ချောကလက်အက်ဆေး

ချောကလက်အက်ဆေး
gravatar

Rabindranath Thakur's letter (ရာဘင်ဒြာ နတ်သ်တဂိုးရဲ့ ပေးစာ)

.
Friday, 29 August 1890

Bhai Chhoto Bou

ဒီနေ့တော့ ကိုယ်တို့တစ်တွေ Aden လို့ခေါ်တဲ့ ကမ်းခြေကို ရောက်လိမ့်မယ်။ အချိန်အကြာကြီး ပင်လယ်ထဲမှာရှိနေခဲ့ပြီးနောက် ကုန်းပေါ်တစ်ခါထပ်ရောက် ရပြန်ပေဦးတော့မပေါ့ကွယ်။ဒါပေမယ့်လေ ကူးစက်ရောဂါတစ်ခုခုရမယ်ဆိုရင်တော့ ကိုယ်တို့သင်္ဘောပေါ်က ဆင်းနိုင်မှာမဟုတ်ဘူးကွယ်။ Aden ကိုကိုယ်တို့ရောက်တဲ့အခါ အခြားသင်္ဘောပေါ်ကို ပြောင်းရလိမ့်မယ်။ အဲ့ဒါက ပိုပြီးစိတ်ညစ်စရာပေါ့ကွယ်။ အဲ့ဒီ့အချိန်သုံးရက်တာအတွင်းမှာ ကိုယ်ဘယ်လောက် ပင်လယ်နာကျ နေရတယ်ဆိုတာ ပြောပြဖို့ရာတောင် မတတ်နိုင်ပါဘူးကွာ။ ကိုယ်ဖြစ်နေတာလေ....စားသမျှ၊သောက်သမျှ မျိုချသမျှတွေက ပြန်ပြန်ပြီး ပျို့တက်လာကြတယ်ကွယ်။ ခေါင်းတွေကလည်း မူးနောက်နေလိုက်တာ... ကိုယ်ကလွဲရင် သင်္ဘောတစ်ခုလုံးက လူတွေ ပစ္စည်းတွေလည်း ယောက်ယက်ခတ်နေတာပဲလေ။ လှိုင်းဒါဏ်ကြောင့်ပေါ့။ ကိုယ်တစ်ယောက်တည်း ဘာကိုများ ဆွဲကိုင်ထားရပါ့မလဲတောင် တွေးနေမိတာ..။

မင်းသိရဲ့လား။ တနင်္ဂနွေနေ့ညမှာလေ...။ အဲ့ဒီ့ညမှာ ကိုယ်ဟာ ကိုယ်ခန္ဓာကိုယ်ကို ချန်ထားခဲ့ပြီး။ ၀ိညဉ်ကတော့ Jorsanko ကို ထွက်သွားခဲ့တယ်လို့ ကိုယ်သေသေချာချာ ခံစားရတယ်ကွယ်။ မင်းတို့ဆီကိုရောက်တဲ့အခါမှာလေ မင်းကတော့ အိပ်ယာထက်မှာ လဲလှောင်းမှေးစက်လို့သာပေါ့ကွယ်။ အချစ်ရယ်...ကိုယ်ကလေမင်းလေးကို အကြင်နာတွေနဲ့ နည်းနည်းလေး ပွတ်သပ်ယုယပေးပြီးတော့ ကိုယ်ပြောခဲ့တယ်လေ...”ချစ်ဇနီးလေးရေ...ဒီတနင်္ဂနွေနေ့ညလေးကို မင်းအမှတ်ရနေနော်...ကိုယ်ဥရောပက ပြန်ရောက်လို့ မင်းကိုတွေ့တဲ့အခါ အဲ့ဒီ့ညကမင်းငါ့ကို တွေ့ခဲ့ရဲ့လားလို့ မေးမယ်လေကွယ်...” လို့ပေါ့။ ပြီးတော့မှ ဘီလီ နဲ့ခိုကာလေးတို့ကို နမ်းရှုံပြီး ကိုယ့်ခန္ဓာကိုယ်ရှိရာကို ကိုယ့်ဝိညဉ်က ပြန်ခဲ့တယ်။ ကိုယ်ဖျားနာနေခဲ့တုန်းကလေ..မင်းကိုယ့်ကို သတိမှရပါလေစ အချစ်ရယ်။ ကိုယ်မှာ မင်းကို ထပ်မှတွေ့ရပါ့မလားလို့ တွေးနေမိရင်းနဲ့ နေမထိ ထိုင်မသာဖြစ်နေခဲ့သေးရဲ့လေ။

အခုအချိန်မှာတော့ ကိုယ်ခံစားမိတာက အိမ်နဲ့တူနဲ့နေရာ ဘယ်မှာမှမရှိဘူး ဆိုတာပါပဲကွယ်။ ကိုယ်ပြန်ရောက်ခဲ့ရင်တော့ အခုလိုလေလွင့်မှု့မျိုး ထပ်မလုပ်ချင်တော့ပါဘူးကွာ။ အင်း...ဒီနေ့တော့ ဒီတစ်ပတ်အတွက် ပထမဆုံး ရေချိုးခြင်းကိုလုပ်ခဲ့တယ်လေ။ဒါပေမယ့် ဒီမှာရေချိုး ရတာကျေနပ်စရာတော့မကောင်း ပါဘူးကွာ။ ပင်လယ်ဆားငန်ရေတွေက တစ်ကိုယ်လုံးကို စေးကပ်သွားစေပြီး ဆံပင်တွေကိုလည်း တစ်ပင်နဲ့တစ်ပင်ကပ်ငြိနေစေပြီး ရှုပ်ထွေးသွားတာပဲကွယ်။တစ်ကယ့်ကို မသက်သာတဲ့ အရာပါပဲကွယ်။ ကိုယ်တွေးခဲ့တာက သင်္ဘောပေါ်က မဆင်းမချင်းတော့ ရေချိုးတာကို ရှောင်ရမယ်လို့ပေါ့။ အဲ့ဒါက ဥရောပကိုမရောက်ခင် တစ်ပတ်ပေါ့။ ဥရောပကိုရောက်ရင်တော့ ကိုယ်တို့တွေ ၀မ်းမြောက်ဝမ်းသာနဲ့ ကိုယ်မြေကြီးပေါ်ခြေချမိမှာပဲကွယ်။ ပင်လယ်သမုဒ္ဓရာထဲက နေ့ညတွေကတော့ ကိုယ်ဘ၀အတွေ့အကြုံအတွက်လုံလောက်ခဲ့ပါပြီကွယ်။

အခုတော့ ပင်လယ်ပြင်ဟာ ပြန်ပြီးကြည်လင် တည်ငြိမ်လို့ပေါ့။ သင်္ဘောက နှေးကွေးစွာနဲ့ ရှေ့ဆက်နေလို့ပဲ ကိုယ်ကတော့သိပ်ကြာကြာ နေမကောင်းမဖြစ်တော့ဘူးပေါ့။ နေ့တိုင်းလိုပဲ ကိုယ်ဟာ သင်္ဘောကုန်းပတ်ပေါ်က ထိုင်ခုံရှည်ပေါ်မှာ လဲလှောင်းလို့နေခဲ့တယ်။ ဒါမှမဟုတ်ရင်တော့ သင်္ဘောပေါ်က အဖေါ်တွေဖြစ်တဲ့ လိုကန်နဲ့ ဖြစ်ဖြစ်၊ ပွန်ဒါနဲ့ ဖြစ်ဖြစ် စကားစမြည်ပြောလို့ဖြစ်စေ၊ စာအုပ်တစ်အုပ်ကိုဖတ်လို့ဖြစ်စေ နေခဲ့ရတယ်။ ညဘက်မှာလည်း ကိုယ်တို့အိပ်ရာတွေကို သင်္ဘောကုန်းပတ်ပေါ်မှာ ပြင်ဆင်ပြီးနေခဲ့တယ်။ သင်္ဘောဝမ်းဗိုက်ထဲက အိပ်ခန်းဆောင်ထဲ ကိုဝင်တာကို တတ်နိုင်သလောက်ရှောင်ရှားခဲ့တယ်။ အဲ့ဒီ့ထဲကို ၀င်တာဟာ လူကိုငြီးစီစီဖြစ်စေတယ်လေကွယ်။

မနေ့ညကပေါ့…မိုးတွေရုတ်တရက်ရွာလိုက်တာလေ…ကိုယ်တို့အိပ်ရာခင်းတွေကို ဒရွတ်ဆွဲပြီး မိုးလွတ်တဲ့နေရာကို ပြေးခဲ့ရသေးတယ်။ မနေ့က ရာသီးဥတုသာသာယာယာနဲ့ရှိနေပြီးနောက်မှာ မိုးကရွာလိုက်တာ မတိတ်တော့ဘူး။ သင်္ဘောကုန်းပတ်ပေါ်မှာတော့ ကလေးငယ်မတွေရှိနေတယ်။ သူတို့အမေဆုံးပါးသွားပြီးတဲ့နောက် သူတို့အဖေက သူတို့ကို အင်္ဂလန်ကို ခေါ်ခဲ့တာတဲ့လေ။ သူတို့လေးတွေကို တွေ့တဲ့အချိန်မှာ ကိုယ်သနားစိတ်ကလေးတောင် ဖြစ်မိသေးတယ်ကွယ်။ သူတို့အဖေက သင်္ဘောပေါ်မှာ သူတို့သွားလေရာ ကိုလျှောက်လိုက်တယ်။ဒါပေမယ့် သူဟာ ကလေးတွေကို ဘယ်လိုအဆင်ပြေ ကြည့်ကောင်းအောင် ဘယ်လိုဆင်ယင်ပေးရမယ်ဆိုတာနဲ့ ဘယ်လိုစောင့်ရှောက်ရမယ်ဆိုတာမသိရှာဘူး။ မိုးရွာထဲမှာကလေးတွေ ထွက်ကစားတာကိုလည်း တားဆီးခြင်းမပြုဘူးလေ။ ကလေးတွေက ‘သမီးတို့ မိုးရေထဲမှာ လျှောက်သွားရတာ ပျော်တယ်’လို့ ပြောတာကို သူ့အတွက်တော့ ပြုံရယ်နေတာပဲလေ။ ကလေးတွေ ပျော်ရွင်စွာနဲ့ မိုးရေထဲမှာကစားနေတာကို ဆွဲခေါ်ပြီး ရပ်ခိုင်းဖို့ သူမတတ်နိုင်ဘူးလေ။ သူတို့လေးတွေကိုကြည့်ပြီး ငါ့ကလေးတွေကိုပြန်သတိရမိတယ် ကွယ်။ မနေ့ညကဆို ကိုယ်ဘီလီလေးကို ငါအိပ်မက်မက်တယ်ကွယ့်။ ငါ့သမီးလေး ဘီလီက သင်္ဘောပေါ်ကို လာခဲ့တယ်တဲ့လေ။ ပြီးတော့ သမီးလေး ဘီလီဟာ ချစ်စရာကောင်းနေလိုက်တာလည်း ငါမင်းကိုအခုရေးပြတာထက်တောင် ပိုလိမ့်ဦးမယ်ကွယ်။

အချစ်ရေ… ကိုယ်ပြန်လာရင် ကလေးတွေအတွက် ကိုယ်ဘာတွေယူလာခဲ့ရမလဲ မင်းပဲ စာရင်းပြုထားပါတော့ကွယ်နော်…တစ်ကယ်လို့မင်း ကိုယ့်ကို ချက်ချင်းစာပြန်ခဲ့ရင် ကိုယ်အင်္ဂလန်ကို ရောက်တဲ့အခါ မင်းရဲ့ပြန်စာကို ရလိမ့်မယ်။ မင်းသတိရဖို့က အင်္ဂါနေ့ဟာ အင်္ဂလန်ကို စာတွေပို့တဲ့နေ့လေ။ ကိုယ့်ရဲ့အနမ်းတွေကို ကိုယ့်ရဲ့ကလေးတွေအတွက်ဒီစာနဲ့အတူ ထည့်ပေးလိုက်ပါရဲ့ကွယ်။ တစ်ချို့တစ်ဝက်ကတော့ မင်းအတွက်ပေါ့….နော..။



Shri Rabindranath Thakur
.....................................................................

မူရင်းစာပိုဒ်-

Bahi Chhoto Bou
Today we will reach a place called Aden and touch land again after a long time. But we cannot disembark, incase we have to pick up some contagious disease. On arrival in Aden we have to change ship, which will be a big bother. I cannot tell you how seasick I have been this time – for three days, whatever I swallowed just came up again, my head felt dizzy and the rest of me was in turmoil- I even wondered whether I would pull through. On Sunday night I distinctly felt myself leave my body and go to Jorasanko. You were lying on one side of the big bed, Beli and Khoka beside you. I caressed you a little and said, “little wife, remember this Sunday night when I left my body and come to see you-when I return from Europe I shall ask you if you saw me. Then I Kissed Beli and Khoka and came back. When I was ill did you ever think of me? I became restless thinking of seeing you again. Nowadays I feel constantly that there is no place like home-this time when I get back I shall not stir out anymore. Today I had my first bath for a week. But baths here are not a pleasure: salt in the seawater makes the whole body sticky and my hair becomes matted and horribly glued together_ it is an odd sensation. I think I shall avoid bathing until l leave the ship. It will be another week before we reach Europe – when we get there shall be glad to set foot on land. I have had enough of the ocean day and night. But at present the sea is pretty calm, the ship hardly rolls, and I am no longer sick. All day I lie on deck in a long chair and either chat with Loken, Ponder, Or read a book. At night too, we make our beds on deck and avoid entering our cabins if possible. Going inside the cabin make you feel queasy. Last night, though, it suddenly rained- we had to drag our bedding to a place where the rain could not get at us. Since then it has not stopped raining, after being fine and sunny yesterday. On board there are some little girls, whose father is taking them to England. When I look at them I feel pity. Their father goes everywhere with them, but he does not know how to dress them properly or how to look after them. When they go out in the rain and he warns them not to, they tell him “wd like going out in the rain”_ which makes him laugh a bit; seeing them happily playing in the rain he cannot bring himself to stop them. To look at them remind me of my own babies. Last night I dreamt of Beli _ she had come on board the streamer, and she looked lovelier than I can say. You must tell me what sort of thing I should bring them when II return home. If you answer this letter immediately, I might receive your reply while I am in England. Remember that Tuesday is the day for mailing to England. Give the children lots of kisses from me – and have some yourself too.


Shri Rabindranath Thakur

gravatar

လာလည်ပါတယ် အစ်ကိုရေ ဘာသာပြန်ထားတာလေး ကောင်းတယ်ဗျာ
အားပေးပါတယ် အများကြီး ဆက်လက်ရေးသားနိုင်ပါစေဗျာ :)