အရွှေ့အလျှားရဲ့ အရသာ


ငယ်ငယ်တုန်းက သုံးခဲ့ရတဲ့
“ဖိုက်တာ” တံဆိပ် ဗလာစာအုပ်လေးက
ဘယ်မှာလဲ။
မနေ့ကလည်း ဒီနေ့လို နေ့တစ်နေ့ပဲ
ဒီနေ့လိုပဲ နေသာတယ်
ငှက်တွေဟိုဟိုသည်သည်ပျံတယ်
ပတ်ဝန်းကျင်တွေစိမ်းလန်းတယ်
ဒီနေ့ဟာ မနေ့က မဟုတ်ဘူးလား
မနေ့ကလည်း ဒီနေ့လိုနေ့တစ်နေ့ပါပဲ။

အနှစ်လေးဆယ် တုန်းကတော့
နှလုံးသွေးထဲက ပြဇတ်တစ်ပုဒ်
အခုတော့ ဒစ်ဂျစ်တယ်နံရံတွေဆီက
ကလစ်ခ်သံများ။

ကျော်ညိုသွေး

Comments

Popular posts from this blog

ကျွန်တော် အနှစ်သက်ဆုံးကဗျာ

ညီမလေးနှင့် ကျွန်တော်

ကျူပင်စု က ဆရာလေး