ညီမလေးရဲ့ USB Port


ဟို stick အထိုးခံလိုက် ၊ ဒီ stick အထိုးခံလိုက်ဆို
ညီမလေး PC ကို Virus တွေ ကိုက်လိမ့်မယ်။
ကိုယ့် stick နဲ့ကိုယ်ထိုး ရင် ဘယ်လောက် ထိုးထိုး
ညီမလေး ဟာက သန့်နေမှာ။
မှန်မှန် PC သန့်ရှင်းရေးလုပ်တာနဲ့တင် သက်တမ်းကုန်တဲ့အထိ
ပစ္စည်းတွေ ကျန်းမာမယ်။
stick တွေက ကိုယ့်ဟာမဟုတ်ရင် ဘယ်သူ့ဟာမှ ယုံကြည်စိတ်ချရတာ
မဟုတ်ဘူး။
မလွှဲသာလို့ တစ်ခြား stick ကိုထိုးရမယ်ဆိုရင်တောင်မှ
အကာအကွယ်လေး ဘာလေး ထည့်ထားပါ။
အဲ့ဒါမှ စိတ်ချရမှာ။
မျက်စိကိုဖွင့်၊ နားကိုစွင့် စာလည်းများများဖတ်နော်
အကာအကွယ်တွေ အတွက်ကတော့ ဈေးသိပ်မကြီးပါဘူးကွာ
ညီမလေး USB အပေါက်ကလေးကို တစ်ခြား stick တွေ လာထိုးလို့
Virus တွေ ၀င်မှာကြောက်ရင် အဲဒီအကာအကွယ်တွေ လွယ်လွယ်ရနိုင်ပါတယ်။
တစ်ချို့ဆို အဲဒီအကာအကွယ် ပစ္စည်းတွေကို
အလကားတောင် ပေးသေးတယ်။
ညီမလေး သုံးကြည့်နော်။
အကာအကွယ် မထည့်ထားပဲနဲ့တော့ မိုက်မိုက်မဲမဲနဲ့ stick တကာ
လာလာထိုးတာကို လက်မခံပါနဲ့ကွယ်။

ကျော်ညိုသွေး

Comments

ဟိုက်
အကာကွယ်ကြေငြာလားဗျာ
း)
ဒါလည်းကောင်းတာပဲဗျာ့
မျက်စိကိုဖွင့် နားကိုစွင့်..
PC သန့် ရှင်းရေးနော် ..ဟုတ်ကဲ့ ဟုတ်ကဲ့ :P

(ဘလော့ကာတို့ ၏ကဗျာရပ်ဝန်းမှ တဆင့်လာခဲ့တာပါဗျာ)


ခင်မင်လျှက်
အုပ်ကြီး
Unknown said…
မိုက်လှချည့်လားညီလေး
Anonymous said…
AIDS အတွက် စပ်ဆိုထားတာထင်တယ် အမှတ်မမှားရင်ပေါ့။
ခင်တဲ့...
အန်တီ

Popular posts from this blog

ကျွန်တော် အနှစ်သက်ဆုံးကဗျာ

ညီမလေးနှင့် ကျွန်တော်

ကျူပင်စု က ဆရာလေး