အဖေများအားလုံးအတွက်ပါ။


























အဖေ


အဖေက ဘုရင်ကြီးဆို
သားကအိမ်ရှေ့မင်းသား
အဖေက သူတောင်းစားဆို
သားက ခွက်ကိုင်...
စိတ်ဓါတ်တွေ မယိုင်လဲခဲ့ပါအဖေ။
နွေရာသီတွေဘယ်လောက် ခေါင်ခေါင်
ယောင်လို့တောင် မညည်းခဲ့တဲ့ အဖေ့ရဲ့ချွေးစက်တွေအောက်
သားတို့မြောက်ကြွားနိုင်ခဲ့တာ
ရင်ထဲက ပျောက်ဆုံးမသွားတဲ့ မှတ်တိုင်တွေပါပဲ အဖေ...။

ဆောင်း- အေးစက်တဲ့မနက်တွေထဲ
အဖေပဲ ထကြွနေခဲ့တာ
နွေ-ခေါင်ခေါင်ပူအိုက်ည အိပ်မရသန်းခေါင်ကျော်
ပျော်အောင်နေသားကျခဲ့တာ
မိုစက်တွေ ဖွေးတော့လည်းအပြေးအလွှား
ဝမ်းတခါးအတွက်
အဖေ့အားတွေ နားရက်မယူခဲ့ပါဘူး။
အဖေ့အားရက်တွေလည်း
မိသားစုအရေးအတွက်ပေးဆပ်မှု့တွေနဲ့ ကျော်ဖြတ်ခဲ့
ပျော်တတ်တဲ့ ငါ့အဖေ သားသမီးတွေအလိုကျ
ငိုပြဆိုငိုပြ၊ ငယ်ငယ်က မှတ်မိတယ်...။

အရွယ်ရောက်တော့....
သားကရယ် သမီးကရယ်
ဟိုဟာလိုတယ် ဒီဟာလိုတယ်..
ပိုပိုလိုလို ဘာကိုမှ ဆိုစရာမလို
အလိုလိုရစေတယ်။

အဖေရယ်...
မိသားစုအတွက် တံတိုင်း
င၀ိုင်းဆိုတဲ့ တံတိုင်း
င၀ိုင်းဆိုတဲ့ အသပြာ တံတိုင်းကိုလည်း
အမြဲဖွေရှာရ
အဖေ့ရဲ့အတ္တအားက
သားတို့အတွက် တံတားဖြစ်ခဲ့တယ်။ ။


(ကိုယ်တိုင်ရေးကဗျာ)

Comments

thonn thonn said…
နင့်ကဗျာလေးကောင်းတယ်ဟာ .. ငါလည်း ဖခင်မေတ္တာလိုချင်လိုက်တာ .. !_!

Popular posts from this blog

ကျွန်တော် အနှစ်သက်ဆုံးကဗျာ

ညီမလေးနှင့် ကျွန်တော်

ကျူပင်စု က ဆရာလေး