အထီးကျန် (၂)


ရန်ကုန်မြို့ကြီးထဲ…
လူတွေက ကိုယ့်အတွေးနဲ့ မျော
ကိုယ့်အမောနဲ့ ပြေး
ကိုယ့်အရေးနဲ့ လိမ့်။

နေမသာပဲ လေလာတဲ့နေ့တစ်နေ့
သူငယ်ချင်းတို့စုံတွဲနဲ့ ရုပ်ရှင်သွားကြည့်တယ်။
ဟာသကားက ကောင်းလိုက်တာ။
ပေါက်ပေါက်ပွင့်တွေ ၀ါးရင်း......                                                                      
မျက်ဝန်းကမ်းပါးမှာ အနားသတ် ပုလဲလေးတွေ
တွဲလဲခိုလို့ရယ်။

ကျော်ညိုသွေး

(ညီငယ် သူရဿဝါ တို့ နဲ့ သူငယ်ချင်းယောက္ခမ ဇတ်ကား သွားကြည့်ကြတုန်းက အမှတ်တရ) 

Comments

Bravo said…
အထီးကျန်

ထီးထီးကြီး ကျန်နေခဲ့ပါပြီ
ဘဘ.... ဘာလို့ပုလဲလေးတွေခိုတာလဲဟင်။ :)
zue said…
ဟုတ်ပါ့နော်..
ကိုယ့်အမောနဲ့ ပြေးကိုယ့်အရေးနဲ့ လိမ့်။
မောတယ်.. မောတယ်.. ကြည့်ရင်းလည်း မောတယ်..
ကိုယ်ကိုယ်တိုင်လည်း မောတယ်...
Anonymous said…
ပုလဲခိုတာကရုပ်ရှင် ဇာတ်လမ်းကြောင့်လား သူများအတွဲနဲ့ သွားရလို့ အားငယ်လို့လား တခုခုဘဲ
ဒါပေမဲ့ ကဗျာတပုဒ်တော့ ရလိုက်တာပေါ့။
ခင်တဲ့
အန်တီ
Mhu Darye said…
စာလာဖတ်တယ် ။

Popular posts from this blog

ကျွန်တော် အနှစ်သက်ဆုံးကဗျာ

ညီမလေးနှင့် ကျွန်တော်

ကျူပင်စု က ဆရာလေး