Search Box မှာ အဲဒီနာမည်ချည်း ရိုက်ထည့်နေမိ ဟူးးးးး


လိုချင်တပ်မက်စိတ်ဆိုတာ
ဆယ့်လေးလက်မ ပေတံရဲ့ အလယ်တစ်ဝက် ကိုကျော်တာနဲ့
မလိုလားအပ်တဲ့ တန်ဖိုးတွေ ဖြစ်သွားတတ်တယ်။
ဇာတ်ရှိန်အနိမ့်အမြင့်က ဖန်တီးသူရဲ့လက်ထဲမှာပေါ့
ကိုယ်ကြိုက်ရာကိုယ်ရွေး
ကိုယ့် အတိုးအလျှော့မှာ ကိုယ်ကိုယ်တိုင်သာ ခံစားရော့။
လှန်လှောပါများလို့ ဒီစာရွက်ဟာ နွမ်းကြေနေမယ်
စာရွက်အမျိုးအစားနဲ့ အထူအပါးအတိုင်း အချိန်တိုင်းမှာ
စုတ်ပြဲဖို့ ၀ဋ်နာကံနာနဲ့ လိုက်ရောညီထွေ။
စိတ်အဆာမပြေခြင်းနဲ့ လွယ်လွယ်လက်လျော့ခြင်း
တိုက်ရိုက် အချိုးကျသလား တွေးကြည့်တယ်။
တစ်ချို့အစားအစာက စားကောင်းတယ် ဆိုရုံမြည်းစမ်းစရာ
တစ်ချို့အစားအစားက ခံတွင်းချဉ်လာရုံ တို့ထိစရာ
တစ်ချို့အစားအစာက ပလုတ်ပလောင်း လွေးစရာပေါ့။
ကိုယ့်ရှေ့က စာအုပ်ထဲမှာ ဘယ်စာမျက်နှာဟာ
ကိုယ့်အတွက်လဲ။
တစ်ယောက်က အထီးကျန်လို့ဆိုပြီး ကိုယ့်ဆီ ဖုန်းဆက်တယ်
ကိုယ်က တီဗွီဖွင့်ထားဖို့ အကြံပေးလိုက်တယ်။
အဲဒီလို ကိုယ့်မသိစိတ်ကို ကိုယ်တိုင်လိမ်ညာနိုင်ဖို့ ကြိုးစားရင်း
အတွေးဆိုတာ ပဲ့တင်ထပ် တတ်တယ်…
ပဲ့တင်သံချင်းရိုက်ခတ်ပြီး အတွေးတွေ ဆင့်ပွား
ကိုယ်တို့ သွားရာ လမ်းကြောင်း တွေ ဝေ့၀ိုက်ရှည်လျား
ဒီမီးရထားကြီး လည်ပတ်လို့
မရပ်သေးဘူး လိုချင်တဲ့ အမှတ်ဆီ မရောက်သေးသရွှေ့။
ကိုယ့်လက်ထဲ က ရေသန့်ဗူးလေးကို ပဲ အားကျတယ်။


ကျော်ညိုသွေး

Comments

ကဗျာတွေလာဖတ်သွားပါတယ်ကိုကျော်ညိုသွေး..
ကျန်းမာရွှင်လန်းပါစေ..

ခင်မင်စွာ
သဒ္ဓါ
လက်ထဲကရေသန့်ဗူးကမှ ကိုယ့်အတွက်လိုအပ်တယ်း))
ကဗျာလေး ဖတ်ရှုခံစားသွားပါတယ်..
ပျော်ရွှင်ပါစေ...
Anonymous said…
ပေတံကလေ ဆယ်နှစ်လက်မဘဲရှိတာ မေ့မှာစိုးလို့ ကာရန်အတွက်သုံးထားတာများလားဘဲ၊ ဘဝမီးရထားကြီးကတော့ ဒီလိုဘဲ လည်ပတ်နေမှာပါဘဲ ဆုံမှတ်ဆိုတာရောက်ဘို့ကတော့ သိပ်မလွယ်လှသေးဘူး၊
ခင်တဲ့
အန်တီ

Popular posts from this blog

ကျွန်တော် အနှစ်သက်ဆုံးကဗျာ

ညီမလေးနှင့် ကျွန်တော်

ကျူပင်စု က ဆရာလေး