ပြန်လိုချင်တယ်


ဟိုးတစ်နေ့က ကျနော်နဲ့ ညီမလေး သွန်းသွန်း(missthonnthonn)တို့ တွေ့ကြတယ်။ ကျနော်လည်း ပျင်းပျင်းရှိတာနဲ့သူ့ကိုစ နေရာကနေ ဘာဖြစ်တယ်မသိဘူး။ ကဗျာရေးချင်တာနဲ့သူ့ကိုပြောတယ်..
နင်တစ်ပိုဒ် ငါတစ်ပိုဒ်ရေးကြရအောင်လေ.. လို့ သူကလည်း
လုပ်လိုက်လေတဲ့ အဲ့ဒါနဲ့ပဲ သူမွှေလိုက် ကျနော်မွှေလိုက် နဲ့ ကဗျာလေးတစ်ပုဒ်ဖြစ်လာပါရော…
သူနဲ့ကျနော် ခင်မင်မှု့အမှတ်တရပေါ့….ကဗျာလေးက ဒီလိုပါ


ပြန်လိုချင်တယ်

ဟိုတုန်းကတော့သစ်ရွက်တွေကို ကြည့်ပြီးသနာတယ်
အခုတော့ ကိုယ့်ကိုယ်ကို ကြည့်ပြီး သနားတယ်
လူဆိုတာ…
အစားအစာကို လွယ်လွယ်ရတုန်းကမစားချင်ခဲ့
အရွယ်ရောက်မှ… အမေ့ကိုအားနာမိတယ်။

ကလေးတုန်းက အမေ့ကိုကြည့်ပြီးသနားတယ်
အခုချစ်သူလေးကိုသနားတယ်..။
ငါဟာ…
ချစ်ခင်မှု့ကိုလွယ်လွယ်ရတုန်းက နားမလည်ခဲ့
အခုမှ.. အချစ်ခံချင်မိနေရဲ့။

ငယ်ငယ်တုန်းက လူကြီးတွေကိုအားကျလို့
ဆေးတံကိုခိုးပြီး ခဲ…တယ်။
အခု တူမလေးဖွက်ထားတဲ့သကြားလုံးကို
ခိုးမြုံ့တယ်..
ငါတစ်ကယ်မရင့်ကျက်သေးဘူးလား။

ငါတို့တွေရဲ့မျှော်လင့်ချက်တွေက တစ်ခါတစ်လေ မိုးတိမ်
တစ်ခါတစ်လေ မြေကြီး
ပင်လယ်၊ ကွင်းပြင်၊ မြက်ခင်းစိမ်းစိမ်း
စုံလို့ပေါ့….
အခုအချိန်မှာတော့
ကင်းဗတ်စပေါ်က အရာင်စုံတွေကိုငေးရင်း
ငါ့မူလအရောင်လေးကိုရှာတွေ့ချင်မိတာ
သည်းသည်းမဲမဲ
ဘ၀မှာဘာအရေးကြီးဆုံးလဲလို့တစ်ယောက်ယောက်ကမေးတိုင်း
ငယ်ငယ်တုန်းကလို “အချစ်”လို့ ရဲရဲဝံ့ဝံ့ဖြေရဲချင်မိရဲ့။

Comments

thonn thonn said…
အဟား .. မိုက်တယ်ကွာ ။ ဟေး စာဖတ်သူများ အဲဒါသွန်းသွန်း ဘလော့မှာလည်းရှိတယ် .. မယုံရင် လာကြည့် ကြည့် ။

Popular posts from this blog

ကျွန်တော် အနှစ်သက်ဆုံးကဗျာ

ညီမလေးနှင့် ကျွန်တော်

ကျူပင်စု က ဆရာလေး