"ကျေးဇူးတင်တယ်"

.
ကံကြမ္မာဆိုတာအဆန်းလား
တစ်ခဏလေးအတွင်းမှာ စဉ်းစားမရအောင်ပြောင်းလဲ
ငါများပဲမှားနေပြီလားကွယ်.....။
နားလည်းမလည် တစ်အားပဲကွယ် ရှက်သမို့ပါ
ကိုယ့်ဘာသာကိုယ် ရှိုက်လို့ငိုမိတယ်...။

အို...မသိခဲ့ရင်အကောင်းသား
ပြောင်းသွားခဲ့တဲ့ ငါ့အရောင်တွေကို အလိုလိုငါရွံ့မုန်းမိတယ်
အဆုံးထိတွေးကြည့်ဖို့ရာ
တို့မှာ အင်အားမရှိပါကွယ်။

နားလည်သားပဲ နင်လည်းသိချင်သိမယ်
စည်းမရှိကမ်းမရှိ ငါ့ခံစားချက်တွေဖောင်းပွမိတယ်
တောင့်တမိတဲ့ တစ်လွဲတွေနဲ့ အသည်းတွေမချိတဲ့ငါ့မှာ
တအိအိနဲ့သာ နာကျင်နေရဆဲရယ်။

ကဲကွယ်..ခုတော့
အခိုးတွေဝေနေတဲ့ ငါ့ယိမ်းယိုင်နေဆဲ မပြတ်သားတဲ့ အဆိုးတွေကို
နင့်ရဲ့ဖြတ်ထိုးညဏ်နဲ့ အဖိုးတန်စွာ ပြောင်းလဲခဲ့ဖူးလို့
အရူးအမူး ကျေးဇူးတင်တယ်။



(,dkU,dkU &,f...igUESvHk;om;&JU ppfrSefwJYcspfjcif;[meifyguG,f)

Comments

thonn thonn said…
ဒီကဗျာလေး ခိုက်တယ်

Popular posts from this blog

ကျွန်တော် အနှစ်သက်ဆုံးကဗျာ

ညီမလေးနှင့် ကျွန်တော်

ကျူပင်စု က ဆရာလေး