တိတ်တခိုး

ချစ်ကြင်ခင်တွယ် ၊ရင်ဝယ်လှိုင်းခတ်
ပါစပ်ဖျားမှ၊ တတ်အားမနိုင်
ချစ်ပွင့်ခိုင်ကို၊ ချူနိုင်မတတ်
လှိုင်ကြူခတ်ပန်း၊ လန်းဆန်းသူပိုင်
ယူနိုင်မလား၊ တအားခြေငယ်
မေရယ်ထိတ်ထိတ်၊ တိတ်တဆိတ်နှင့်
ကြိတ်မှိတ်ကြေကွဲ၊ ဖြေလည်းမတတ်
ရေငတ်သည့်သား၊ အားနွမ်းသူနှယ်
လူရယ်မသိ၊ ချိသည်ရင်သည်
မြင်ကြည်လန်းရ၊ သူ့အလှအား
နားစက်ချိန်တိုင်း၊ တိမ်လှိုင်းပမာ
လွန့်လူးလာသည်၊ နာရီကျိန်းစက်
အိပ်မက်ရုံလွှာ၊ ကမ္ဘာငယ်ထဲ
တစ်ဝဲလည်ဖြင့်၊ ၀င့်ကာဝဲ၀ဲ
သည်းသည်းလှုပ်လှုပ်၊ ဖြုတ်မရအား
သူ့မျှားချက်သည်၊ ဒီရင်သည်းစိုင်
မြဲနိုင်စွဲစွဲ ၊ တည်း၍နှောင်သည်
ဂီတညည်းသံ၊ စိတ်ပျံလွင်ထွက်
ကြင်သက်တွက်တာ၊ ကဗျာသီထုံး
ပွင့်ကုံးချည်ရာ၊ စကားလွှာတွင်
နာကျင်သည်ဟု ၊ ခုမကြားစေ
ဝေသည့်ချစ်ပန်း ၊ နမ်းမထိုက်လည်း
ပန်းစိုက်သမား ၊ ပန်းများသစ္စာ
ချစ်ကဗျာ၌ ၊ အနာအခိုက်
စိတ်အမိုက်ကို၊ တိုက်ဖြိုထိန်းကြောင်း
သိန်းသောင်းမက၊ တောင်းတစိတ်လည်း
ကြိတ်လည်းဖြေဖြ၊ နွေထဲနေသို့
ဖြေဖို့စိတ်တင်း၊ ပိတ်ကျင်းမှောင်မိုက်
ခိုက်သည့်ရင်သည်၊ မြင်သည်သမျှ
စိတ်ကသူ့ထင်၊ ပြင်ဆင်မရ
တသသနှင့် ၊ ညည့်နက်အလွမ်း
ပန်းများကြေမွ၊ လှသည့်ကြယ်စင်
အရင်ကြွေနှင့်၊ နင့်နောက်တခေါ်
အဖော်အဖြစ်၊ ငါသော်ကြွေက
တစ်ဘ၀တွင်၊ တူယှဉ်တွဲတွဲ
အမြဲပွင့်လင်း၊ ရင်းနှီးခြင်းဖြင့်
တင့်သည့်အဆွေ၊နေမြဲနေမည်
မဟေသီတွက် ၊ ခက်ခက်လှခြင်း
အလျဉ်းကင်းပ ၊ ရှင်းပျောက်ရစေ။

ကျော်ညိုသွေး

Comments

ဒီလောက်ကြီးလှအောင် မရေးတတ်ဘူး။
Flower said…
တိတ်တခိုးဖြစ်ရတာ မကောင်းဘူး
ဒါပေမဲ့ ကဗျာလေးကတော့ လှတယ်..
ခံစားချက်တွေ ပျော်ဝင်နေတာမို့ထင်ပါရဲ့..
စာလုံးလေးတွေက သက်ဝင်လှပလို့ပါဘဲ..
sosegado said…
ခံစားပြီး ရေးထားတယ်ဆိုတာ ထင်စေတယ် ကဗျာက တော်တော်ကောင်း တယ်၊ စကားလုံး ကာရံ တွေချယ်ထာတာ လဲ ထိစေတယ်၊ အဆင်ပြေကြပါစေ။
မဟေသီခက်ရင်...

ကလျာတို့
ရုပ်ရှင်တေးကဗျာတို့
သောင်းပြောင်းထွေလာတို့အတွက် ပြောင်းပြီး ကြိုးစားကြည့်ပါလား...

းဝ)
yinminkhine said…
ကဗျာရေးတာတော်တယ်နော်
“““တိတ်တခိုး””
တိတ်တခိုးလေးဖတ်သွားပါတယ်နော်
Unknown said…
အရမ်း crazy ဖြစ်တယ်

Popular posts from this blog

ကျွန်တော် အနှစ်သက်ဆုံးကဗျာ

ညီမလေးနှင့် ကျွန်တော်

ကျူပင်စု က ဆရာလေး