ကြောက်ပါတယ်

တစ်စင် ဆို တစ်စင် ဆောက်လည်း
အရင်လိုအချဉ်ပေါက်ဆဲ
ပင်ကို ယဉ်သလောက်လည်း
မကြင်လိုချင် ဖေါက်လွှဲ။

ရင်ကိုပင် လျှောက်ခွဲ
တစ်ပင်ဆိုတစ်ပင် ပေါက်လည်း
သင်လို ခင်တစ်ယောက်ပဲ
မမြင်လိုချင် ကြောက်ဆဲ။

ကျေးဇူးပြုပြီးသွေပါ
အလေးအထူးပြုပြီးနေမှာ
မအေးဘူး အတုမီးတွေပါ
မပေးဘူး အတုချည်းတွေသာ။

အကြည့်တစ်သောင်းမကပင် အများကြီးရယ်
အသိအပေါင်းကပင် တားဆီးတယ်
မိကောင်းဖခင် သားသမီးရယ်။

ကျော်ညိုသွေး

Comments

Popular posts from this blog

ကျွန်တော် အနှစ်သက်ဆုံးကဗျာ

ညီမလေးနှင့် ကျွန်တော်

ကျူပင်စု က ဆရာလေး