သိစေချင်တယ်

.
အချစ်တွေက ပုရစ်တွေဖူးတိုင်း
အရူးသိုင်းကသလို ရိုင်းရိုင်းထတောက်လောင်တယ်။
တစ်ကယ်တမ်းတော့ မပီပြင်တဲ့ ပန်းချီကို ငါမမုန်းနိုင်ပဲ
ဆွဲချင်နေမိရဲ့ကွယ်။

နင့်ရဲ့ငယ်ရုပ်ကလေးနဲ့
တစ်ကယ်အဟုတ်
ငါ့ရင်ကိုလှုပ်စေခဲ့တဲ့ နှုတ်ခမ်းပါးမှာ
ငါအလွမ်းသမားဖြစ်ခဲ့တာ သေချာပါတယ်။

အဖြေဟာ မသေချာပဲ နေလာလည်း ငါပဲရူးမယ်
မညှာ အသည်းရူးအောင်ကိုခြွေ
လိုနေတယ်နေတိုင်းမှာ ငါ့အနှိုင်းမဲ့ဟာ နင်ပါကွယ်။

ကြင်နာတယ်ဆိုတဲ့စကားထက်
ခမ်းနားတဲ့အဓိပ္ပါယ်တစ်ခုလောက်ရှိရင်
သိချင်သေးတယ် အဲ့ဒါငါ့စိတ္တဇပဲကွယ်။

အမြဲရယ်...
ငါ့အသည်း လည်း ထိတိုင်း မချိအောင်နာတယ်
ငါရယ်၊ မင်းရယ် အကြောင်း
တစ်သောင်းသော စကားနဲ့ အများက သိနေစဉ်
သေချင်မလောက် မင်းဥပေက္ခာတွေနဲ့
တို့ ချစ်တာ...
သစ္စာတွေလည်း အလဲလဲအကွဲကွဲနဲ့
အမြဲပဲရှုံးနေလေရဲ့။

မသေပေမယ့် အခြေအနေအတော်ဆိုး
အော်...
အတိုးနဲ့ရွာခဲ့တဲ့ မိုးထဲမှာလေ။

ငါလေ...
နင့်ကိုတွေ့စဉ် အချိန်တိုင်း
အရှိန်တိုင်းမရတဲ့ စိတ္တဇနဲ့ကြေကွဲ
နေမြဲတိုင်း ဖြေသာအောင် ဖန်ဆင်းဖို့
မင်းနဲ့တို့...
မောင်နှမမှ မဟုတ်တာကွယ်။

အဟုတ် နာတယ်ရင်ထဲ
ကြင်နာဆဲ ကြင်နာသူတွေ မြင်ပါရင်လေ..
ကျင်နေဆဲ စိတ်ဒါဏ်ရာ
ပိုနာတာ အခါခါပေါ့ ခါးလှတယ်။

လူတွေကြား နင်နဲ့ငါဆုံရင်
မြင်နေတဲ့သူတွေရဲ့ စူစမ်းအကြည့်မှာ
ရုးနှမ်းသွားအောင် ငါမျက်လုံးတွေ ၀ါးခဲ့တာ
ဇွတ်ထားခဲ့တာလွယ်ပေမယ့်
သေမယ့် အခါ ပါလာမယ့် အမာရွတ်တွေငါထွေးပိုက်လို့
မိုက်တယ်လို့ဆိုချင်ဆို..
ငိုချင်စရာကိုထွေးပိုက်မိတိုင်း
မချိတိုင်း မင်းကိုတမ်းတတယ်။

နှုတ်ခမ်းဝက ချစ်စကားတစ်ခါ ခြွေဖို့
အခြေအနေတို့စောင့်ဆိုင်း
မင်း သဘောအတိုင်း ခြေလှမ်းတွေ ဖြည်ခဲ့တာနဲ့
မကြည်တဲ့ မင်းမျက်နှာကို ငါအခါခါကြည့်
မင်းမသိခဲ့တဲ့ ငါ့စာနာမှု့တွေလည်း
လေထဲက ကြိုးမဲ့စွန်
မင်းမလွန်ပါဘူး ခံခဲ့ရပေမယ့်
မင်းအမှန်လို့ပဲ တို့ယူဆပေးပါမယ်။

Comments

ဟုတ်ကဲ့ တိတ်တိတ်လေးချစ်ရတယ်လူတစ်ယောက်ရဲ့အဖြစ်ကို
ပေါ်လွင်အောင် ဖြေးဖြေးချင်း ဖြည်ပြသွားတယ်...
ကောင်းတယ်ဗျာ..
မင်္ဂလာပါ
puluque said…
တကယ်ခံစားရပါတယ်. တော်တော်လေး ကောင်းတဲ့ ကဗျာလေးပါ။ ကျတော် စုစုပေါင်း ၄ခေါက်တိတိ သေသေချာချာဖတ်သွားတယ်။ စကားလုံးတိုင်း စာလုံးတိုင်းမှာ ခံစာချက်တွေကို တွေ့နေရသလိုပါပဲ
အိတာ said…
မိုက်တယ်နော်...
တကယ်ခံစားချက်တွေပြည့်နေပုံပဲ...


အမြဲခင်တဲ့
အိမွန်တာ

Popular posts from this blog

ကျွန်တော် အနှစ်သက်ဆုံးကဗျာ

ညီမလေးနှင့် ကျွန်တော်

ကျူပင်စု က ဆရာလေး