ချောကလက်အက်ဆေး

ချောကလက်အက်ဆေး
gravatar

ထီးအပြာရောင်ကလေး

ထီးအပြာရောင်ကလေး

အလွမ်းတွေခေါ်ရင်း တူတူပုန်းတမ်းကစားကြတာ
တစ်ပတ်ကိုခုနှစ်ရက်လုံး
မင်းအကြိုက်နဲ့ကိုယ့်အကြိုက်တူတဲ့အခါ
ဒီကမ္ဘာမှာ တိတ်တခိုးခေါင်းစဉ်တစ်ခုပေါ်လာတာပေါ့ကွယ်။

မကျေနပ်သေးပါဘူး
တစ်ယောက်တစ်ခြမ်းနေ့ရက်တွေက
တို့အတွက်လက်ဆောင်လား
စွယ်တော်ရွက်ကလေးက တို့ကိုလှောင်တယ်။

လူတွေအလယ် အကျဉ်းကျတဲ့ငါတို့ဘ၀ကိုယ်စီက
ပြက္ခဒိန်ရက်တွေကြားထဲ ကျားကွက်ရွှေ့နေရပေါ့
ကြိုးညှိရ အသံစမ်းရနဲ့
နှစ်ကိုယ်တူချစ်သမျှ ဆိုဖို့ကဝေးလိုက်တာ။ ။

ကျော်ညိုသွေး




၂၀၀၈ ရုပ်ရှင်အမြုတေ မဂ္ဂဇင်း

gravatar

မနေ့က ငါ့ထီးအပြာရောင်လေး ပျောက်သွားတာ။ လက်စသတ်တော့ နင်လျှိုသွားတာကိုး။

gravatar

အံမယ်..အံမယ်..ငါ့ကိုများစွပ်စွပ်စွဲစွဲ
ကိုယ်ဘာသာကိုယ်စည်းမရှိကမ်းမရှိ ....စွန့်ချင်တိုင်းစွန့်

gravatar

ဟား၂ မစ်(စ်)သွန်းသွန်းနဲ့ပြောတာရယ်ရတယ်ဗျ၊ ဗြဲ