ဆင်ခြင်ပါ။

.
စိတ်ဓါတ်က ချိတ်အပ်လောက်နဲ့
အိတ်ကပ်ထဲ မာနပြည့်လျှံ
ပကာသနအထိပ် မာန်တက်လို့
လန်ထွက်နေပြန်။

ရန်ဖက်တွေ နှံသမို့လည်း
ဟန်မပျက် လေထန်ဆဲပေါ့
ဟေ… အကြံရဲလှတယ်…
အဖေပြန်လည်း တိုင်မတဲ့ဟ…။

မသွေအမှန်ပဲ မချေမငံနဲ့
ဝေ… အသံလည်း အန်ထွက်စရာတွန်တယ်။
ရွံတယ်လေ့ ကွယ်…..။

ဟင်…မစွံတယ် ဟေ့
နင်ဓလေ့ မလည်သေးရင်လည်း
သွန်သင်မယ် ဟေ့ လာခဲ့ပါကွယ်…။
တွေ့လာတဲ့ တစ်လျှောက်လုံးလည်း
ခလောက်ထုံးနဲ့ မူယာကြွယ်…
လူတစ်ကာရယ် မနှေးတွန့်တယ်
ခလေး…ဟွန့် …ဆိုးတယ် ဘလက်ဒီဖူးလ်း။

ဆက်ဆီ ရူးနေလိုက်တာကွယ်…
မသတီဘူး ဟေ့ အမိုက်နှာ ထပါဘိ
လိုက်နာကြည့် အသိမှာ တစ်ခါပြောမယ်…
မြန်မာရော ဟုတ်ပါရဲ့လား။

ငါသဘော ပြောမယ် အဟုတ်နာကွယ့် ကြား
မရှုပ်ပါနဲ့ အလုပ်မှာလည်း လှပါစေ..
ထုတ်ကာတဲ့ မာနလည်းပြရင်
ဟာ…ခဏပဲတရအောင်သာ
ဟာသ ပဲ လှောင်ရအောင်ပေါ့။

မောင်က ပျော့မယ် ကြံပေမယ့်
ရှောင်မရတော့ လှန်မိတာပေါ့
အကြံမပိရိရင် ဒါဏ်အပြည့် ငြိမယ်
သံမဏိရိုးသားမှု့ ဆက်လှမ်းပါကွယ်။

အခက်ကြမ်းကြမ်း အတတ်တွေနဲ့
ရှက်ရမ်း ရမ်းတာ ပဲခက်တယ်
အဟက်… အရမ်းလည်း
အပြတ်သာ မနပ်သေးပဲ ဗြူး။

အဲ…မနူးမနပ်နဲ့ ဘီလူးဇာတ် ခင်းချင်သပ ဆိုလည်း
ဗြူးဗျတ်နဲ့ မရ။
အရူးမှတ်ရင်တော့
နဖူးတော့ ပလာစတာအသစ် ရောက်မယ်
Do not proud. Little!.

Comments

sait phay yar said…
အဲ…မနူးမနပ်နဲ့ ဘီလူးဇာတ် ခင်းချင်သပ ဆိုလည်း
ဗြူးဗျတ်နဲ့ မရ။
အရူးမှတ်ရင်တော့
နဖူးတော့ ပလာစတာအသစ် ရောက်မယ်
Do not proud. Little!.
ကြောက်တောင်နေမိတယ်ကိုဂစ်ရေ..

Popular posts from this blog

ကျွန်တော် အနှစ်သက်ဆုံးကဗျာ

ညီမလေးနှင့် ကျွန်တော်

ကျူပင်စု က ဆရာလေး