မှန်မကြည့်တဲ့ငါ

အင်ဒီဝါးဟိုးလ်း ကတော့ပြောတယ်
“အားလုံးလှနေရင်
ဘယ်သူမှ မလှတော့ဘူး” တဲ့။
ဒါဆို …
အားလုံး မလှရင်ကော
အားလုံးလှနေမလား
ဒါမှမဟုတ် မလှသေးဘူးလား။

အားလုံးလှသည်ဖြစ်စေ
အားလုံးမလှဘူးဖြစ်စေ..
အားလုံးက လှဖို့ ကြိုးကြိုးစားစား။

အဆံမရှိလည်း မှန်ကြည့်လို့ တစ်ချို့က ပြင်နေကြ
ဟန်မရှိလည်း အသံရှိလို့ တစ်ချို့က ယဉ်နေကြ
မနက်မိုးလင်းတိုင်း မှန်ကြည့်နေကြရ
အလှကြည့်ဖို့ပဲဖြစ်ဖြစ်
ဘ၀သိဖို့ပဲဖြစ်ဖြစ်။

တစ်ချို့ကလည်း အထာရှိဖို့ ကြည့်ရ
တစ်ချို့ကလည်း အနာသိဖို့ ကြည့်ရ
ဇရာသိဖို့အတွက်ကတော့
ငါ့ကိုယ်ငါလည်းမသေချာ။

ကျော်ညိုသွေး

Comments

လေပြေ said…
ဒီကဗျာကို ကြိုက်တယ် bro ?
Anonymous said…
လောကကြီးကို မှန်လို ကြည့်မြင်တတ်တာပိုလှတယ်...
ခင်တဲ့...
အန်တီ

Popular posts from this blog

ကျွန်တော် အနှစ်သက်ဆုံးကဗျာ

ညီမလေးနှင့် ကျွန်တော်

ကျူပင်စု က ဆရာလေး