အဖြူသက်သက်

.
ပေးဆပ်ချင်တာတွေပဲရှိပြီး
ပေးဆပ်နိုင်တာတွေမရှိလည်း ချစ်မှာပဲမဟုတ်လားလို့ကွယ်...
ကိုယ့်ဘာသာကိုယ်ပဲ လိုရာဆွဲတွေး
စိတ်ကူးလေးယဉ်မိတယ်...။
မင်းကိုယ့်ကိုသတိရလည်း ဘာမှလည်းမဟုတ်တာပဲ
မင်းမျှော်လင့်ချက်တွေအတွက် အမှိုက်ရှုပ်စေမှာပေါ့
သတိရတဲ့အခါ စာသာနာနာဖိကျက်စမ်းပါကွယ်...။
ဒီ့အတွက်ဝမ်းမနည်းနဲ့နော်
မင်းပျော်စရာဆို ကိုယ်လည်းပျော်မှာပေါ့... :)
တော်ရာကငိုနေလည်း...
မင်းတွက်အချိုတွေပဲပြည့်စေချင်တယ် နေ့တိုင်းမှာ...။ ။

Comments

Popular posts from this blog

ကျွန်တော် အနှစ်သက်ဆုံးကဗျာ

ညီမလေးနှင့် ကျွန်တော်

ကျူပင်စု က ဆရာလေး