မင်း တင်းချင်တင်း


အေး..ငါကသင်းကွဲငှက်ပဲ
မင်းရဲ့လက်လည်း မလှမ်းချင်ရင် မလှမ်းနဲ့
ငါရင်မှာ အလွမ်းလည်း မဆူခဲ့။

သူနဲ့ပဲတွေ့လိုက်ရင် သောက်ပြဿနာတွေ
သောက်အရှက်ပါလေ
အနှောက်အယှက် ဘာတွေ လာလာပြော
တမင်ယုံအောင် အဆင်စုံအောင်ပြောနေလည်း အမောတွေပဲဖြစ်
မင်း..တစ်ယောက်တည်းပြောနေခဲ့ရစ်...Shit!!!

လစ်...ငါ့ရှေ့က ခဏတွေ့စနဲ့တင်
ဘ၀မေ့...လာမစ စေ့ချင်...ဟင်...??????
ခင်မင်ရုံဆိုရင် ….
ဘယ်လိုပင် ပတ်သက်ယှက်နွယ် နှလုံးသားချင်းတံတားထိုးလည်
တစ်အားဆိုးတဲ့ စကားမျိုးနဲ့ ငါ့အယူကို ခါးချိုးမယ့်ခွင်..
အဆင်ချရင် မြင်သမျှပင် ရင်မှပင် တောက်တဲ့မီးနဲ့
သောက်ခွက်ကြီးလည်း မီးရှို့မယ်။

မပြီးလို့လည်း ညှော်နေ အတော်ပေ အော်ရယ်စရာ တော်ကီမှာကလေးကလားနဲ့
ငါ့အတွေးကို ဈေးကစားတာ ကလေးကလား အထာ! ပါ...ကွာ...
Ah! Hah!
ခဏခဏတော့ အတင်း မကြွယ်ပါသေးနဲ့ မင်းငယ်ပါသေးသဟဲ့
ပျင်းတယ်...ကွာကလေးရယ်။


ကိုယ့်အိမ်မှာ ကိုယ့်အချိန်နဲ့ ကိုယ့်အရှိန်ကိုယ်ပျိုးလို့ ကိုယ့်ဇိမ်ကိုထိုး
ကိုယ့်တိမ်ကိုမိုးလို့ ကိုယ့်အမြိန်ကို ကိုယ့်စိုး
ကိုယ့်အမျိုးကိုယ်ချစ်ရင် ကိုယ်အဆိုးကိုယ်ပစ်ဟေ့
ကိုယ့်အကျိုးကို ကိုယ်မြဲချင်ရင် ကိုယ့်အသည်းကိုလည်းဆေး
ကိုယ့်ဘာသာ အမြဲကိုပဲတွေး သူများရဲ့ အသည်းကို မခွဲကြေး။


ကဲဟေ့...
ကိုယ့်အပင်မှာ ကိုယ့်အသီးနဲ့ ကိုယ့်မီးနဲ့ကိုယ့်ဘာသာလောင်
ယောင်ဝါးဝါးခံယူချက်နဲ့ ရန်သူဆက်မယ့်အတွေးကိုလည်း ရှောင်
ဝိုးတ၀ါးနဲ့ ခင်းထားတဲ့ အဆောင်အယောင်လမ်းလည်းမထုတ်
ဒီလိုပဲ ရင်ဘတ်တွေ ဖွင့်ထားတယ် Freedom ပေါ့ ကြောင်တောင်ကန်းလည်းမဟုတ်
ထပ်ပြောမယ် ဖြစ်သမျှကို ဖြီးဖြန်းပြီး ဖင်ပိတ်ကာ ရမ်းလည်းမတုတ်။

အဟုတ်..မင်းကသာ ၀ိဇ္ဇာနဲ့သိပ္ပံ ကွဲပြားခြင်းမစွမ်းပဲ ဂွမ်းခဲ့တယ်
လမ်းရဲ့အလယ် လွမ်းခဲ့မယ် မင်းဘာသာမင်း မှန်းချင်ရာကိုမင်းမှန်းကာ တမ်းခဲ့လည်း
သူများရဲ့ပန်းကိုတော့ လှမ်း မဆဲနဲ့ ကဲ!!!!!
မရမ်းနဲ့ဟဲ့။

တစ်ကယ့်တစ်ကယ်...ကိုယ့်ကိုယ်ကို လေးစားဖို့ပဲကိုလိုမယ်ဟေ့
ကြို...ဆိုတယ်ဟေ့ အစစ်အမှန် သဘောနဲ့ လောကကို ကောင်းကျိုးပြုတဲ့ အနှစ်ချုပ်ကို
ပစ် ရှုပ်ကာ အသစ်အဟုတ်ထပ်တစ်ကယ် ဘယ်လိုလုပ်ပါစေ......
အဲ့ဒါ...အဲ့ဒါ.....စာအုပ်တွေထူမယ့် ညစ်ပုတ်ကပ်ကျယ် အို...အရှုပ်ပါလေ...
နှုတ်မှာလေ ဘယ်လို လန်းလန်း
မလျှိုတမ်းထုတ်ပြရဲရင် ထုတ်ပြစမ်း။

ဟုတ်မှပဲမင်းပန်းကို ရဲရဲပွင့်လေ...။
အကျင့်တွေ..က ဘယ်လိုအမြင်လဲမသိ
ကိုယ်အရောင်နဲ့ တူတာကိုပဲ ချစ်မယ် ခင်မယ် အသစ်တစ်ကယ် မြင်မယ်ဆိုလည်း
သင်တစ်ကယ်ကိုပဲ ပင်လယ်လိုကျယ်တဲ့လောက ချောင်းပစ်လို့ မြစ်ကိုရှာမိတဲ့
အသိရဲ့ကျယ်ပြန့် တွေးခေါ်တာတွေ အေး...အဲ့ဒါဘော်ဒါတွေကို သစ္စာဖေါက်တဲ့
ချစ်စရာပျောက်တဲ့ အပြစ်ငနာသဘောက်လို မဲမဲမြင်ရာ တကတည်း
မဲမဲသည်းသည်းဖြစ်။

Course မတူတာတော့ တစ်ချို့လူမှာလေရှိတာပဲ ကိုယ့်အလင်းနဲ့ကိုယ်လင်း
ကိုယ့်အသင်းနဲ့ကိုယ် ကိုယ်ဝင့်ချင်ဝင့် အကျင့်မတူတာနဲ့ သင့်အယူငါလည်း
လိုက်ချင်မှပဲဖြစ်တယ်
ချစ်တယ်ဆို လူသားအားလုံးချစ်လိုက်ပါလား
မချစ်လိုက်ကာ သွား ဒါဆိုရင်လည်း မလိုပြီလေ ကဲ!

Story တွေထဲ ငိုရီနေလည်း မဖြစ်တော့တဲ့ခေတ်
အချစ်လျှော့တဲ့ခေတ် မှာ ဆရာကြီးတွေများတယ်
ကမ္ဘာကြီးလေပြားတယ်ပြောလည်း ဆိုလည်းမယုံ
ဟဟဟ ကိုယ်ထင်ရာကိုယ်စိုင်းပြင်းလို့ ကိုယ့်မှိုင်းသွင်း ကိုယ်ပဲယုံ
ဘယ်လိုပဲစုံအောင်သာ ပုံဆောင်ကာ သွင်းချင်သွင်း
မလင်းချင်ရင်း မလင်းချင်ရင်း အတင်းပင်မင်း အသင်းမ၀င်မချင်း
ငါ့အပြောတွေကြောင့် (မင်း)
ဟာ……………တင်းချင်တင်း။



ကျော်ညိုသွေး

Comments

ဟုတ်ကဲ့..ဟုတ်ကဲ့...မင်း တင်းချင်တင်း ဗျင်းချင်ဗျင်း။

Popular posts from this blog

ကျွန်တော် အနှစ်သက်ဆုံးကဗျာ

ညီမလေးနှင့် ကျွန်တော်

ကျူပင်စု က ဆရာလေး