ဖဲရိုက်တာအသည်းခိုက်စရာလား?

ဘောလုံးဝါသနာမပါတဲ့ သူကဘောလုံးကန်တဲ့ အရသာကို ဘယ်လိုမှ မခံစားနိုင်သလို။ ဘောလုံးသမားကလည်း ကြက်တောင်ကစားရတာ ကို ခံစားနိုင်မှာမဟုတ်ဘူး။

ဒီလိုပဲ ကျွန်တော်အတွက်ကလည်း ဖဲရိုက်တာကိုဘယ်လိုမှ ခံစားလို့မရဘူးဗျာ။ ပြီးတော့ ခံစားလို့မရရုံတင်မကဘူး ဖဲကို ဘယ်လိုမှ မရိုက်တတ်တာ။ ဖဲရိုက်ဖို့လည်း စိတ်မပါဘူး။ ဖဲမရိုက်တတ်လို့သူငယ်ချင်းတွေက သင်မလားဆိုလည်း `ဟင့်အင်း ´ ။ သင်ဖို့ကိုတောင်မှ စိတ်မပါတာလေ။ သူငယ်ချင်း တွေက ရိုက်တတ်နေပြီး ကိုယ်ကမရိုက်တတ်တော့ တစ်ခါတလေကျရင် အတော်လေးကို စိတ်ပျက်စရာ ဖြစ်မိတာမျိုးတွေ ရှိတယ်။

ကိုယ်ကတစ်နေရာသွားချင်နေပြီး သူငယ်ချင်းကိုသွားခေါ်တော့ ဒီကောင်ကဖဲရိုက်နေရော ။ `လာကွာသွားရအောင်` ဆိုပြီးခေါ်ရင် `ခဏလေး တစ်ပွဲတည်းကွာ`ဆိုပြီးပြောလို့စောင့်လိုက်ရတာလည်း ပွဲပေါင်းမနည်း သူတို့ဖဲရိုက်နေတဲ့ ဘေးနားသွားထိုင်တော့လည်း ဘာမှမသိဘူး။ သူတို့ ပြောနေတာတွေက နားမလည်။ ဘာမှလည်းဝင်မပွားတတ်ဘူး ဆိုတော့ ကြာလာတော့ပျင်းလာတယ်။

သူတို့ကတော့ ဖီးလ်တွေတတ်လို့ ဖဲချပ်တွေကို တရွှတ်ရွှတ်နမ်းလို့နမ်း၊ တဖြောင်းဖြောင်း ရိုက်လို့ရိုက်။ သူဟာနဲ့သူတော့ဟုတ်လို့။ ဖဲရိုက်တာ အသည်းခိုက်စရာများ ကောင်းနေလို့လားမသိဘူး။း) ဟိုတစ်နေ့ က ဆို အိမ်နားကအန်တီတစ်ယောက် ဆုံးတာ တစ်လပြည့်အာရုံဆွမ်းကပ်ဖို့သူတို့အိမ်မှာ ပြင်ဆင်ကြတော့ သူငယ်ချင်းတွေ စုမိ ကြတယ်။ အဲ့ဒီနေ့ကကိုယ်ကအပြင်ကပြန်လာပြီး တိုင်ပင်စရာရှိလို့ သူငယ်ချင်းကိုသွားခေါ်မှ သူကဖဲဝိုင်းမှာ ဒေါင်းနေပြန်ရော `လာကွာပြောစရာရှိလို့` ဆိုတော့`ခဏလေးကွာ ဒီတစ်ပွဲတည်း´ တဲ့လေ ဒါနဲ့ဒီတစ်ပွဲတည်းလုပ်လိုက်တာ ဆယ်တစ်နာရီခွဲကနေ ဆယ်နှစ်နာရီခွဲ ပြီးမှပဲကိုယ်ပြောချင် တာပြောရတော့တယ်။ပြောရတာ သိပ်ဖီိးလ်မလာတော့ဘူး။ ကိုယ့်ဖီးလ်တွေ သူဆီပါ သွားလို့။

အဲ့ဒီသူငယ်ချင်း က ဖဲဖြတ်ထားတာ။ ဖဲစွဲနေတုန်းက ဆိုအ ကြွေးတွေ ထူလို့။ ညည်းလိုက်တာလဲမပြောပါနဲ့တော့။ သူ့အမေဆို ပြောလိုက်တာလဲမွှန်လို့ရယ်။ ဒါနဲ့သူလည်း စိတ်ဆင်းရဲ ပြီး ဖဲမဆော့တော့ဘူးဆိုပြီး ဖြတ်ချလိုက်တာ။ ဒါတောင် တစ်ခါတစ်လေ အပျော် ၀င်ဆော့သေးတယ်။ သူဆော့နေရင် ကျွန်တော်က ဘေးကနေ စိတ်ညစ်နေတာပဲ။ ကျွန်တော်အတွက်တော့ ဘာမှအရသာမရှိဘူး။ ပြီးတော့ လောင်းကစားနဲ့ဆို ဘယ်လောင်းကစားနဲ့မှ အကျိုးကို မပေး တာ။ ဖဲသမားတွေ ကြည့်လိုက်ရင်လည်း ပေတေနေတဲ့သူက များပါ တယ်။ သူငယ်ချင်း ဖဲစွဲနေတုန်းကလည်း ပေတေနေတာပဲလေ။

ဖဲရိုက်တာ အသည်းခိုက်စရာလားကွယ်

အမြဲလိုက်ကာသွားပေမယ့်

အသည်းခိုက်စရာ တစ်ပြားမှမတွေ့

ကဲ အမိုက်ငါ မှားပေပေါ့

သွားလေတော့ ဖဲဝိုင်းကို တစ်ခါမြန်းမိရင်

ပန်း ချိ အောင် နွမ်းရတယ်

လှမ်းမကြည့်ဝံပါကွယ်။

(ဒါက စိတ်ပေါက်ပေါက်နဲ့ရေးလိုက်တာပါ။ ဘာတွေရေးမိမှန်းကိုမသိတော့ဘူး။)







Comments

ဖဲရိုက်တာ အသည်းခိုက်စရာလားကွယ်

အမြဲလိုက်ကာသွားပေမယ့်

အသည်းခိုက်စရာ တစ်ပြားမှမတွေ့

ကဲ အမိုက်ငါ မှားပေပေါ့

သွားလေတော့ ဖဲဝိုင်းကို တစ်ခါမြန်းမိရင်

ပန်း ချိ အောင် နွမ်းရတယ်

လှမ်းမကြည့်ဝံပါကွယ်။

ကောင်းတယ်..။ ဘာရေးရေး..ကောင်းတယ်..
MrDBA said…
ဖဲလာရိုက်သွားတယ် .. ဟိဟိ။ စကားမစပ် ဖဲရိုက်တာ အသဲခိုက်စရာ မဟုတ်ရင်တောင်မှ အနော့လင့်ကလေးကို လိပ်စာသစ်ကလေး အားရင်ပြောင်းပေးပါလား ကိုဂစ်တာကြီး။ အလုပ်များစေမိပြီမို့ အားနာပါတယ်ခင်ဗျ။

Popular posts from this blog

ကျွန်တော် အနှစ်သက်ဆုံးကဗျာ

ညီမလေးနှင့် ကျွန်တော်

ကျူပင်စု က ဆရာလေး