ချောကလက်အက်ဆေး

ချောကလက်အက်ဆေး
gravatar

နားလည်မှု့များနှင့်ထာဝရချစ်ခင်မှု့ကို ခိုင်မြဲစေခဲ့သော ၂၀၀၁ ခုနှစ် စက်တင်ဘာ ၁၁ ရက်

Australia မှာ အရွယ်ရောက်လာစဉ်အခါက ကျမအတွက် လိုအပ်တောင့်တာမိတာက စာရေးဖော်သူငယ်ချင်း (Pen-Friend) တစ်ယောက်တစ်လေပါ။ အဲ့ဒီ့တုန်းက ကျမအသက်က ၁၃နှစ်သမီးပဲရှိသေးတာပေါ့။ အလယ်တန်းကျောင်းသူဖြစ်ခါစ၊တိုးတိုးဖော်တိုင်ပင်ဖက်အတွက် တစ်ဦးတစ်ယောက်ကို လိုအပ်မိတာပေါ့။ အင်တာနက်ထဲမှာ Pen-friend sites တွေကိုအကုန်ဝင်၊လျှောက်ကြည့်ပြီး တစ်ခြားနိုင်ငံတွေက ကျမနဲ့ သက်တူရွယ်တူမိန်ကလေး တွေကိုရှာဖွေမိတယ်။ ကျမသိပ်ပြီး ထွေထွေထူးထူး ဇာချဲ့မနေပါဘူး။ ဆွီဒင်၊အီတလီအမေရိကန်၊ဖင်လန်၊အာရပ်၊အီဂျစ် နိုင်ငံတွေက ကျမနဲ့ရွယ်တူမိန်းကလေးတွေကို ကျမရဲ့ဝါသနာတွေ၊ကျမမိသားစုအကြောင်းတွေ၊ Australia အကြောင်တွေကို ရေးပြီး အီးမေးလ်နဲ့ ပိုလိုက်တယ်လေ...။ တစ်ယောက်သောမိန်းကလေးကသာ ကျမဆီစာပြန်လာတာကိုတွေ့ရတယ်။

ကျမရဲ့ Inbox ကိုဖွင့်လိုက်လို့ သူ့ရဲ့ Reply ကိုတွေ့လိုက်ရတဲ့အခါ။ ကျမ ၀မ်းသာမှု့တွေက အတိုင်းအထက်အလွန်ပါပဲ။ အနည်းဆုံးပြောရရင်တောင် စိတ်လှုပ်ရှားမိတာအမှန်ပဲ။ တစ်ကယ်တမ်းတော့ ယုံကြည်ကိုးကွယ်မှု့ နဲ့ ယဉ်ကျေးမှု့ဆိုင်ရာ အထွေထွေဗဟုသုတတွေကို ကျမငတ်မွတ်တောင့်တနေခဲ့တာ...။ ဒါတင်မကသေးဘူး လူနှစ်ဦးရဲ့ကြားမှာ စည်းနှောင်ထားတဲ့ ရင်းနှီးချစ်ခင်မှု့ဆိုတဲ့ friendship နဲ့ဝေးနေခဲ့တာကြာလှပေါ့။

သူမရဲ့နာမည်က နော်ရန်ဟူစိန်လေ...။သူမိဘတွေကဆရာဝန်တွေဖြစ်ပြီး။ ကိုင်ရိုမြို့လယ်က တိုက်ခန်းလေးတစ်ခုမှာသူတို့နေထိုင်ကြတယ်။ သူမက ကျမနဲ့သူငယ်ချင်းဖြစ်ဖို့အလိုရှိခဲ့ပါတယ်။ ဒါပေမယ့် သူ့မအတွက် ကျမကိုမေးစရာမေးခွန်းတစ်ခုကတော့ ရှိနေသေးတယ်။ အဲ့ဒါကတော့ ကျမဟာ မိန်းကလေးလား ယောင်္ကျားလေးလားဆိုတာပါပဲ။ အကြောင်းကတော့ သူ့မိခင်ရဲ့ ဆန္ဒအရ မိန်းကလေးသူငယ်ချင်းဆီကိုပဲစာပြန်ဖို့ပေါ့။ ဆိုကြပါစို့ ကျမတို့ သူငယ်ချင်းဖြစ်သွားကြတယ်....။

တစ်ဦးရဲ့အခြေခံဘ၀ဖြစ်စဉ်တွေအကြောင်း တစ်ဦးကို ပြောရင်းနဲ့ သူငယ်ချင်းဖြစ်ခြင်းဆိုတာကို စတင်ခဲ့ကြတယ်။ ကျမတိုနှစ်ယောက်ရဲ့ ခိုင်မာပြင်းပြတဲ့ ယုံကြည်မှု့ ခံစားမှု့တွေကို ဖလှယ်နိုင်ခဲ့ကြတယ်။ယေဘုယျအားဖြင့်တော့ ကမ္ဘာကြီးနဲ့ပတ်သက်သမျှသော ပြဿနာတွေ အဖြစ်အပျက်တွေရဲ့အကြောင်း တစ်ဦးနဲ့တစ်ဦးဆွေးနွေး ခဲ့ကြတယ်။ သူ့ရဲ့ အစ္စလမ်ဘာသာရေးအကြောင်းကို ကျမမေးမြန်းလေ့လာခဲ့ပြီး မကြာခင်မှာပဲ မွတ်စလင်ယုံကြည်ကိုးကွယ်မှု့ဆိုင်ရာ Ramadan ၀ါဒအကြောင်းကို ကိုရော သူတို့ရဲ့ တစ်ခြားသော ပွဲတော်တွေအကြောင်းနဲ့ ဓလေ့ရိုးရာတွေကို လေ့လာခွင်ရခဲ့တယ်။ တစ်ဖြည်းဖြည်းနဲ့ ကျမတို့ဟာ အီးမေးလ်ကနေတင်မဟုတ်တော့ပဲ ရိုးရိုးလက်ရေးစာနဲ့တောင်မှ ဆက်သွယ်ပြီးတော့ တစ်ဦးနဲ့တစ်ဦး ဓါတ်ပုံတွေ လဲလှယ်ခဲ့ကြတယ်။လက်ဆောင်သေးသေးလေးတွေ ဖလှယ်ကြတဲ့အထိ ရင်းနှီးလာခဲ့တယ်။ လူသန်းပေါင်းများစွာထဲကနေ ကျမအတွက် သူငယ်ချင်းကောင်းတစ်ယောက်ကို ရှာတွေ့ခဲ့မိတာက တစ်ကယ့်ကိုအဲ့သြစရာကောင်းတဲ့ world wide web လို့ခေါ်တဲ့ အင်တာနက်ကမ္ဘာထဲက ဆန်းကျယ်မှု့တစ်ခုပါပဲ...။

နှစ်တွေကြာလာတာနဲ့အမျှ ကျမတို့ဟာ တစ်ဦးကိုတစ်ဦးတိုင်ပင်ဆွေးနွေးမှု့တွေ များလာလိုက်တာ တစ်ဦးကိုတစ်ဦး ကိုယ်ပိုင်လျှို့ဝှက်ချက်တွေကိုတောင်မှပဲ မျှဝေတိုင်ပင်လာခဲ့ကြတယ်။ ကျမတို့ရဲ့ဆွေးနွေးဖလှယ်မှု့တွေ၊အမြင်တွေမျှဝေမှု့တွေက အကြောင်းအရာစုံလှပေါ့။ ဆုံးဆုံးပြောရရင်...လိင်တူဆက်ဆံမှု့နဲ့ပတ်သက်တဲ့အကြောင်းအရာတွေကနေ...
ဟယ်ရီပေါ်တာဇတ်လမ်းတွဲတွေ အပေါ်ထားရှိတဲ့ အမြင်တွေအထိစုံလှပေါ့။

ကျမတို့နှစ်ယောက်ရဲ့ အပြန်အလှန် mail တွေက ကိုယ့်ယုံကြည်ချက်နဲ့ကိုယ် ပြင်းထန်တဲ့ဆန္ဒနဲ့ခံယူချက်တွေ ကိန်းဝပ်နေခဲ့တယ်။ ဒါပေမယ့်လည်း ကျမတို့ဟာ ကိုယ့်ခံယူချက်နဲ့ကိုယ်ပဲပေါ့။ ကိုယ်အယူအဆတွေနဲ့ တစ်ဦးကိုတစ်ဦး ပြောင်းလဲပစ်ဖို့မကြိုးစားခဲ့ကြဘူး။ ကျမတို့ရဲ့ချစ်ကြည်ရင်းနှီးမှု့ဟာ စစ်မှန်တဲ့ချစ်ခင်ရင်းနှီးမှု့တိုင်းအပေါ်မှာအခြေခံပြီးတည်မှီနေတဲ့ ယုံကြည်မှု့၊လေးစားမှု့တွေနဲ့ တည်ဆောက်ထားကြတာဖြစ်တယ်။

တစ်နေ့တော့ ကျမတို့မိသားစုနဲ့ ခင်မင်တဲ့ ဘာဘရာနဲ့ အာလန် ဆိုတဲ့မိတ်ဆွေနှစ်ယောက်က သူတို့ရဲ့ ကိုင်ရိုကိုသွားမဲ့ခရီများစွာသောခရီးစဉ်တွေထဲကတစ်ခေါက်မှာ ကျမရဲ့သူငယ်ချင်းမလေး နော်ရန်တို့ဆီကို ၀င်ခဲ့မယ်လို့ပြောကြတယ်။ မကြာခင်မှာပဲ သူတို့နှစ်ယောက်ဟာ နော်ရန်တို့မိသားစုရဲ့ အသိအမှတ်ပြုခံရတဲ့ မိတ်ဆွေတွေ ဖြစ်လာခဲ့ကြတယ်။ အဲ့ဒါကြောင့်လည်း သူတို့နှစ်ယောက်ဟာ နော်ရန် နဲ့ ကျမ တို့ လက်ဆောင်တွေ လဲလှယ်ရာမှာ စာပို့ကုန်ကျစရိတ်လေးတွေ သက်သာစေဖို့ သူတို့ရဲ့ခရီးကြုံတွေနဲ့ လက်ဆောင်လေးတွေကို ဖလှယ်ပေးဖို့ဖြစ်လာခဲ့တယ်။

နော်ရန်တို့ရဲ့ဓလေ့တွေ၊ယဉ်ကျေးမှု့တွေကို ကျမ စိတ်ဝင်စားလာတာနဲ့အမျှ ကျမစပြီးသတိပြုမိတာက ကျမဟာ ဘ၀မှာ ဘာကိုဦးတည်နေပြီလဲဆိုတာကိုပေါ့။ ကျမရဲ့အနာဂတ် အခွင့်အလမ်းရွေးချယ်မှု့ကို စဉ်းစားပြီး စိတကူးယဉ်မျှော်လင့်မိတာက တစ်နေ့မှာ ကမ္ဘာ့ကုလသမ္မဂအဖွဲ့ကြီးမှာ ပါဝင်နိုင်ဖို့ပေါ့။ ကျမအနေနဲ့ ယဉ်ကျေးမှု့ ထု့းတမ်းစဉ်လာ မတူညီတဲ့ လူတွေနဲ့ အတူတစ်ကွ ပူးပေါင်းပြီးလုပ်ငန်းတွေလုပ်ဆောင်ချင်တယ်။ ပြီးတော့ဝေးလံလှတဲ့ ကိုင်ရိုလိုနေရာမျိုးကိုလည်းသွားရောက်ချင်ခဲ့တယ်။ ကျမကိုယ်တိုင်တောင် သတိမပြုမိဘဲနဲ့ သေချာတဲ့အခွင့်အရေးတစ်ခုကို အလိုအလျှောက်ရရှိခဲ့ပြီ။ အဲ့တာတွေကတော့ နော်ရန် က ကျမကိုသင်ကြားပေးခဲ့တဲ့အရာတွေပဲပေါ့။ တစ်ချိန်က ကျမအဖို့ လူတွေရဲ့ မတူကွဲပြားတဲ့ အမြင်သဘောထားတွေကို ဘယ်လိုကိုင်တွယ်ဖြေရှင်းရမလဲ။ ဘယ်လိုအဆင်ပြေစွာ လက်ခံရမလဲဆိုတဲ့ သိမ်မွေ့တဲ့ နားလည်မှု့တစ်ရပ်ကို မသိရှိခဲ့ဘူး။ လစ်လျူရှုခဲ့တယ်။ နော်ရန်ကြောင့်သာ လူတွေရဲ့သဘောထားတွေကို နားလည်လက်ခံနိုင်စွမ်းဆိုတဲ့ သိမ်မွေ့မှု့တစ်ရပ်ကို ရရှိလာခဲ့မှု့ဟာ တိုးတက်လာခဲ့ရတယ်။

ကျမတို့ရဲ့ရင်နှီးမှု့တွေဆက်လက် ဖြစ်ထွန်းနေစဉ်...၂၀၀၁ ခုနှစ်ရဲ့ စက်တင်ဘာ ၁၁ ရက်နေ့မှာ အမေရိကန်မှာရှိတဲ့ WTC ကို လေယဉ်နဲ့အသေခံဖြိုခွင်းခဲ့တဲ့ ထိတ်လန့်ဖွယ်ရာ အကြမ်းဖက်မှု့ဖြစ်ပွားခဲ့တဲ့နောက်...အဲ့ဒီ့ အဖြစ်အပျက်ရဲ့နောက်ကွယ်မှာ နော်ရန်လည်းတစ်နည်းနည်းနဲ့ သက်ရောက်မှု့ကိုခံစားရလိမ့်မယ်လို့ ကျမသိခဲ့တယ်။ ကျမ သူ့ဆီိကိုစာရေးပြီး အဲ့ဒီ့အဖြစ်အပျက်အပေါ် သူ့ရဲ့အမြင်နဲ့ ကိုင်ရိုမှာ ဘယ်လိုများ ထိခိုက်မှု့တွေရှိသလဲလို့ မေးမြန်းခဲ့တယ်။ ကျမသူငယ်ချင်းမလေး နော်ရန်ရဲ့ ပြန်စာလေးကို ကျမ အခုထိမှတ်မှတ်ရရရှိနေဆဲပါပဲ။ သူ့ရဲ့ American Pen-friend တွေနဲ့ တစ်ခြားသောနိုင်ငံက စာရေးဖော်သူငယ်ချင်းများက သူ့ကိုရှောင်ခွာသွားခဲ့ကြပြီ။ နော်ရန့်ကို ဆက်လက်ပတ်သက်လိုခြင်းတွေရပ်တန့်ခဲ့ကြပြီ။ ဘာကြောင့်လဲ??? သူမဟာ အရှေ့အလယ်ပိုင်းဒေသက မွတ်စလင်ဘာသာဝင် ကောင်မလေး တစ်ယောက်ဖြစ်လို့ရယ်...သူ့မနဲ့ last name ဟာ ဟူစိန် ဖြစ်နေခြင်းဟာ အဓိက အကြောင်းပြချက်တစ်ခုပေါ့......။

ကျမ...အရမ်းကိုစိတ်ဆိုး ဒေါသထွက်ပြီး ခံစားခဲ့ရတယ်။ သူမဘက်ကနေ ကာကွယ်ပေးချင်တယ်...။ လူတွေ...ဒီလောက် စိတ်ဓါတ်သေးသိမ်ညံဖျင်းပြီး အတွေးခေါ်နည်းပါးလိမ့်မယ်လို့ မထင်ခဲ့မိဘူး။ နော်ရန်က အသက် 15 နှစ်သာရှိသေးတဲ့ တစ်ခြား မိန်းကလေးတစ်ယောက်ပဲ။ သူတို့တွေ ဘာကြောင့် နားလည်မှု့ မပေးနိုင်ကြတာလဲ။
"ငါနင့်ကို ခင်မင်တာတွေ စာရေးတာတွေ ဘယ်တော့မှ ရပ်တန့်ပစ်မှာမဟုတ်ဘူး" ဆိုတာကလွဲရင် သူ့ကို ကျမဘာပြောရမှန်းတောင်မသိတော့ပါဘူး။

လူတွေက ကျမကိုမကြာခဏမေးကြတယ်။ ကျမအနေနဲ့ နော်ရန့်ကို တစ်စုံတစ်ခုသောအကြောင်းအရာ ကိုမေးမြန်းဖို့ စိုးရွံမိသလားလို့ပေါ့လေ။ အဲဒါက မျက်နှာဖုံးဝတ်ပြီး လူတစ်ယောက်ကို ပေါင်းသင်းသလို ဟန်ဆောင်ကွယ်ဝှက်ခြင်းလားပေါ့လေ။ ကျမအတွက်တော့ အဲဒီလိုမဟုတ်ခဲ့ဘူး။

ကျမအတွက်ဆိုရင်တော့...မေးခွန်းတွေက နာလည်မှု့တွေဆီ ချီတက်ဖို့အတွက် ပထမခြေလှမ်းတွေပဲ။ တစ်ကယ်လို့သာ ကျမတို့ တစ်ဦးရဲ့ဓလေ့ထုံးတမ်းတွေကို မေးမြန်းခြင်းမပြုပဲ။ တွေးတော့ယုံနဲ့ မေးဖို့တွန့်ဆုတ်နေကြမယ်ဆိုရင် အဲ့ဒါဟာ တစ်ဦးနဲ့တစ်ဦး ဥပေက္ခာပြုမှု့တွေ၊ လူမျိုးရေးတင်းမာမှု့တွေ စတဲ့ ပြဿနာတွေဆီကို စတင်ဦးတည်နေပြီပဲ။

ကျမ...နော်ရန့်ကို အားကျပြီးမနာလိုလည်းဖြစ်မိတာအမှန်ပါပဲ။ သူ့မရဲ့ အစ္စလမ်ဘာသာအပေါ်ကို ယုံကြည်သက်ဝင်မှု့အီဂျစ်ကိုချစ်မြတ်နိုးမှု့ဟာ ခိုင်မာတယ်။ ဒါဟာလည်း ယနေ့ကမ္ဘာပေါ်မှာ ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေဖြစ်ရခြင်းရဲ့ အကြောင်းတရားတစ်ခုပဲဖြစ်ပါလိမ့်မယ်။ တစ်ဦးနဲ့တစ်ဦး အလွန်အမင်း အားကျပြီးမနာလိုဖြစ်ခြင်းတွေအတွက် ကျမတို့မေ့လျော့နေကြတာက အဲ့ဒီ့လို ကွဲပြားခြားနားမှု့တွေဟာ ပြဿနာမဟုတ်ပါဘူး။ တစ်ဦးကိုတစ်ဦး အသိအမှတ်ပြုခြင်းကသာ အဆင်ပြေချောမွေ့မှု့တွေကို ဖန်တီးပေးပါလိမ့်မယ်။ ဒါမှမဟုတ် ထိုသို့သော ပဋိပက္ခတွေက နားလည်မှု့လွဲမှား နေကြတာလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။

နော်ရန် နဲ့ ကျမ ဟာ မတူတဲ့နှစ်ယောက်ပါ။ ကျမတို့ဟာ မတူတဲ့ယုံကြည်သက်ဝင်မှု့တွေနဲ့ တစ်ယောက်နဲ့တစ်ယောက်အပေါ်မှာ ကိုယ်စီပိုင်ဆိုင်တဲ့ ဓလေ့ထုံးတမ်းစဉ်လာတွေကြောင့် ခြားနားတဲ့အမြင်တွေရှိခဲ့တယ်။ ဒါပေမယ့် တစ်ယောက်နဲ့တစ်ယောက် ဘယ်သူမှားတယ်ဆိုတာ ဘယ်တော့မှ ပြောဆိုခြင်းမပြုခဲ့ကြဘူး။ ကျမဟာ ကျောင်းစာအုပ်ထဲက ကျမသင်ယူဖို့ မျှော်လင့်တာတွေထက်ပိုပြီး နော်ရန့်ဆီက သင်ယူလေ့လာမှု့တွေပြုလုပ်ခဲ့တယ်။

ကျမရဲ့တစ်ခုသော မျှော်လင့်ချက်အိပ်မက်က...တစ်နေ့မှာ ကိုင်ရိုမှာရှိတဲ့ နော်ရန်တို့အိမ်တံခါးဝမှာ ကျမရပ်လိုက်ပြီးတော့ သူ့ကိုပထမဆုံးအကြိမ်ပွေ့ဖက်ဖို့အတွက်ပါ။ ပြီတော့ Australia ကိုခေါ်လာပြီး လှပတဲ့ရှုမျှော်ခင်းတွေကိုလိုက်လံပြသဖို့လေ။

ဒါပေမယ့်ကျမရဲ့အိပ်မက်တွေထဲက အဖြစ်ချင်ဆုံးကတော့ အတွေ့အကြုံတွေကို မျှဝေပေးဖို့ပါ။အဲ့ဒါကတော့ ကျမကိုယ်တိုင်လေ့လာသိရှိခဲ့တဲ့ ကွဲပြားခြားနားမှု့တွေဟာ ပြသနာမဟုတ်ပါ ဆိုတဲ့ အတွေ့အကြုံလေးတစ်ခုပါ။ ကိုယ်နဲ့ ဘာသာတရား၊ဓလေ့စရိုက်မတူတာဟာ ဥပေက္ခာပြုစရာမဟုတ်၊ စိုးရွံ့စရာမလို၊ရှောင်ခွာဖို့လည်းဟုတ်ဘဲ နားလည်မှု့ရယူဖို့ ဆိုတာပါပဲ။

......................................................
......................................................



PS - ဒါလေးကလည်း READER DIGEST က STORY လေးတစ်ခုပါ။ စာဖတ်သူများနဲ့ သူငယ်ချင်းတွေကို ရသတစ်ခုခုပေးနိုင်မယ်ဆိုရင် ကျေနပ်ပါတယ်။ အမှားတွေလိုအပ်ချက်တွေရှိရင်လည်း ထောက်ပြပေးကြပါ။
မူရင်းကိုအောက်မှာ ဆက်ဖတ်ကြပါ။



E-mail to Understanding on September 11, 2001, our friendship changed for ever.


Growing up in Australia, i wanted pen friend. i was 13, had just started secondary school and craved for someone to talk to. So i logged onto all of the pen friend sites i could find on the Internet, scanning them for any girls of my age from different countries.
i wasn't fussy. i wrote to a Swede, and Italian, an American, a Finn, an Arab and an Egyptian, informing them about my hobbies, my family and Australia.Only one girl replied: the Egyptian.
When I Opened my e-mail inbox and saw the reply, i was excited, to say the least. I had a thirst for knowledge about religion and culture, but most of all for that bond between two people called friendship.
Her name was Noran Hussein. She lived in an apartment in the center of Cairo, and her parents were doctors.She wrote that she would love to be my pen friend, but had one question: was I a male or female? Her mother would allow her to write only to a female.
We started off by telling each other about the basics of our lives. Right from the start i could tell that we shared similar traits- like our stubbornness and and moodiness! Gradually we worked up to discussing issues and problems concerning the world.
i asked her about her religion, Islam, and soon learned about Ramadan and her other festivals and customs. Eventually we started corresponding by snail mail,too, swapping photos and small presents. It was truly amazing - on the World Wide Web, out of millions of people , I had found a best friend.
As the years passed, we counseled each other and shared secrets. We discussed many topics raging from homosexuality to Harry Potter.
Our e-mails were always passionate, but we never tried to convert each other. Our friendship was built on trust and respect - the foundations any good relationship should rely on.
One day two friends of our family, Barbara and Alan, offered to visit Noran during one for their many trips to Cairo.They soon became acquainted with the Hussein family.Over the years they would swap presents for Noran and me to save us the cost of postage.
As my interest in Noran's culture grew, I started to become aware of where i was heading in life. i considered my future career options and entertained the idea of one day joining the United Nations. I wanted to work with people of diferent cultures and religions, and to travel to far-off places like Cairo.
realized that I had been granted a unique opportunity- gradually, without my noticing it , Noran had been educating me .Once I had been ignorant and did not know how to handle different opinions, but with Noran's help I had grown to accept people as they are.
Then came September 11, 2001.I knew somehow it would affect Noran.I e-mailed her, asking for her opinion on the situation and how Cairo was coping.
I still remember her reply: her American pen friend and numerous others had deserted her. They didn't want to know her any more, Why? She was Muslim, Middle Eastern, and her Last Name Was Hussein.
I was very angry. I wanted to defend her. I couldn't believe that people could be so small-minded.
Why couldn't they understand and Noran was just another 15-year-old girl? I didn't know what to tell her,except that I would never stop writing to her. Never.
People often ask me if i'm scared to ask Noran about certain things, like wearing the veil. I'm not.
To me, asking questions is the first step towards understanding. If we stand back and only wonder, too afraid to ask, then we start to run into problems like ignorance and racism.
The truth is i envy Noran. Her faith in Islam and Egypt is strong. Perhaps this is part of reason for the conflict in the world today- we are too envious of each other and forget that it's OK to admire one another for our differences. Or perhaps it is just a misunderstanding.
Noran and I are different. Sure, we have conflicting views, but we never say that the other is wrong. I have learned more from Noran than I could ever hoe to learn from a textbook.
I dream of one day appearing on Noran's doorstep in Cairo and giving her a hug for the first time. I also dream of showing her the sights of Australia.
But most of all i dream for people to experience what i have experienced to learn that it is OK to be different, to not be afraid of one another, to understand.
.........................................

written by ZOE BELLAMY

E-MAIL TO UNDERSTANDING