သူနှင့်ကျွန်တော်

.

၁၉၉၀ ခုနှစ်အကုန် ကျွန်တော် သူငယ်တန်းအောင်ပြီး ပထမတန်းစတင် တက်ရောက်လောက်သော အချိန်တွင် သူ့ကိုမွေးဖွားခဲ့မည်ဟု ခန့်မှန်းရပါသည်။ သူနှင့်ကျွန်တော်ဧ။်အသက်အရွယ်ကွာခြားမှု့မှာ (၇) နှစ်ခန့်ရှိပါသည်။ သူဆိုသည်မှာ ကျွန်တော်ဧ။် ချစ်လှစွာသော ချစ်သူပင်ဖြစ်တော့သည်။ သူနှင့် ကျွန်တော်သည် ယနေ့ခေတ် ကမ္ဘာကြီးဧ။် တိုးတက်ပြောင်းလဲမှု့အရ ကျယ်ပြန့်သော အင်တာနက်ကမ္ဘာထဲတွင် စတင်တွေ့ဆုံခဲ့ခြင်းဖြစ်ပြီး ထူးခြားဆန်းကျယ်သော ကံကြမ္မာမျက်လှည့်ဆရာက ဆန်းကျယ်စွာ ကျွန်တော်တို့နှစ်ယောက်ကို ငြိတွယ်စေခဲ့သည်။ ထိုသို့ငြိတွယ်ခြင်း ထဲတွင် ကျွန်တော်ဧ။်နှလုံးသား နံရံပဲ့တင်ထပ်သံများသည် သူဧ။်နာမည်များထဲမှ ရုန်းမထွက်နိုင်အောင်ပင်ဖြစ်ခဲ့ဧ။်။ သူနှင့်ကျွန်တော် စတင်တွေ့ဆုံသည်မှ အစပြုရ်ျ စွဲလန်းမိခဲ့ရသော အစွဲအလန်းမှာ တစ်သက်တာအတွက် လုံလောက်သော အချစ်မေတ္တာ တံတိုင်းကြီးကို အလိုအလျှောက်တည်ဆောက်ပြီးစီးခဲ့ခြင်းပင်။
သူနှင့်ကျွန်တော်သည် အင်တာနက်ပေါ်တွင် တွေ့ဆုံချစ်ကြိုက်ခဲ့သော်လည်း ပြင်ပကမ္ဘာတွင်တွေ့ဆုံဖူးခြင်းမရှိကြသေးပါ။ ထိုသို့ပင်လင့်ကစား သူ့စကားလုံးကလေးများနှင့် ကျွန်တော်ပျော်မွေ့ဧ။် ။ ကျွန်တော်ဧ။်ခံစားချက်များနည်းတူ သူဧ။်နှလုံးသားတွင်လည်း ထိုသို့ခံစားရလိမ့်မည်ဟု ကျွန်တော်ရိုးသားစွာ ယုံကြည်မိပါသည်။ ကိုယ်စီဘ၀များ ရုန်းကန်လှုပ်ရှားရင်း သူနှင့်ကျွန်တော်သည် ကန္တာရနေ့ရက်တစ်ချို့တွင် တစ်ဦးနှင့်တစ်ဦး အိုအေစစ်များ ပမာ ထင်မှတ် ယုံကြည်လာခဲ့ကြသည်။ သူ့အချစ်ကြောင့် ပျောက်ဆုံးနေခဲ့ရသော မျှော်လင့်ချက်သစ်ပင်များကိုလည်း အသစ်တစ်ဖန်ပြန်လည်ရ်ျ ပျိုးထောင်နိုင်ခဲ့ရသည်။ သူ….ကျွန်တော့်ကို “ချစ်တယ်”ဟုပြောသောအခါ..ကျွန်တော်ဧ။် မျက်ဝန်းတို့မှ စိုစွတ်နေသော တိမ်များကို ပြန်လည်ရ်ျအမှတ်ရဆဲ…။
“အကို”…ဟုခေါ်သော သူ့မဧ။်ရိုးသားသော အသုံးအနှုန်းကို ကြည်နူးစွာသိမ်ဆည်းထားမိသည်။ ရေခြား မြေခြား ဝေးကွာသော နေရာမှ သူ့ကို ကျွန်တော်နေ့စဉ်မပြတ် အထပ်ထပ်သော မေတ္တာဆုတောင်းများဖြင့် ကောင်းမွန်စွာ ရှိနေစေရန် ဆန္ဒပြုနေမိသည်။ သူမဧ။် ထားဝယ်သံ ၀ဲသော ချစ်စဖွယ် ဆည်းလည်းသံလေးကို နှစ်ကြိမ်နှစ်ခါတိုင်ကြားဖူးခဲ့ပြီးနောက် သူရိုက်နှိပ်လိုက်သော စာလုံးများတွင် ထိုစကားသံဝဲ၀ဲလေးများကို အစဉ်အမြဲ ကြားနေမိခဲ့သည်။
တစ်ခါတစ်ရံတွင် သူနှင့်ကျွန်တော်တွေ့ဆုံခိုက် သူ့ကိုချစ်ခြင်းလွန်ကဲစွာဖြင့် အနုအရွစကားလုံးလေးများအစား ရန်စ ကျီစယ်သော စကားများနှင့် သူစိတ်ဆိုးအောင် စနောက်မိသည့်အခါ။ သူမဧ။် စိတ်ဆိုးပုံကလေးများသည် ကျွန်တော့်အတွက်တော့ သူမကို ပိုရ်ျချစ်မိစေရန် ဖန်လာခဲ့တော့သည်။ သူ့ကို ကျီစယ် ရန်စခြင်းကိုကျွန်တော်အဘယ့်ကြောင့် ပြုလုပ်သနည်းဟု မေးလျှင်ဖြေစရာအကြောင်းပြချက်မှာ တစ်မျိုးသာရှိနိုင်ပါသည်။ အကြောင်းမှာ သူမစိတ်ဆိုး၊စိတ်ကောက် ပြေသောအခါတွင် ပျော်ရွင်ရသော ကြည်နူးမှု့မှာ အတိုင်းမသိ ပြောပြစရာစကားလုံးမလုံလောက်သောကြောင့်ပင်။
သူတစ်ခါတစ်ရံ ပင်ပန်းစိတ်ရှုပ်နေသော အခါများတွင် ကျွန်တော်ကို ဂျစ်ကန်ကန် စကားလုံးလေးများဖြင့်လည်း ဆွဲဆောင်နိုင်ပါသေးသည်။ သူမသည် ကလေးဆန်သော 18 နှစ်အရွယ်မိန်မပျိုလေးတစ်ဦးပင်ဖြစ်လင့်ကစား။ သူဧ။် တည်ငြိမ်ရင့်ကျက်သော အတွေးအခေါ်များနှင့် ပြည်ဝနေသော သူတစ်ဦးလည်း ဖြစ်လေသည်။
တစ်ခါတစ်ရံတွင် ကျွန်တော်တို့နှစ်ယောက် တစ်ယောက်ကိုတစ်ယောက် ချစ်ရ်ျမ၀နိုင်၊ လွမ်းရ်ျမပြီးနိုင် ချစ်စကား အနုအရွလေးများဖြင့် တစ်ဦးဧ။်ရင်ကို တစ်ဦးလှုပ်ခါစေခြင်းငှာ ကြည်နူးမှု့တို့ဖြင့် နှစ်ဦးစလုံးဧ။်ရင်မှ ရင်ခုန်သံစည်းချက်များဖြင့် ကမ္ဘာပေါ်ရှိ ဂန္ထ၀င်တေးအလှများထက် သာလွန်သော ချစ်တေးအလင်္ကာများကို ဖန်တီးခဲ့ကြသည်။ တစ်ခါတစ်ရံတွင် ဘ၀ဆန်သော စကားလုံး လေးလေးနက်နက်များဖြင့် ဘ၀အတွေ့အကြုံများကို ဖလှယ်ရင်း အကောင်းဆုံးသော အားမာန်ကဗျာများကို ရေးသားခဲ့ကြသည်။ တစ်ခါတစ်ရံတွင် အိပ်မက်များ၊ ယုံကြည်ချက်များ၊ မျှော်လင့်ခြင်းများ စသည်ဖြင့် သူနှင့်ကျွန်တော်ဧ။် ကမ္ဘာလေးသည် အဓိပ္ပါယ်ရှိသော လွင့်မျောခြင်းများနှင့်။
ထိုမြင်ကွင်းလေးသည် သူနှင့်ကျွန်တော် နှစ်ယောက်စလုံး တူညီစွာ စိတ်ကူးယဉ်တွေးတော မိခြင်းဖြစ်ပါသည်။ ၄င်းမှာ သူနှင့်ကျွန်တော်ဧ။် ပြင်ပကမ္ဘာတွင် တွေ့ဆုံချိန်လေးပင် ဖြစ်တော့သည်။ ထိုအချိန်တွင် သူသည် ရှက်ရောင်သမ်းနေသော မျက်နှာဖြင့် မျက်လွာချကာ ခြေအစုံတို့သည် ရပ်တန်နေပေလိမ့်မည်။ ကျွန်တော်ဧ။်ရင်အတွင်းမှ တစ်သက်နှင့်တစ်ကိုယ် တစ်ကြိမ်တစ်ခါမှ ပြင်းထန်စွာမလှုပ်ရှားဖူးသော နှလုံးအစုံတို့သည်လည်း ပြင်းပြစွာဖြင့်ထိန်းမရအောင် ခုန်နေပေလိမ့်မည်။ ကိုယ်စီဧ။် ရင်တွင်းမှ ချစ်ခြင်းဖြင့်အခြေခံပြီး ပေါ်ပေါက်ခဲ့သော ကြည်နူးမှု့တို့ဖြင့် တစ်ဦးကို တစ်ဦး တောက်ပသောမျက်လုံးတို့ဖြင့် မြတ်နိုးစွာ ကြည့်နေကြမည်။ ထိုအခါ ကျွန်တော်ဧ။် နွေးထွေးသောလက်ဖြင့် သူဧ။် နူးညံ့သွယ်လျှသော လက်ဖ၀ါးလေးကို ဆုပ်ကိုင်ကာ ကျွန်တော်ဧ။် ရင်ခုန်သံစည်းချက်များကို စမ်းသပ်စေမည်။ ထိုအခါ ပြာလဲ့လဲ့ ကောင်းကင်သည် ပန်နုရောင်သမ်းသော ကောင်းကင်အဖြစ် တစ်ရိပ်ရိပ်ပင် ပြောင်းလဲသွားလေမည်လား???။





ကိုဂစ်တာ
(i mean my sweetheart"Yo Yo")

Comments

ယို့ယို့နဲ့ အဆင်ပြေပါစေဗျာ.. အားကျလိုက်ပါဘိ..

Popular posts from this blog

ကျွန်တော် အနှစ်သက်ဆုံးကဗျာ

ညီမလေးနှင့် ကျွန်တော်

ကျူပင်စု က ဆရာလေး