မမြင်ဖူးတဲ့ လေပြည်

နင် Error တွေတက်တိုင်းစိတ်တိုလာပြီလို့
ပြောရတာနဲ့
ဒီသူဌေးကိုငါစိတ်ပျက်လာပြီလို့ ရင်ဖွင့်ရတာနဲ့
နင်အမောတွေလည်း ငါအမောဖြစ်ခဲ့
နင်နဲ့ငါကြား မိနစ်ကိုးဆယ်ပြင်
နင်နဲ့ကြား ဘယ်လိုဆက်သွယ်မှု့မှထပ်မရှိလေအောင်
နင်နဲ့ငါကြား နင်နဲ့ငါ ခင်မင်မှု့သာရှိလေတယ်။

နင်နဲ့ငါ....တွေ့တော့
နင်နဲ့ငါ...ရန်ဖြစ်၊ ပြန်ချစ်၊
နင်အလုပ်ပြန် အ၀ါရောင်အချိန်တွေဆို
ငါက ကျန်ရစ်။

အဲ့ဒီ့မနက်ဖြန်တွေ/မနေ့ကတွေ တုန်းကတော့
နင့်အတွက် အမှတ်တရ ပုံတူပန်းချီ နဲ့
လူတစ်ယောက်အတွက် အမှတ်တရ ပုံတူပန်းချီ နဲ့
ငါ့ကိုယ်ငါ ပုံတူပန်းချီဆွဲဖို့တော့ မေ့ခဲ့တယ်။

နင်နဲ့ငါကြား
နင်ရယ် ငါရယ်လွဲလို့
ဘယ်ကြားခံမှမရှိအောင် နှစ်ဦးဆိုင် ခင်မင်မှု့တွေနဲ့။

နင်သေသွားခဲ့ရင်တောင်
ငါသေသွားခဲ့ရင်တောင်
တစ်ယောက်ယောက်က
နင်များဘယ်ရောက်နေသလဲလို့
ငါများဘယ်ရောက်နေသလဲလို့
တွေးနေမိဦးမယ်။


ကျော်ညိုသွေး

Comments

လေပြေက မမြင်ရပေမယ့်...
ခံစားသိရှိနိုင်တယ်လေ

Popular posts from this blog

ကျွန်တော် အနှစ်သက်ဆုံးကဗျာ

ညီမလေးနှင့် ကျွန်တော်

ကျူပင်စု က ဆရာလေး