နိုင်ငံထူထောင်ခြင်း
.
1814 ခုနှစ်ရဲ့ ဆောင်းတွင်းမှာ အမေရိကန် နဲ့ ဗြိတိန်နှစ်နိုင်ငံဟာ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ကို ဂျန့် မြို့မှာ ဖွင့်လှစ်ကျင်းပခဲ့တယ်။ သို့သော်လည်း ဗြိတိန်နိုင်ငံက ငြိမ်းချမ်းရေး စာချုပ်ကို သဘောတူချုပ်ဆိုဖို့ကို အလျှင်တလိုတော့မရှိခဲ့ဘူး။
…………………………………………….
အင်္ဂလိပ်စစ်တပ်ဟာ များစွာသော စစ်ရေးအစီအစဉ်တွေ အတွက် နှစ်ကုန်ပိုင်းမှာ အစီတွေရေးဆွဲခဲ့တယ်။ အောင်မြင်တဲ့ စစ်ရေးအစီအစဉ်တွေက ဗြိတိန်တို့အလိုရှိတဲ့ စာချုပ်မျိုးချုပ်ဆိုနိုင်ဖို့အတွက် အမေရိကန်တို့အပေါ်ကျရောက်စေမယ့် ဖိအားတစ်ခု ဖြစ်စေနိုင်ခဲပလိမ့်မယ်။ ဆွေးနွေးပွဲမှာအင်္ဂလိပ်ကိုယ်စားလှယ်တွေက အမေရိကန်အနေနဲ့ သူတို့ ပိုင်ဆိုင်တဲ့ အနောက်မြောက်ဘက်ပိုင်း နယ်မြေကို အန္ဒိယသားတွေကိုပေးအပ်ဖို့တောင်းဆိုခဲ့တယ်။ Maine ပြည်နယ်ရဲ့တစ်စိတ်တစ်ပိုင်းကိုလည်း ကနေဒါကိုလွှဲပြောင်းပေးအပ်ဖို့နဲ့ အခြားသော ပြောင်းလဲမှု့တွေကိုလည်း အကန့်အသတ်ဘောင်အတွင်းက ပြုလုပ်ဖို့ တောင်းဆိုခဲ့တယ်။ အမေရိကန်ကိုယ်စားလှယ်တွေကိုတော့ သမ္မတဟောင်း John Admn ရဲ့သားဖြစ်သူ Quincy Admn ကဦးဆောင်ခဲ့တယ်။ အမေရိကန် ကိုယ်စားလှယ်တွေအနေနဲ့ ပြင်းထန်တဲ့ တောင်းဆိုမှု့တွေကို အညီအမျှတောင်းဆိုခဲ့ကြတယ်။ အမေရိကန်တွေအနေနဲ့ စစ်အတွင်းက ထိခိုက်ပျက်စီးမှု့တွေအတွက် စစ်လျှော်ကြေး ရရှိဖို့ လိုလားကြတယ်။ ပြီးတော့ အင်္ဂလိပ်ရေတပ်အတွက် အမေရိကန် ပင်လယ်လုပ်သာများကို ဖမ်းဆီးသိမ်းယူခြင်းကို ရပ်တန့်ပေးဖို့ တောင်းဆိုခဲ့ကြပြီး အမေရိကန်တို့အနေနဲ့ ကနေဒါရဲ့ပြည်နယ်အားလုံးကို ရယူဖို့ အလိုရှိကြတယ်။
ဗြိတိသျှ ကိုယ်စားလှယ်တွေ အနေနဲ့ကတော့ သူတို့အနေနဲ့ ဗြိတိသျှ ရေတပ်အတွင်းကို ဖိနှိပ်တဲ့ မေးခွန်းတွေ ကိုညှိနှိုင်းဆွေးနွေးမှု့ကိုတောင်မှ ပြုလုပ်နိုင်မှာမဟုတ်ဘူး လို့ ပြောဆိုခဲ့ပါတယ်။
John Quincy Admn ကတော့ ဆွေးနွေးပွဲကနေ အောင်မြင်မှု့တွေရရှိဖို့အနည်းငယ် မျှော်လင့်ခဲ့တယ်။ အမေရိကန်တွေ အနေနဲ့ကလည်း သူတို့ရဲ့နယ်မြေ ပိုင်နက်တွေကို လက်လွှတ်ဆုံးရှုံးခံမှာ မဟုတ်ဘူး။ သမ္မတဟောင်း John Admn က “ ကျုပ်အနေနဲ့ကတော့ အမေရိကရဲ့ နယ်မြေတစ်စိတ်တစ်ပိုင်းတောင် မဆုံးရှုံးအောင် ဒီစစ်ပွဲကို ဆက်လက်ဆင်နွှဲသွားမယ်” လို့ဆိုခဲ့ပါတယ်။၏
သူ့ရဲ့သား John Quincy ကတော့ အင်္ဂလိပ်တို့အနေနဲ့ သူတို့ရဲ့ တောင်းဆိုမှု့တွေကိုလျှော့ချမှာမဟုတ်ဘူးဆိုတာကိုသိခဲ့တယ်။ဒါပေမယ့် ဂျန့်မြို့မှာရှိတဲ့ အမေရိကန်တွေ နဲ့ လွှတ်တော်ရဲ့ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ် Henry Clay တို့ကတော့ မတူတဲ့ယုံကြည်မှု့ တွေရှိခဲ့ကြတယ်။ Clay ရဲ့ အမြင်နဲ့ ယုံကြည်မှု့တွေမှန်ခဲ့တယ်။ ဗြိတိန်ရဲ့စစ်တပ်အစီအစဉ်တွေ Baltimore နဲ့ Platt sbutbh မှာကျရှုံးခဲ့တဲ့နောက်ပိုင်းမှာ အင်္ဂလိပ်ကိုယ်စားလှယ်တွေနဲ့ ညှိနှိုင်းမှု့ပြုလုပ်ဖို့ ပိုမိုလွယ်ကူလာခဲ့တယ်။ အမေရိကန်အနေနဲ့ အနောက်မြောက်ဘက်ပိုင်းနယ်မြေတွေကို အန္ဒိယကိုပေးအပ်ဖို့တောင်းဆိုမှု့တွေကို ဗြိတိန်တို့က လက်လျှော့ခဲ့ကြတယ်။
ဗြိတိန်ကတော့ အမေရိကန်မှာ စစ်ရေးအရအောင်မြင်မှု့တွေရရှိဖို့အတွက် မျှော်လင့်ဆဲပဲ။ ဗြိတိန်အစိုးရက ကနေဒါမှာရှိတဲ့ ဗြိတိသျှစစ်တပ်ကို ဦးဆောင်ဖို့ Wellington မြို့စား ကိုအမိန့်ပေးခဲ့တယ်။ Wellington မြို့စားဟာဆိုရင် နပိုလီယံကို ဆန့်ကျင်တိုက်ခိုက်ခဲ့တဲ့ စစ်ပွဲမှာ အရေးပါတဲ့အောင်မြင်မှု့တွေကို ရယူနိုင်ခဲ့တယ်။ သူ့အနေနဲ့ အလားတူ အောင်မြင်မှု့တွေကိုလည်းအမေရိကန်မှာစွမ်းဆောင်နိုင်ကောင်းပါလိမ့်မယ်။ အဲ့ဒါကြောင့် ဗြိတသျှ အစိုးရက သူ့ကို သူ့ရဲ့အစွမ်းအစတွေနဲ့ဆက်ပြီး စစ်ပွဲကိုဆင်နွှဲဖို့ ဒါမှမဟုတ် ငြိမ်းချမ်းရေးကို ရယူဖို့ တိုက်တွန်းခဲ့တယ်။ ဗြိတသျှအစိုရအနေနဲ့ အလိုရှိခဲ့ရင် အမေရိကန်ကိုသွားမယ်လို့ Wellington မြို့စားကဆိုခဲ့တယ်။ ဒါပေမယ့် သူ့အနေနဲ့ မည်သည့်အောင်မြင်မှု့မျိုးကိုမှ သေချာပေါက်ရရှိဖို့ ကတိမပေးနိုင်ဘူး လို့ငြင်းဆိုခဲ့တယ်။ အမေရိကမှာ အခုအချိန်မှာလိုအပ်နေတာက ဗိုလ်ချုပ်အသစ်တစ်ယောက်မဟုတ်ပဲ အမေရိကန်နဲ့ ကနေဒါကိုပိုင်းခြားထားတဲ့ကြီးမားတဲ့ရေအိုင်တွေရဲ့ရေတပ် ထိန်ချုပ်မှု့ပဲလို့ Wellington မြို့စားက ဆိုခဲ့တယ်။
Wellington က “ကျုပ်တို့ ဒီထိန်းချုပ်မှု့ကို ရနိုင်ပါ့မလား”လို့ မေးခွန်းထုတ်ခဲ့တယ်။ “တစ်ကယ်လို့များ အဲ့ဒီိ့လိုများမဖြစ်နိုင်ခဲ့ရင် အမေရိကန်မှာ ကောင်းမွန်စွာ ဆောင်ရွက်နိုင်ဖို့မရှိဘူး။ ကျုပ်အထင်ပြောရရင် အခုအချိန်မှာ ဗြိတိန်အနေနဲ့ငြိမ်းချမ်းရေး စာချုပ်ချုပ်ဆိုဖို့ ကောင်းမွန်တဲ့ လက္ခဏာတွေ ရှိကောင်းရှိနိုင်တယ်။ ဗြိတသျှ စစ်တပ်ရဲ့ စစ်ရေး အစီအစဉ်တွေ အမေရိကန်မှာ ကျရှုံးခဲ့မှု့ဟာ တောင်းဆိုမှု့တွေကို ပြုလုပ်ဖို့ အခွင့်အရေးမရှိဘူးလို့” ဆိုခဲ့တယ်။
ဗြိတိန်အစိုးရက သူ့ရဲ့အကြံဥာဏ်ကိုလက်ခံပြီး ဂျန့်မြို့မှာရှိတဲ့ ဗြိတသျှ ကိုယ်စားလှယ်တွေကိုတောင်းဆိုမှု့တွေရပ်တန့်လိုက်ဖို့ အမိန့်ပေးခဲ့တယ်။
အဲ့ဒါကြောင့်လည်း စစ်ပွဲဟာ ကြာရှည်စွာ မဖြစ်တော့ပဲ ပြီးဆုံးစေခဲ့တယ်။ပြင်သစ်နဲ့ဖြစ်ပွားခဲ့တဲ့ ဗြိတိန်စစ်ပွဲဟာ အင်္ဂလိပ်နဲ့ပြင်သစ်တို့အနေနဲ့ ကြားနေ အမေရိကန် ကုန်သွယ်မှု့ကိုဝင်ရောက်စွက်ဖက်ဖို့ ဖြစ်ပေါ်စေခဲ့တယ်။ ထို့ပြင် ဗြိတိန် အနေနဲ့ သူ့ရဲ့ရေတပ်အတွက် တပ်သားတွေလိုအပ်ခဲ့တယ်။ အခုတော့ ပြင်သစ်နဲ့ဖြစ်ပွားခဲ့တဲ့ စစ်ပွဲက ဆုံးခန်းတိုင်ခဲ့ပြီ။ မည်သည့်နိုင်ငံရဲ့ကုန်သွယ်မှု့ကိုမှ ၀င်ရောက်စွက်ဖက်ခြင်း ပြုလုပ်ဖို့လည်း မရှိတော့ပြီ။ ဗြိတိသျှရေတပ်အတွက် အမေရိကန်တွေကို ဖမ်းဆီးသိမ်းယူဖို့လည်းမလိုတော့ပြီ။
1814 ခုနှစ်ရဲ့ခရစ္စမတ် မတိုင်ခင်နေ့မှာ အမေရိကန်နဲ့ ဗြိတိန်တို့ဟာ ရိုးရိုးစာချုပ်တစ်ခုကို ချုပ်ဆိုခဲ့ကြတယ်။အဲ့ဒီ့စာချုပ်မှာ တစ်ဖက်နဲ့တစ်ဖက် တိုက်ခိုက်မှု့တွေကို ရပ်တန့်ဖို့ သဘောတူခဲ့ပြီး နှစ်ဦးနှစ်ဖက်အမြင်မတူကွဲပြားမှု့တွေကို အထိုင်ချပြီး အနာဂတ် ညှိနှိုင်းဆောင်ရွက်မှု့တွေပြုလုပ်ဖို့ သဘောတူကြတယ်။
စစ်ကြီး က ပြီးဆုံးခဲပြီ။ ဒါပေမယ့် ငြိမ်းချမ်းရေးစာချုပ်အမေရိကန်ကို မရောက်ခင်မှာ စစ်ပွဲ တစ်ပွဲကတော့ ရှိနေခဲ့သေးတယ်။ 1814 ခုနှစ်ရဲ့ဆောင်းတွင်းမှာ ဂျာမေကာမှာရှိတဲ့ အင်္ဂလိပ်တပ်သားတွေ ဟာ မစ္စစပီ မြစ်ဝမှာရှိတဲ့ နယူးအိုလင်းပြည်နယ်ကိုတိုက်ခိုက် ဖို့စတင်ပြင်ဆင်နေခဲ့ကြတယ်။ နိုဝင်ဘာလကုန်ပိုင်းမှာ အင်အား 7500 ခန့်ရှိတဲ့ အဲ့ဒီ့တပ်ဟာ ဂျာမေကာ ကနေ နယူးအိုလင်းကို ရေကြောင်းကနေ ရွက်လွှင့်ချီတက်လာကြတယ်။
ဗြိတိသျှစစ်သားတွေကို ဦးဆောင် အမိန့်ပေးသူကတော့ ဗိုလ်ချုပ် ဆာအက်ဝပ်ဒ်ပါကန်ဟမ်ပဲ ဖြစ်တယ်။ သူက သူ့ရဲ့တပ်သားတွေကို မစ္စစပီမြစ်ဝကို တိုက်ရိုက်မခေါ်ဆောင်ပဲ မြို့ရဲ့ အရှေ့ဘက်ရေအိုင်ကိုဖြတ်ပြီး ခေါ်ယူခဲ့တယ်။ ဒီဇင်ဘာ နှစ်ဆယ့်သုံးရက်နေ့ မွန်းလွဲပိုင်းမှာ နယူးအိုလင်းပြည်နယ်မှာရှိတဲ့ အမေရိကန်စစ်တပ်ရဲ့ ခေါင်းဆောင် ဗိုလ်ချုပ်အန်ဒရူးဂျက်ဆင် က ဗြိတိသျှ စစ်တပ် ချီတက်လာတာ နီးကပ်လာပြီဆိုတာ သိလိုက်တယ်။
ဗိုလ်ချုပ် ဂျက်ဆင်ဟာ စစ်သားကောင်းတစ်ယောက်ဖြစ်ပြီး ခေါင်းဆောင်ကောင်းတစ်ယောက်လည်းပဲ ဖြစ်တယ်။သူဟာ တော်လှန်ရေးစစ်ပွဲမှာ ဦးဆောင်တိုက်ခိုက်ခဲ့သူလည်းဖြစ်တယ်။ ထို့နောက်မှာတော့ သူဟာ ဥပဒေ ပညာရပ်ကို လေ့လာခဲ့ပြီး တန့်ဆီးပြည့်နယ် အနောက်ရှိ ဘဲလ်လီကို ပြောင်းရွေ့သွားခဲ့တယ်။ သူဟာ အမေရိကန်ရဲ့ အထက်လွှတ်တော်နဲ့ အောက်လွှတ်တော် နှစ်ရပ်လုံးမှာ တာဝန်ထမ်းဆောင် ခဲ့ဖူးတယ်။
1812 စစ်ကြီး ပြီးဆုံးသွားတဲ့အခါ တန့်ဆီး ပြည်နယ်က ပြည့်သူ့စစ်သားအဖွဲ့ရဲ့ ဗိုလ်ချုပ်အဖြစ် ရွေးချယ်တင်မြှောက်ခြင်းခံရတယ်။ တစ်ကယ်တော့ ဂျက်ဆင်ဟာ လူကြမ်းကြီး တစ်ယောက်ပဲ။ သူ့ရဲ့နောက်လိုက်တွေက သူ့ကိုကြောက်ရွံ့ရိုသေကြတယ်။ သူ့တပည့်တွေက သူ့ကို “Old Hickory” လို့ တင်စားခေါ်ဝေါ်ကြတယ်လေ။ ဘာလို့လဲဆိုတော့ သူ့ရဲ့ပုံပန်းက Hickory သစ်မာသားလို့ တောင့်တင်းရင့်မာလို့ပဲပေါ့။
ဂျက်ဆင်ဟာ ပင်လယ်ကွေ့ကမ်းခြေ ကာကွယ်ရေးအတွက် တာဝန်ပေးခြင်းကိုခံရတယ်။ အဲ့ဒီ့နှစ်အစောပိုင်း မှာသူဟာ ဖလော်ရီဒါ ပြည်နယ် ပန်ဘာကိုလာ ကို တိုက်ခိုက်ခဲ့ပြီး ရာပေါင်းများစွာသော အင်္ဂလိပ် ရေတပ်သားတွေကို တိုက်ထုတ်ခဲ့တယ်။ နယူးအိုလင်းပြည်နယ် ကိုတိုက်ခိုက်ခြင်းမပြုခင်မှာ အင်္ဂလိပ်စစ်သားတွေက မိုဘိုင်း ကိုတိုက်ခိုက်ကြလိမ့်မယ်လို့ ဂျက်ဆင်က ယုံကြည်ခဲ့တယ်။ ဒါကြောင့် သူဟာသူ့တပ်ကို မိုဘိုင်းမှာ တစ်စိတ်တစ်ပိုင်းချန်ရစ်ခဲ့ပြီး တစ်ခြားသော တပ်သားများကို မစ္စစပီမြစ်ဝကို ခေါ်ဆောင်သွားခဲ့တယ်။
နယူးအိုလင်းကို ရောက်တဲ့အချိန်မှာ ဂျက်ဆင်ဟာ အဖျားရောဂါ စွဲကပ်ခဲ့တယ်။ သူသိတာက သူ့ရောဂါ ပိုကောင်းမလာဘူးဆိုတာပဲ။ အင်္ဂလိပ်တို့ရဲ့တိုက်ခိုက်မှု့ကိုကာကွယ်ဖို့ အနည်းငယ်သာ ပြင်ဆင်ခဲ့ရသေးတယ်။ ဂျက်ဆင်က စစ်ဥပဒေကို ကြေညာပြီး မြို့တော်ရဲ့ ကာကွယ်မှု့တွေအတွက် စတင်ပြင်ဆင်တည်ဆောက်ခဲ့တယ်။ အင်္ဂလိပ် စစ်တပ်ဟာ နယူးအိုလင်းမှ ကီလိုမီတာ အနည်ငယ်အကွာကိုရောက်ရှိနေချိန်မှတော့ ဂျက်ဆင်တို့ရဲ့ ကာကွယ်မှု့အတွက်ပြင်ဆင်မှု့တွေ အများစုဟာ ပြီးစီးနေခဲ့ပြီ။
“ကဲ…လူကြီးမင်းတို့… အင်္ဂလိပ်စစ်တပ်ကတော့ နီးကပ်လာခဲ့ပြီ။ ဒီညပဲ သူတို့ကို တိုက်ခိုက်ရမယ်” လို့ ဂျက်ဆင်က သူ့ရဲ့ လက်အောက်က ရဲဘော်ရဲဘက် အရာရှိတွေကို ပြောခဲ့တယ်။
အဲ့ဒီ့ညမှာ အင်္ဂလိပ် စစ်သားတွေက အနားယူအိပ်စက်နေကြတယ်။ သူတို့ကတော့ နယူအိုလင်းကို အလွယ်တစ်ကူပဲ ဖမ်းဆုပ်နိုင်လိမ့်မယ်လို့ ယုံကြည်လို့ပေါ့။ ဒါပေမယ့် ဂျက်ဆန် ဦးဆောင်တဲ့ အဖွဲ့က အင်္ဂလိပ်တို့ကို အကြမ်းနည်းသုံးပြီး အမှောင်ထဲမှာ အငိုက်မိအောင် ၀င်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြတယ်။ ထို့နောက်မှာတော့ အမေရိကန်တို့ဟာ မြို့တော်ရဲ့ တောင်ဘက် 8 ကီလိုမီတာ လောက်ဝေးတဲ့ နေရာကိုပြန်လည်ဆုတ်ခွာခဲ့တယ်။ အဲ့ဒီ့နေရာကို ဂျက်ဆင်ဟာ အသေအချာရွေးချယ်ခဲ့တာဖြစ်တယ်။ အဲ့ဒီ့နေရာဟာ မစ္စစပီ မြစ်ရဲ့ ညာဖက်ကမ်းမှာပဲဖြစ်တယ်။ ဘယ်ဘယ်အခြမ်းမှာတော့ ရွှံ့နွံ့တွေ ရေတွေနဲ့ ပြည့်နေပြီး ဖြတ်သန်လို့မရနိုင်တဲ့ ရေပြင်တစ်ခုရှိတယ်။ အမေရိကန်တပ်သားတွေ စခန်းချတဲ့ လက်ရှိနေရာရဲ့ အရှေ့ဘက်မှာတော့ မျှော်မဆုံးတဲ့ လယ်ကွင်းပြင် တစ်ခုရှိတယ်။
ရက်သတ္တနှစ်ပတ်ကြာအောင် အင်္ဂလိပ် တပ်သားတွေဟာ အမေရိကန်တွေရဲ့အခြေအနေကို စောင့်ကြည့်နေကြတယ်။ သူတို့က အမေရိကန်တွေရဲ့ နေရာတိုင်းမှာရှိတဲ့ ကာကွယ်ရေးစခန်းတွေကို ရှာဖွေလျှက်ရှိနေကြတယ်။ ဒါပေမယ့် အားနည်းချက်ကိုမတွေ့ရဘူး။
ဂျက်ဆင်ဟာ သူ့လူတွေကို သူတို့ရဲ့ အခြေအနေတွေကိုတိုးတက်ဖို့ နေ့တိုင်းပြင်ဆင်ပေးခဲ့တယ်။ ညဘက်မှာ ဂျက်ဆင်ရဲ့တပ်သားအုပ်စုငယ်တွေက လယ်ကွင်းပြင်ကိုဖြတ်ပြီး ဗြိတသျှ စစ်သားတွေကို မထင်မှတ်တဲ့ ဘက်က နေ ပတ်ပြီးခြံရံကာ တိတ်တဆိတ် တိုက်ခိုက်ကြမယ်။
နောက်ဆုံးမှာတော့ ဇန်န၀ါရီ 18 မှာ အင်္ဂလိပ်တို့က အမေရိကန်တို့ကို တိုက်ခိုက်ခဲ့ကြတယ်။ အင်္ဂလိပ်တို့ မျှော်လင့်တာက သူ့တို့ရဲ့ ပြင်းထန်တဲ့တိုက်ခိုက်မှု့မှာ အမေရိကန်တို့ထွက်ပြေးစေဖို့ပဲလေ။ ဒါပေမယ့် အမေရိကန် တို့က ခိုင်ခိုင်မာမာပဲတည်ရှိခဲ့တယ်။ ဂျက်ဆင်ရဲ့ အမြှောက်တပ် က အမြှောက်လက်နက်တွေနဲ့ ရန်သူ့တပ်ကို ပစ်ခတ်တိုက်ခိုက်ခဲ့တယ်။ အင်္ဂလိပ်တပ်တွေ မီတာ 150 လောက်ထိနီးကပ်သထက်နီးကပ်လာချိန်မှာတော့ အမေရိကန်တို့က ရိုင်ဖယ်ရှည်တွေနဲ့စတင် ပစ်ခတ်တိုက်ခိုက်ခဲ့ကြတယ်။ မိုးတွေရွာသွန်းတာကြောင့် ကျည်ဆန်တွေ မီးသေနေခဲ့ပြီး ဒီတိုက်ပွဲမှာ အင်္ဂလိပ်စစ်တပ်ရဲ့ခေါင်းဆောင် ဗိုလ်ချုပ် ပက်ကင်ဟမ် ဒါဏ်ရာနှစ်ကြိမ် ရရှိခဲ့တယ်။ ထို့နောက်မှာတော့ သူ့နားမှာလာရောက်ပေါက်ကွဲခဲ့တဲ့ လက်နက်ကြီး ဒါဏ်ရာနဲ့ တိုက်ပွဲကျခဲ့တယ်။ အင်္ဂလိပ်တပ်သားတစ်ယောက်သာ ရန်သူ့ တပ်စခန်းရှေ့ကို ကပ်နိုင်ခဲ့တယ်။
နောက်ဆုံးမှာ အင်္ဂလိပ်တို့ဟာ တိုက်ပွဲကျတဲ့တပ်သား 2000 ကျော် နဲ့ ဒါဏ်ရာရတပ်သား တွေကို ချန်ခဲ့ပြီး ဆုတ်ခွာခဲ့ရတယ်။ အင်္ဂလိပ်တပ်သား 500 ကတော့ အမေရိကန်တို့ ဖမ်းဆီးခြင်ကိုခံခဲ့ရတယ်။ ဒီတိုက်ပွဲမှာ အမေရိကန် တပ်သား 13 ယောက်ကျဆုံးခဲ့တယ်။ ဒါကတော့ အမေရိကန်ရဲ့ တစ်ကယ်အောင်မြင်မှု့ကြီး ပါပဲ။ ဒါပေမယ့် တစ်ခုရှိတာက ဒါဟာ မလိုအပ်တော့ပါဘူး။ ဘာကြောင့်လဲဆိုတော့ ငြိမ်းချမ်းရေးစာချုပ်ကြောင့် ဒီတိုက်ပွဲ မစခင် နှစ်ပတ်လောက်စောပြီး စစ်ကြီးက ပြီးဆုံးခဲ့ပြီလေ။
Ref; - Making Of The Nation source from www.voaspecialenglish.com
PS - တတ်သလောက် ဘာသာပြန်ထားခြင်းသာဖြစ်ပါသည်။ အားနည်းချက်၊အမှားအယွင်း၊လိုအပ်ချက်များ အနည်းနှင့်အများဆိုသလို ရှိနိုင်ပါသည်။
ကြားဆရာ၊မြင်ဆရာ၊သင်ဆရာ များအားလုံးကို လေးစားလျှက်…..
THE MAKING OF A NATION
Most recently in our series, we have been talking about the War of Eighteen Twelve between the United States and Britain. In the summer of eighteen fourteen, the two countries opened peace talks at Ghent, in Belgium. But Britain was in no hurry to agree on a peace treaty. This week, Maurice Joyce and Stuart Spencer tell us about how the War of Eighteen Twelve ended.
British forces were planning several campaigns in the United States later in the year. Successful military campaigns could force the United States to accept the kind of treaty Britain wanted.
British representatives to the talks demanded that the United States give control of its Northwest Territory to the Indians. They also asked that the United States give part of the state of Maine to Canada, and make other changes in the border.
John Quincy Adams
United States representatives were led by John Quincy Adams, son of former president John Adams. They made equally tough demands. The United States wanted payment for damages suffered during the war. It also demanded that Britain stop seizing American seamen for the British navy. And the United States wanted all of Canada.
The British representatives said they could not even discuss the question of impressing Americans into the British navy.
John Quincy Adams had little hope the talks would succeed. The Americans would surrender none of their territory. Old John Adams, the former president, told President James Madison: "I would continue this war forever before surrendering an acre of America."
His son, John Quincy, did not believe the British would reduce any of their demands. But another of the Americans at Ghent, House Speaker Henry Clay, felt differently. Clay was right. After Britain received word that its military campaigns had failed at Baltimore and Plattsburgh, its representatives became easier to negotiate with. They dropped the demand that the United States give the Northwest Territory to the Indians.
Britain still hoped for military successes in America. The British government asked the Duke of Wellington to lead British forces in Canada. The duke had won important victories in the war against Napoleon. Perhaps he could do the same in America. The duke was offered the power to continue the war or to make peace.
Wellington told the government he would go to America if requested. But he refused to promise any success. He said it was not a new general that Britain needed in America, but naval control of the Great Lakes that separated the United States from Canada.
"The question is," Wellington said, "can we get this naval control? If we cannot, then I will do you no good in America. I think," said Wellington, "that you might as well sign a peace treaty with the United States now. I think you have no right to demand any territory from the United States. The failure of the British military campaigns in America gives you no right to make such demands."
VOICE TWO:
Detail of Amedee Forestier's "A Hundred Years Peace. The Signature of the Treaty of Ghent between Great Britain and the United States of America"
The British government accepted this advice from its top military expert. It ordered the British representatives at Ghent to drop the demands for American territory. The Americans then dropped their demands for Canadian territory.
The things that led to the war no longer existed. Britain's war with France had caused the British and French to interfere with neutral American trade. And Britain had needed men for its navy. Now, the war with France was over. No longer was there any reason to interfere with the trade of any nation. And no longer was there any need to seize Americans for service in the British navy.
On the day before Christmas, eighteen fourteen, the United States and Britain signed a simple treaty. In it, each side agreed to stop fighting. They agreed to settle all their differences at future negotiations.
The war had ended. But one more battle was to be fought before news of the peace treaty reached the United States.
During the autumn of eighteen fourteen, British soldiers at Jamaica began preparing for an attack against New Orleans, at the mouth of the Mississippi River. Late in November, this force of about seven thousand five hundred men sailed from Jamaica to New Orleans.
The British soldiers were commanded by General Sir Edward Pakenham. The general did not take his men directly to the mouth of the Mississippi River. Instead, they sailed across a lake east of the city.
Early during the afternoon of December twenty-third, General Andrew Jackson, the commander of American forces at New Orleans, learned the British force was near.
General Jackson was a good soldier and a great leader of men. He fought in the Revolutionary War, then studied law. He moved west to Nashville, Tennessee. The general also served in both houses of the United States Congress.
When war broke out in eighteen twelve, he was elected general of a group of volunteer soldiers from Tennessee. Jackson was a rough man. His soldiers feared and respected him. They called him "Old Hickory,” because he seemed as tough as hickory wood.
Jackson was given responsibility for defending the Gulf coast. Earlier in the year, he had attacked Pensacola, in east Florida, and forced out several hundred British marines. Jackson believed the British would attack Mobile before attacking New Orleans. He left part of his forces at Mobile and took the others to the mouth of the Mississippi.
Engraving of Andrew Jackson commanding American troops in the Battle of New Orleans
Jackson was a sick man when he got to New Orleans. And what he found made him feel no better. Little had been done to prepare for the expected British attack. Jackson declared martial law and began building the city's defenses.
Most of the work on the defenses had been completed when Jackson got word that the British were only a few kilometers from New Orleans. "Gentlemen," Jackson told his officers, "the British are below. We must fight them tonight."
The British soldiers rested. They believed it would be easy to capture the city the next day. But Jackson rushed up guns and men, and attacked the British by surprise just after dark. Then, the Americans retreated to a place about eight kilometers south of the city.
Jackson had chosen this place carefully. On the right was the Mississippi River. On the left was a swamp -- mud and water that could not be crossed. In front of the American soldiers was an open field.
For two weeks, the British soldiers waited. They tested the American defenses at several places, but found no weaknesses. Every day, Jackson had his men improve their positions. At night, small groups of Jackson's soldiers would slip across the field and silently attack British soldiers guarding the other side.
Finally, on January eighth, the British attacked. They expected the Americans to flee in the face of their strong attack. But the Americans stood firm.
Jackson's artillery fired into the enemy. When the British got as close as one hundred fifty meters, the Americans began to fire their long rifles. The rain of bullets and shells was deadly. General Pakenham was wounded twice and then killed by a shell that exploded near him. Only one British soldier reached the top of the American defenses.
The British finally retreated. They left behind more than two thousand dead and wounded. Five hundred other British soldiers had been captured. Thirteen Americans were killed. It was a great victory for the United States, but one that was not necessary. The war had ended, by treaty, two weeks earlier.

Comments