လူ့/တစ်စုံတစ်ရာ ဖြစ်စဉ် လက်ရှိ/လတ်တလော၏ ရှေ့ အတိုင်းအတာ တစ်ခု ထိ/သာ ဖမ်းယူနိုင်စွမ်းပဲ။

လူ့/တစ်စုံတစ်ရာ ဖြစ်စဉ် လက်ရှိ/လတ်တလော၏ ရှေ့ အတိုင်းအတာ တစ်ခု ထိ/သာ ဖမ်းယူနိုင်စွမ်းပဲ။
 
လာရောက်ထင်ဟပ်/ကပ်ငြိသော/တွယ်ကပ်လာသော အထိအတွေ့ အဆင်းအသံအနံ့အရသာ
အနည်းဆုံးတစ်မျိုး/ တစ်မျိုးထက်ပိုသော အစုစု၊
အတွေး ၊ ပုံရိပ် ၊ အတွေးမှ ထပ်မံရိုက်ခတ်/ထိစပ်/ ရစ်ငင်သော အကြောင်းအရာ တစ်စုံ/တစ်ခု/အပိုင်းအစများ
နောက်ထပ်ဖြစ်တည်လာမှု့(ရုပ်လုံးပေါ်နေ/ဆဲ သော ၊ မပေါ်သေးသော(ရုပ်လုံး)၊ မပီပြင်ဝိုးတ၀ါး(၀ါ) အားပြု ကြိုးစားနေမှု့ တစ်ခုခု(၀ါ)တစ်စုံတစ်ရာ)။
အသံ(ကိုယ်ကပြုသည်၊ သူကပြုသည်။ ကိုယ်ရောသူရောမဟုတ်၊ ပထမ နေရာမှ(သို့) ဒုတိယနေရာမှ (သို့ ) တတိယနေရာမှ (သို့) အခြားဖြစ်တည်ရာ/အားပြု ထုတ်လွှတ်ရာ) ကို Focus ပြုလုပ်ခြင်း။
ငေးမောမိပြီဆို မြန်မြန်ဖမ်းဆုပ် ၊ သရုပ်ခွဲ ၊ အရှိတရားကို အနည်းငယ်မွမ်းမံ သွတ်သွင်း။
အပြု ၊ အရုတ် ၊ အတည် ၊ (                                  ) ဒီတစ်ခုလုံးထဲမှာ သဘောတရားနဲ့ တရားသဘော ပါ/မပါ။
ထပ်မံစိတ်ဖြာ/ခွဲခြမ်း ၊ ခွဲခြမ်း ပြီးနောက် စိတ်ဖြာ အမျိုးအမည်က ဘာလဲမသိ။ အသိထဲမှာ မသိခြင်းရှိနေတာမျိုး လောလောလတ်လတ်ထဲ တို့ထိမိ။ ထိမိပြီ ဒါကိုသိနေပြီသားကို ထပ်မံသိရှိခြင်း ဒါက ဆင်ခြင်မှု့သဘော။ အစိတ်အပိုင်းတွေ ကွဲနေပြီဆို ပြန်စုစည်းမရ။ ဒါက ဖြစ်တတ်။ ချည်ငင်လိုရှုပ်ထွေး။ ချည်ငင်တွေကို ချည်လုံးပြန်ဖွဲ့ပြီးလုံးရတာခက်သလား၊ လွယ်သလားတွေး။ ထဲထဲဝင်ဝင်များကို ထဲထဲဝင်ဝင်ဖြစ်သည်အထိ သွားရောက်ပြီး။ ကိုယ်တိုင် ချည်ငင်ဖြစ်၊ ကိုယ်တိုင်ချည်လုံးဖွဲ့ခံပြီးပြီလား။ ရှုပ်ထွေး နေခြင်း မှသည် -> ပုံစံ (၀ါ) သဏ္ဍန်တစ်ခုသို့ကူးပြောင်းခြင်း ဖြစ်စဉ်တွင် အခု ပါဝင်နေပြီး။ နောက်ဘ၀တစ်ခုဆီ(မရေရာခြင်းခဏချန်လှပ်ထားစို့) ခဏပေါ့။ ခဏခဏ ခဏပေါင်းများစွာမှာ နောက်ထပ် ကိုယ်ရောသူရော မဟုတ် အခြားသစ်လွင်ခြင်း တစ်ခုဆီသွားရမယ်။ ကမ်းပါးပြိုသလို ပေါ့ ဘာမဆိုင် ညာမဆိုင် တစ်ခုခု အလျှင်အမြန်ပြုလိုက်တယ်။ ဒါ..ကရုတ်ခြည်း ဦးခေါင်းထက်က ကြိုးကိုလာထိခတ်တာ။ လေပြေလေး လာဝှေ့သလိုမျိုး။ ခဏရပ်။ ဆက်မယ် ဆိုပါစို့ ကမ်းပါးပြိုသလိုပြန်လာပြီ ဒါပေမယ့် မသေချာသေး ကမ်းပါးလိုမဟုတ် ထန်းညက်ခဲရေစိမ်သလိုလည်းမဟုတ် အသွင်ပြောင်းတာက တန်းဖိုးမတူလည်း ဒါက အုတ်ခဲတွေ ဖော်ဝဒ်လုပ်သလိုမျိုး၊ ဒီကနေဟို ပုံစံတူချင်မှတူမယ်။ ရေးပြီးသားပြန်ဖျက် ဖျက်ပြီးပြန်ရေး နေဦး ဒါက အတည်တန်ဖိုးနဲ့ မူလဖြစ်တည်/တည်ရှိ/ကျရောက်မှု တူညီနေသလို။ ဟုတ်တယ်လား အတည်တန်ဖိုး။ ဒါကနေထပ်ပေါင်းသလား ၊ လျော့ကျသွားသလား။ ဒီလောက်ဆို ထိခိုက်မှု့တွေ ဖမ်းဆုပ်ခြင်း(ဟုတ်သလိုလိုပဲ) ခဏရပ်နားဦးစို့။ ပြီးမှ ယပင့် နဲ့ယရစ်တွေ နေရာအထားအသိုပြန်ကြည့်။ အိုခေလား။ ဖြစ်စဉ်တစ်ခုလုံးကို ပြန်လည်ဆင်ခြင်ခြင်း မပြီးဆုံးခင်အချိန်လေးထိ။ ဘ၀လို။ လုပ်ဆောင်ရမှာ သိပြီးသားကြီး။ ပြန်နွှေး။


ကျော်ညိုသွေး

Comments

Popular posts from this blog

ကျွန်တော် အနှစ်သက်ဆုံးကဗျာ

ညီမလေးနှင့် ကျွန်တော်

ကျူပင်စု က ဆရာလေး