ကဗျာနဲ့ ငါနဲ့ ကဗျာနဲ့ ငါနဲ့ ငါ

ငါ့ကဗျာဟာ တန်းဝင်ဝင် မ၀င်ဝင်
ငါ့စာဟာ လမ်းအပြင်တွင် ကျဉ် … ကျဉ်။
မြင်ရာထင်ရာကို
တင်သာ တင်ကာ
မပြင်ပါ မဆင်ပါ
မြင်သာလာအောင် တွေးပြမယ်
ရင်မှာနာအောင် ရေးချတယ်။

ဒီမှာငါ့ကဗျာမှာ…
တစ်ခါတစ်လေ အမှန်နည်း ညာချင်ညာမယ်
တစ်ခါတစ်လေ အသံလည်းမာချင်မာမယ်။

ဒါပေမယ့်
တုပလို့လည်းမရေးဘူး
အနုအရွတို့ လည်းမရေးဘူး
အင်း….
ဆုရဖို့လည်း မရေးချင်ဘူး။

အချစ်ကဗျာဆိုတိုင်းလည်း
ကျူးမြောက်ချင်မှ ကျူးမြောက်မယ်
ဒူးထောက်ချင်မှ ဒူးထောက်မယ်
ရူးလောက်ချင်မှ ရူးလောက်မယ်။

ဟေ့. . .
အရူးတစ်ယောက်အတွက် ငါကဗျာမလုပ်ဘူး
မယူဘူးအနှောက်အယှက် အာပလာမရှုပ်ဘူး။

ရာသီဘွဲ့လည်းရေးချင်ရေးတယ်
နာရီနဲ့လည်းဝေးချင်ဝေးမယ်
လာအီခဲ့လည်း ပွေးချင်ပွေးမယ်။

ဟော….
ပန်းဆိုးတန်းနားမှာ
အရမ်းဆိုးသွမ်းတဲ့ နေပူပူကြား
လမ်းလျှောက်နေတုန်းမှာလည်း
လျှမ်းတောက်နေတုန်းပါပဲ
ကဗျာကိုချစ်တာလည်း
ငါဘယ်လိုပစ်မှာလဲ
အထာပယ် တစ်ကယ်ကိုချစ်တာပဲ။
မညာတယ် ဘယ်လိုညစ်စရာပဲတွေ့တွေ့လေ။

ငါအခုဒီမှာကဗျာရေးတယ်
စာမူခမရတာဟာ မတန်ချင်ပေမယ့်
ငါမပူရ ငါ့ကဗျာငါပြန်မြင်လေခဲ့။

အတန်ပင် မျက်လုံးတွေကရဲခဲ့ပြီ
မဟန်ချင် စကားလုံးတွေကခဲခဲ့ပြီ။
ပြန်မြင် မက်မဆုံး မေကလည်းခွဲခဲ့ပြီ။

ရဲခဲ့သည် ငါ့လမ်းကိုငါရွေးတဲ့အတွက်လည်း
မြဲခဲ့သည် ကဗျာ့ပန်းကိုရွေးခဲ့တဲ့လက်လည်း
မနည်းခဲ့ပြီ ဘ၀ကြမ်းကိုရွေးခဲ့တဲ့ အသက်လည်း။

ဆက်ကာပဲသွားမယ် ဘယ်လောက်ကြမ်းကြမ်း
ခက်တာပဲရှားတယ် ဘယ်လောက်မှန်းမှန်း
ပျက်ကာပဲသွားမယ် ဘယ်လောက်လန်းလန်း။

တမ်းတမနေတော့ဘူး ရှေ့ကိုဆက်လျှောက်
လွမ်းလျှမနေတော့ဘူး အကွေ့ကိုဆက်ဖောက်
လွမ်းသမျှတွေတော့ ဖူးမတွေ့လို Get out!!!


ကျော်ညိုသွေး

Comments

ရဲခဲ့သည် ငါ့လမ်းကိုငါရွေးတဲ့အတွက်လည်း
မြဲခဲ့သည် ကဗျာ့ပန်းကိုရွေးခဲ့တဲ့လက်လည်း
မနည်းခဲ့ပြီ ဘ၀ကြမ်းကိုရွေးခဲ့တဲ့ အသက်လည်း။

မိုက်လှချည်လား ညီရး)
ငါအခုဒီမှာကဗျာရေးတယ်
စာမူခမရတာဟာ မတန်ချင်ပေမယ့်
ငါမပူရ ငါ့ကဗျာငါပြန်မြင်လေခဲ့။
.....
ဟုတ်ပါ့
စာမူခ မရ လဲ မပူတော့ဘူးနော်..း)

Popular posts from this blog

ကျွန်တော် အနှစ်သက်ဆုံးကဗျာ

ညီမလေးနှင့် ကျွန်တော်

ကျူပင်စု က ဆရာလေး