သို့…မိဆောင်းတစ်ခက်





































သို့…မိဆောင်းတစ်ခက်



Gold Roast သောက်လို့ ရင်မတုန်ရဘူး

သူများတွေ လုသောက်မှာစိုးလို့တော့

ရင်တုန်ရတယ်……..။

အသေအချာလွဲချော်နေတဲ့ ကံကြမ္မာမို့

ဘာမှစောဒကလည်း မတက်လိုတော့ဘူးလေ

ကိုယ့်ရည်မှန်းတာတွေ ဖြစ်သည်ဖြစ်စေ

မဖြစ်သည်ဖြစ်စေ

မနက်မိုးလင်းတိုင်းပြေးရဦးမယ်…။

နမ့်မ်ဆမ်မှာလည်း ရန်ကုန်လိုပဲ

နှင်းတွေ ကျတဲ့အခါ

ငါ့ကိုသတိရပါ။





ဆိုင်ကယ်စီးတိုင်းလည်း ဟဲလ်မက် ကိုဆောင်းပါ။

ငါကမင်းကို တွေ့တိုင်းဆူပေမယ့်

မင်းကိုနာကျင်စေချင်လို့မဟုတ်ပဲနော။

ဟော့ဒီ မြေပြန့်မှာလည်း

မင်းကိုလွမ်းလို့

တို့ဟူးသုပ်ဆိုင် ၀င်ချင်ဝင်နေမယ်

ရှမ်းခေါက်ဆွဲဆိုင် ၀င်ချင်ဝင်နေမယ်။





မင်းသိခဲ့ရဲ့လား

Gold Roast သောက်လို့တော့ရင်မတုန်ရဘူး

သူများတွေလုသောက်မှာစိုးလို့ရင်တုန်ရတယ်နော။







ကျော်ညိုသွေး

Comments

အိမ် said…
အဟီ နောက်သလိုပြောင်သလိုနဲ့ရေးထားတယ်ဗျာ။
အတော်နောက်တာပဲဗျာ။
ကောင်မလေးကို နောက်တီးနောက်တောက်နဲ့ ချွဲနေသလိုပဲ

Popular posts from this blog

ကျွန်တော် အနှစ်သက်ဆုံးကဗျာ

ညီမလေးနှင့် ကျွန်တော်

ကျူပင်စု က ဆရာလေး