ကျနော်ကတော့ မော်တင်မှာပဲ နေခဲ့တော့မယ်။

ကျနော်ကတော့ မော်တင်မှာပဲ နေခဲ့တော့မယ်။

အေးအေးလူလူပေါ့
ကျနော် ကတော့ မော်တင်မှာပဲ နေခဲ့တော့မယ်။
သူတပါးတွေ ပြောတဲ့ လုပ်သင့်တဲ့အရာ ၊ လုပ်ရမယ့်အရာ
လှုပ်ရှားရတော့မယ့် အခြေအနေတွေ ထဲ
ဖိနပ် ကို စုံလုံးကန်ချွတ် ဇွတ်မှိတ်လို့သာ။
ကျနော့် ကို မော်တင်မှာ ထားခဲ့ကြပါ။
ကျနော် ဒီထက် ဝေးဝေးရောက်ဖို့ရာ မစွမ်းတဲ့အခါ။
ကျနော့်မှာ ဒီထက်ပို ဝေးဝေးရောက်ဖို့ရာ သင်ကြားရဦးမှာ။
အခုတော့ မော်တင်မှာ...။
သူများတကာတွေ ဒီနေရာက နေ ဝေးဝေး သွားနေတုန်း
ကျနော့် ကို မော်တင် ရဲ့ လမ်းဘေး တစ်နေရာမှာ
ထားခဲ့ကြပါ။


ကျော်ညိုသွေး

Comments

Popular posts from this blog

ကျွန်တော် အနှစ်သက်ဆုံးကဗျာ

ညီမလေးနှင့် ကျွန်တော်

ကျူပင်စု က ဆရာလေး