ရွှေစင်တစ်သိန်း

















image source from www.denvergov.org

ရွှေစင်တစ်သိန်း


မီးရထားပေါင်း အစီးရေ ထောင်သောင်းမက
ဖြတ်မောင်းနေတဲ့ည
မင်းသိရဲ့လား?
ငါ ကလေးလေး ပြန်ဖြစ်သွားပေါ့။
မိုးပျံပူဖောင်းလို လွင့်ချင်တိုင်းလွင့်
မျောချင်တိုင်းမျော….။
ဒေါသမပါတဲ့ မီးတောင်လည်း ပေါက်ကွဲလုဆဲဆဲ
ပန်းပွင့်တွေ အလှဆုံးပွင့် နေကြပြီထင်ရဲ့
စာရွက်တစ်ရွက်လှန်တိုင်း ရသ က တစ်မျိုးထူးတယ်။
ဒီညဟာ ဖောင်းကြွ ပန်းချီတစ်ချပ်ဖြစ်ခဲ့ပေါ့။


မင်းအသက်ပြင်းပြင်းရှုလို့

မင်း ဂျနီဖာလိုပက်ဇ်လို မိ လို့
မင်း Rider pants တွေ ကြိုက်လို့
ကလေးလေး တစ်ယောက်လို ပြေးလွှားဆော့ကစားတတ်လို့
ကိုယ့်ကိုယ်ကို နှိပ်စက်မိတာတွေ လည်း လွင့်ပြယ်တော့မယ်။
ကျေးဇူးပါချစ်သူ။


ဒီအချိန်….

မင်းလက်ပတ်နာရီလေးကို မချွတ်ပေးစဖူး
တယုတယ ချွတ်ပေးလို့
ငါ့နှုတ်ခမ်းပေါ် စတော်ဘယ်ရီ သီးတွေ ချိုတဲ့အခါမို့
ရေအိုင်ထဲ စိတ်ချလက်ချ ဆင်းပါရစေကွယ်။




ကျော်ညိုသွေး


Comments

မိုက်တယ်ဟေ့၊ ဟတ်ထိသွားပြီး။ :)
ဟိ၊ ဂျနီဖာလိုပက်တော်တော်ကြိုက်လား။
ကောင်းတယ်ဗျ

ဒီအချိန်….
မင်းလက်ပတ်နာရီလေးကို မချွတ်ပေးစဖူး
တယုတယ ချွတ်ပေးလို့
ငါ့နှုတ်ခမ်းပေါ် စတော်ဘယ်ရီ သီးတွေ ချိုတဲ့အခါမို့
ရေအိုင်ထဲ စိတ်ချလက်ချ ဆင်းပါရစေကွယ်။

ဆင်းစေဗျား ရေအိုင်ထဲ အအေးမမိခင်တော့ ပြန်တက်လာခဲ့နော်...ရေလည်းမနစ်စေနဲ့ဦး

Popular posts from this blog

ကျွန်တော် အနှစ်သက်ဆုံးကဗျာ

ညီမလေးနှင့် ကျွန်တော်

ကျူပင်စု က ဆရာလေး