ဟုတ်ကဲ့….ငါလှည့်ပြန်ပါ့မယ်

.

ယုံချင်စရာတွေ တစ်ပုံတစ်ပင်ပေး
မျှော်လင့်ချက်လေးတွေကို ဟိုးအဝေးအမြင့်အထိ
တစ်တိတိဆွဲခေါ်ခဲ့ပြီးမှ ရိုက်ချခဲ့သလားကွယ်။

ကြိုက်သွားတယ် မင်းကစားကွက်တွေကို
အရှက်တွေလည်းမငဲ့တော့ပဲ
ဆက်နေဆဲ အိပ်မက်တွေမင်းသိမလား။

အရှိန်ပျက်လေပြီ
သိမ်ငယ်တဲ့စိတ်နဲ့ အချိန်ရယ်တဲ့ကြာခဲ့လို့
ငါပဲမို့နင့်ကိုချစ်လိုက်တာ မိုက်လွန်းပါတယ်။

ကြိုက်လွန်းတာရယ်ကြောင့်
အငိုက်မွန်း တဏှာမှောင်လို့ ဒိုက်ထဲကိုကျွမ်းပစ်ကျခဲ့တယ်
ချစ်ရတာလည်းဟယ် မလွယ်ပါဘူး။

တစ်ကယ်ငါရူးရင် နင်လည်းသိမယ်မဟုတ်ပေဘူး
ပေတလူးအချစ်ကို နင်ပစ်ချင်လည်းပစ်
နင်နှစ်လို့နစ်ခဲ့ရတော့
ချစ်ခဲ့ကြ နေ့တာလေးတွေ မေ့ပါသေး ယခုတိုင်။

သူ့အနိုင်တွေကို ယခုတိုင်ကျေနပ်ဆဲ
အသေသတ်လည်းသတ်ပါလေ
မမှတ်တာတွေကြောင့် အခုထိခံနေရဆဲ
သူ့အကြည့်ဒါဏ်တွေကလည်း မပြယ်ပေ။

တစ်ကယ်အကြွေတွေနဲ့ မပြယ်လေတဲ့သစ္စာ
အချစ်မှာဒါဏ်ရာရ မှန်တာတွေကလည်း
အမြဲပဲ တန်ဖိုးကျ။
ငါမှမလိမ်တတ်ဘဲကွယ်။

အမြဲရယ် နင်ငါ့ကိုအနိုင်ယူခဲ့တယ်
လူပဲကွယ်...မာနနဲ့ အတ္တ ဖြတ်မရသမို့
တို့ကိုမင်း သတ်ချင်လည်းသတ်
အမြဲမပြတ် မင်းကောင်းဖို့ ဆုတောင်းတွေနဲ့
ငါ့ခေါင်းတွေချာချာလည်
မင်းအပေါ်ငါ
အညှာလွယ်ခဲ့တာလည်း မင်းသိပါတယ်။

မညာတမ်း ပွင့်လန်းစွာနဲ့ ငါအနမ်းတွေ မခြွေခဲ့ပေမယ့်
နေ့ရဲ့အလင်းရောင်အောက် မင်းတစ်ယောက်ပျော်နိုင်ပါစေ
ချဉ်ခြင်းတောက်ခဲ့ မင်းအလှတွေလည်း
ငါ့အတွက်မဟုတ်ခဲ့ရင်
ဟုတ်ကဲ့ ငါ……..
လာရာလမ်းကလှည့်ပြန်ပါ့မယ် တမ်းတဆွေးဆွေး။

Comments

ကြိုက်လွန်းတာရယ်ကြောင့်
အငိုက်မွန်း တဏှာမှောင်လို့ ဒိုက်ထဲကိုကျွမ်းပစ်ကျခဲ့တယ်
ချစ်ရတာလည်းဟယ် မလွယ်ပါဘူး။


သိပ်မိုက်တဲ့ စာသားတွေပဲဗျ.
ကျွန်တော်ကြိုက်တယ် ကိုဂစ်တာ...
်.. အရူးအမူး ကြိုက်ပါတယ် .. ဒါပဲပြောတတ်တော့တယ်...

Popular posts from this blog

ကျွန်တော် အနှစ်သက်ဆုံးကဗျာ

ညီမလေးနှင့် ကျွန်တော်

ကျူပင်စု က ဆရာလေး