ရတနာအေး...သို့
ရတနာအေး…သို့
ပြန်မြင်နေ ဟိုတုန်းက မိုးပြာဂျင်းန်လေး
ရင်ထဲမှာ အခုချိန်ဆို မိုးရွာရင်းလေ...။
အလွမ်းရဲ့အလင်းတွေက တိုးကာလင်းနေ။
ကိုယ့်ကဗျာမင်းလေး.....
အခုတော့လည်း တို့နှစ်ယောက်ရဲ့ အိမ်မက် ယဉ်ပေါ်ကနေ ဆင်းပြေး ။
မင်းထားခဲ့တဲ့ အလင်းလေး.....
ငါ့ကောင်းကင်အမှောင်ကြီးစိုးလို့ သေချာစွာတောင် မလင်းပေ။
ရင်ဘတ်ကို ပြန်စမ်းကြည့်တော့ ငါ့ရဲ့ကြိုးတွေတင်းနေ။
သီချင်းတွေကို နှုတ်ခမ်းဝက ဆိုညည်းလည်း အပိုပါပဲ
အသည်းမရှိမှ အဲဒီမှာ မချိုသာခဲ့ ။
ကိုယ်ဟာလည်း…
အခန်းထဲမှာ အပြီးသတ် ဆိုတဲ့သီချင်းဟာ အငိုပါပဲ။
အချိုရှာခဲ့ပြီး အချစ်မှာ ဘေးဖြစ်ဖို့ မရည်ရွယ်ခဲ့လည်း
ချစ်တာလေး နှစ်လို့ သူလီစယ် ခဲ့တယ်…
အတည်တကယ်ရေးခဲ့တဲ့ အချစ်ကဗျာလေးတွေတောင် ဖောက်ပြားလို့
သစ္စာကလေးတွေ ပျောက်သွား ၊ မေတ္တာအရေးတွေ ပျောက်ရှလို့ ပြေပြယ်..
အချစ်ဟာ ပြေးပစ်လို့ ဒီအရွယ်နဲ့လည်း
ကံကြမ္မာက ကျီစယ်လို့ အနည်တွေထိုင်ခဲ့တယ်..
ဒါပေမယ့်…
အရွယ်တွေ မတိုင်ခဲ့ပဲနဲ့ကွယ်…။
ထိုင်ခဲ့တဲ့ ထိုင်ခုံ အပြာလေးတွေ အခုတော့ ထားရစ်ခဲ့ အခုအချိန်ရက်တွေမှာ
သူ့အိပ်မက်တွေဟာ တအားပဲသစ်တော့မှလည်း
ဟိုအရင်က စိတ်ကူးရဲ့ ယဉ် ပျံတွေကလည်း နွားလှည်းဖြစ်တော့မယ်..။
ပြေလည်ရန်ပြောသမျှလည်း အမှားပဲဖြစ်တော့တယ် အပြစ်ကမလျော့
ချစ်သမျှတော့ သဲထဲရေသွန်ဖြစ်ရတော့မလား နွေလွန်မှတော့…
ရိုင်းရိုင်းစိုင်း ၀င်လာခဲ့တာ ဒီရင်ထဲမှာ မိုးတွေထန်
ကြည်နူးရိပ် အားလုံးလည်း အခုတော့ အရောင်တွေဆိုး အညှိုးတွေဖန် လာတော့တယ်
ဟော..ဒီမှာ ငါပြောမယ်…ဟေ့ဒီမှာကြည့် …
သံကောင်းရင် ဓါးကောင်းဖြစ်နိုင်သလို… ၊ ကံကောင်းပြီး ဒီဘ၀မှာ ဘုရားလောင်း မဖြစ်နိုင်လည်း
နင့်အတွက်ငါ ကာကွယ်ပြီး ရန်အပေါင်းကို မြှားတစ်သောင်းပစ်နိုင်တယ်။
အချစ်မခိုင်တဲ့ စကားနဲ့ အမေရိက သွားမယ်လို့ gtalk မှာရိုက်ကာပြော
ဒီတော့လည်း ငါ ရှိုက်ကာမော...
တော်ပါပြီ မင်းနောက်လည်း ဘယ်တော့မှ လိုက်မလာတော့။
ကြိုက်တာတော့ ကြိုက်တာပေါ့။
ဒါပေမယ့် အချစ်သင်ရိုးကို မလိုက်နာသော
မင်းနေရာ မင်းဒေသ မင်းမြို့ကို
အတင်းရို့လို့ သွားတော့ မယ် ထားတော့ကွယ်
ဒါတွေက အတိတ်မှာထားခဲ့ပါ။
ငါမင်းကို ချစ်လွန်းလို့ ကြိတ်ကာဖျားခဲ့တာ။
ကြိုက်မရှက်လို့ သိက္ခာရှားခဲ့တာ သိပ်မှားပြီလား။
အတိတ်များရဲ့အခါးတွေ ရင်ထဲအထိ
အချိုတွေ မဖုံးနိုင်သေးသလို ဒီလိုပါပဲ ကိုယ်လေ မမုန်းနိုင်သေး။
ကျော်ညိုသွေး

Comments