အခုထိမိန်းကလေးတစ်ယောက်အတွက် လေလွင့်ချင်နေသေးတယ်။

အခုထိမိန်းကလေးတစ်ယောက်အတွက်
လေလွင့်ချင်နေသေးတယ်။
ရောင်စုံကျူရှင်တွေ ရှိရာအရပ်ကို သွားလို့
ဟိုငေး သည်ငေး…။
အတည်တကျ မရှိသေးတဲ့ ကိုယ့်အပြုံးတွေ ၊ ကိုယ့်အပျော်တွေ
မြို့ပတ်ရထား တစ်စီးလို
အချိန်တန်တော့ လည်း အိမ်ပြန်ခဲ့။

STEP အင်္ကျီ အနီလေးဝတ်လို့…
AIIZ အင်္ကျီ အပြာလေးဝတ်လို့
ကိုယ့်ခြေလှမ်းတွေလည်း ဒီနေရာတွေထပ်လို့
မြခြူးတံဆိပ်လေး ၀တ်ခဲ့တယ်…
မြကြာဖြူ တံဆိပ်လေး ၀တ်ခဲ့တယ်…
ဦးထွန်းလင်းခြံလမ်းထိပ်က ခြေရာတစ်စုံ အခုထိရှိနေဦးမလား။

ဒီနေ့ထိ ဆွဲလို့မပြီးသေးတဲ့ ပန်းချီတွေ…
ရေးလို့မပြီးသေးတဲ့ ကဗျာတွေ
အတော်ကိုမောဟိုက်….။

တစ်ယောက်တည်းလည်း ရွှေတိဂုံကို ရောက်ခဲ့တယ်..
တစ်ယောက်တည်းလည်း ကန်ဘောင်ပေါ်ကိုရောက်ခဲ့တယ်…
တစ်ယောက်ယောက်နဲ့ သွားဖူးတဲ့ နေရာတွေ
တစ်ယောက်ယောက်နဲ့ စားဖူးတဲ့ ဆိုင်တွေ
တစ်ယောက်တည်းပြန်ထိုင်ကြည့်ရင်း
အခုထိ မိန်းကလေးတစ်ယောက်အတွက် လေလွင့်ချင်နေသေးတယ်။


ကျော်ညိုသွေး

Comments

ကိုကြီး
လေမနေနဲ့
စတတ်နဲ့အေတူးဇက်ဝတ်ပြီးရင်ညီမလေးလာခေါ် နော်
ကြေးအိုးသွားစားမယ် :
ခင်တဲ့
ညီမလေး

Popular posts from this blog

ကျွန်တော် အနှစ်သက်ဆုံးကဗျာ

ညီမလေးနှင့် ကျွန်တော်

ကျူပင်စု က ဆရာလေး