆန်ဖရန်စစ္စကိုမှာ


ဆန်ဖရန်စစ္စကိုမှာ မိုးတွေရွာနေပြီ မို့
ကိုယ့်တို့ သရက်သီးတွေ ကို ထုတ်ရောင်းလိုက်ကြရအောင်လား
မင်း ပီဇာ ကြိုက်တယ်ဆိုရင်
ငါ့ပခုံးတွေ အနာခံပါမယ်။
နောက်ဆုံးထွက်တဲ့ ဂျာဗားဖုန်းလေး နဲ့ တုန်းက
မင်း က သိပ်လှတာပဲ။
အခုတော့ ရေကန်ထဲမှာ ရေညှိတွေ အများသားကွယ်
စိုက်ပျိုးထားတဲ့ ကျောက်ကျောပန်းတွေတောင်
မှိုင်တွေလို့။
ကိုယ့်ကိုယ်ကို ကြမ်းပြင်လို ခံယူနေကြပေါ့။
နှစ်ကူးချိန်မှာ စပျစ်သီးတွေ ကို
အရက်တွေ နဲ့ မပက်လိုက်ပါနဲ့
ဒီထက်ပို ချိုမှာ လည်း စိုးတယ်။
အန်ပုံ အန်နည်း တတ်ပါတယ် မင်းက
ထိုင်ခုံ လက်တန်းတွေပေါ်မှာ ပဲ
ကိုယ့်ကဗျာ ကို မင်းက တက်ဖိပြန်ပြီ
ပြန်ထကွယ် ပြန်ထကွယ်
ပြန်ထကွယ် ပြန်ထ ကွယ်
ဟာ မြန်မြန် မြန်မြန် ထ
ကဲ...ကြည့်
ဂစ်တာ ကို ဘာနဲ့ ၀င်ဆောင့်မိတာမှ မကြိုက်ပါဘူးဆို
ဒီမှာ ရင်နာရတယ်။
ဘာမှ မဖြစ်တာတောင် ပွတ်သပ် ပြန်လည်ယုယပေးလို့။
ကိုအောင်ခိုင်မြတ်ကို ပြောလိုက်ပါ
အပျော်တောင် အကြံမခံရ ဆိုလားဘာဆိုလား
အဲဒီကဗျာကို စီးပြီး
အတိတ်ကို ခဏလောက် သွားမလို့
လမ်းကြုံရင် ပြောလိုက်ပါလေ။
ဒီနေ့တော့ ဒီလောက်ပါပဲ မို့ရေ...။
ငါ့ကို ကဗျာတစ်ပုဒ်လောက်တောင်
ဂရုမစိုက်ကြသူတွေကို ရန်တွေ့မလို့
ဆန်ဖရန်စစ္စကိုမှာလေ။



ကျော်ညိုသွေး


Comments

Popular posts from this blog

ကျွန်တော် အနှစ်သက်ဆုံးကဗျာ

ညီမလေးနှင့် ကျွန်တော်

ကျူပင်စု က ဆရာလေး